ချင်းတွင်းမြစ် ခရီးစဉ်များကို သွားလာနေသော ဒေသခံများ ခရီးစရိတ် သက်သာသော သင်္ဘောခရီးကိုသာ စီးနင်းမှုများ
Written by အောင်သူထွန်း (ကလေးမြို့)
Thursday, 12 November 2009 16:19
ချင်းတွင်းမြစ်ဘေးရှိ ခရီးစဉ် များကို သွားလာနေသော ဒေသခံ များအနေနှင့် ခရီးစရိတ်သက်သာ သော သဘောင်္ခရီးကိုသာ လိုက်ပါ မှုများနေသည်ဟု ဒေသခံများနှင့် ခရီးသည်များထံမှ သိရသည်။ ချင်း တွင်းခရီးစဉ်များမှာ မုံရွာမြို့မှခန္တီး၊ မုံရွာ-ဟုမ္မလင်းနှင့် မုံရွာ-ကလေးဝ ခရီးစဉ်များ ဖြစ်ကြကြောင်း၊ ခရီးစဉ် များအနက်မှ ချင်းတွင်းမြစ်ဘေးရှိ ခရီးစဉ် များကို သွားလာနေသော ဒေသခံ များအနေနှင့် ခရီးစရိတ်သက်သာ သော သဘောင်္ခရီးကိုသာ လိုက်ပါ မှုများနေသည်ဟု ဒေသခံများနှင့် ခရီးသည်များထံမှ သိရသည်။ ချင်း တွင်းခရီးစဉ်များမှာ မုံရွာမြို့မှခန္တီး၊ မုံရွာ-ဟုမ္မလင်းနှင့် မုံရွာ-ကလေးဝ ခရီးစဉ်များ ဖြစ်ကြကြောင်း၊ ခရီးစဉ် များအနက်မှ မုံရွာ-ခန္တီး ခရီးစဉ်ကို ရေနည်းပါးမှုကြောင့် ရပ်နားထား ကြောင်းသိရသည်။ ''မုံရွာကနေ အထက်ချင်းတွင်းကို တက်မယ်ဆို ရင် သင်္ဘောကိုပဲ စီးချင်တယ်။ နေရထိုင်ရတာလဲ လွတ်လပ်တယ်။ ခရီး စရိတ်လဲရှော်တယ်တွေထက်ခြောက် ဆလောက်သက်သာတယ်။ လုံခြုံ စိတ်ချမှုလဲရှိတယ်ဗျ။ ရှော်တယ်တွေ က မုံရွာ-ဟုမ္မလင်းကို နှစ်ရက်ခရီး စီးရတယ်။သက်သောင့် သက်သာမရှိ ဘူး''ဟု အထက်ချင်းတွင်းမှ ဒေသခံ တစ်ဦးက ပြောကြားသည်။
ချင်းတွင်းမြစ်ဘေးရှိ မြို့ရွာများမှ ကုန်စည်များသည်လည်း တစ် မြို့နှင့်တစ်မြို့ သယ်ယူပို့ဆောင်ရာ တွင်သင်္ဘောတန်ဆာက ပိုမိုသက် သာကြသည်ဟု သိရပါသည်။
''အထက်ချင်းတွင်းဖြစ်တဲ့ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့နယ်တွေက ငါးကျပ်ခြောက်တွေက သင်္ဘောနဲ့ လာကြတယ်၊ တန်ဆာသက်သာ တယ်။ မော်တော်တွေ၊ စက်လှေတွေ နဲ့ဆိုရင် တန်ဆာက ဈေးများတယ် လေ၊ ဒါကြောင့်သင်္ဘောကိုပဲ အား ထားလာကြရတယ်။ အထက်ကို ဆန်တဲ့ကုန် အများစုလဲ သင်္ဘောကိုပဲ စောင့်တင်ကြတယ်''” ဟုဒေသခံ ကုန်သည်များက ပြောကြားပါသည်။
''သင်္ဘောမရှိလို့ ရှော်တယ်စီးရင် ခရီးတစ်ခုကို ပိုက်ဆံ တအားတောင်းတယ်။ လိုက်ရတာက ကပ်ကပ်သပ်သပ်ရယ်။ရေနည်းခါ သင်္ဘောမရှိရင် ပိုဆိုးတယ်''ဟု ဖောင်းပြင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
Last Updated on Thursday, 12 November 2009 16:19
http://www.news-eleven.com/index.php?option=com_content&view=article&id=573:2009-11-12-09-50-32&catid=45:2009-11-10-07-45-41 မှ ကူးယူဖေါ်ပြသည်။ ။
Thursday, November 12, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment