Wednesday, November 25, 2009

ရွေးကောက်ပွဲ မတိုင်မီ မီးရထား၏ ဆောင်ရွက်ဆဲ စီမံကိန်းများ အပြီးသတ် လုပ်ဆောင်မည်

25/Nov/2009


ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေး

နှစ်တွင် မီးရထားသံလမ်း ၂၅၀ မိုင်အပြီးသတ် ဖောက်လုပ်ရန် လျာထားကြောင်း

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်အောင်မင်းက သတင်းထောက်

များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ “၂၀၁၀ ရွေးကောက်ပွဲအပြီးနောက်အစိုးရ

ကို လွှဲပေးရမယ်။ အဲဒီအတွက် ဒီနှစ်ထဲမှာ ဆောင်ရွက်ဆဲစီမံကိန်းတွေပြီးအောင်

ဖောက်လုပ်ဖို့ လမ်းညွှန်ထားတယ်။ ဒီနှစ် ခါတိုင်းနှစ်တွေထက် လေးဆလောက်

လုပ်ပေးရတယ်” ဟု ၀န်ကြီးက ထပ်မံပြောကြားခဲ့သည်။ ယခု ဘဏ္ဍာရေးနှစ်အ

တွင်း အပြီးသတ် ဖောက်လုပ်၍ ဖွင့်လှစ်ရမည့် မီးရထား လမ်းပိုင်းများမှာ ကံမ -

သရက်၊ ပခုက္ကူ-ကျွန်းချောင်း၊ မကွေး-ကံဗျား၊ပျော်ဘွယ်-ရွာတော်၊ကသာ-မိုးတာ

ကြီး၊ သရက်-မလွန်-မင်းလှ၊ ပြည်-ပေါက်ခေါင်း၊ ပုသိမ်-အိမ်မဲ မီးရထားလမ်းပိုင်း

များဖြစ်ကြသည်။ ယင်းစီမံကိန်း ၈ခုအနက် ကံမ-သရက်နှင် ပခုက္ကူ-ကြံခင်း မီးရ

ထားလမ်းမိုင် အနက်မှ ပခုက္ကူ- ကျွန်းချောင်း မီးရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်

သည်။ ၁၉၉၈ မှ ၂၀၀၈ ခုနှစ်အထိ အနှစ် ၂၀ ကာလအတွင်း မီးရထားလမ်းမိုင်

ပေါင်း ၁၃၀၄ မိုင် ဖောက်လုပ်ခဲ့ပြီး ပျမ်းမျှ ခန့်မှန်းချက်အရ တစ်နှစ်လျှင် ၆၅ မိုင်

ဖောက်လုပ်ခဲ့ရာမှ ယခုနှစ်သည် သံလမ်းမိုင် ၂၅၀ မိုင်ဖောက်လုပ်ရမည်ဖြစ်ကာ

ယခင်နှစ်များထက် လေးဆဖောက်လုပ်ရမည့်ဖြစ်ကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာ

၂၆ ရက်နေ့ထုတ် 7Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။


မုံရွာ စီးပွားရေးတက္ကသိုလ်တွင် ပညာရေး ဟောပြောပွဲ ကျင်းပ

25/Nov/2009


မုံရွာစီးပွားရေးတက္ကသိုလ်တွင်“Seminar on Environmental Toxicology”

ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲတွင်

ပါမောက္ခ ဦးကျော်မြင့်ဦး၊ ပါမောက္ခချုပ် (ငြိမ်း) ဒဂုံတက္ကသိုလ်၊ မြန်မာနိုင်ငံ ၀ိဇ္ဇာ

နှင့် သိပ္ပံပညာရှင်များအဖွဲ့မှဟောပြောပို့ချခဲ့ပြီး၊မုံရွာစီးပွားရေးတက္ကသိုလ်မှဆရာ၊

ဆရာမ ၁၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။ ယင်းဟောပြောပွဲကို မုံရွာ

စီးပွားရေး တက္ကသိုလ် ဘက်စုံခန်းမတွင် နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီမှ

စတင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် 7Day

News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment