Wednesday, November 18, 2009

ပုသိမ်မြို့ အနီး ရေပြင်၌ ခရီးသည် တင်ရေယာဉ်တစ်စင်းနှင့် ဆီတင်တွဲပါတွန်းရေယာဉ်တစ်စင်းတို့တိုက်မိ

ပုသိမ်မြို့ အနီး ရေပြင်၌ ခရီးသည် တင်ရေယာဉ်တစ်စင်းနှင့် ဆီတင်တွဲပါတွန်းရေယာဉ်တစ်စင်းတို့တိုက်မိ

18/Nov/2009

ပုသိမ်မြို့အနီး ရေပြင်၌ ခရီးသည်တင် ရေယာဉ်တစ်စင်းနှင့် ဆီတင်တွဲရေယာဉ်
တစ်စင်းတို့ နိုဝင်ဘာ ၁၅ရက် ညပိုင်းက တိုက်မိသဖြင့် ခရီးသည်တင်ရေယာဉ်
ပေါ်တွင် လိုက်ပါလာသူအများစုအား ကယ်တင်နိုင်ခဲ့သော်လည်း ခရီးသည်အချို့
သေဆုံး၊ ပျောက်ဆုံးမှုရှိခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆက်လက်
ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။ ပုသိမ်-သက္ကယ်သောင်ပြေးဆွဲသည့် ခရီး
သည်နှင့်ရေယာဉ်ဝန်ထမ်း ၁၇၆ဦးလိုက်ပါလာသော ပုဂ္ဂလိက ခရီးသည်တင်ရေယာဉ်
နေမျိုးထွန်းကြီးသည် နိုဝင်ဘာ ၁၅ရက်ည၇နာရီတွင် ပုသိမ်ဆိပ်ကမ်းမှ ထွက်ခွာလာ
ရာ ည၈နာရီခန့်တွင် ပုသိမ်မြို့နှင့် ၆မိုင်ခွဲအကွာရှိ ရှမ်း ငူကျေးရွာအနီး၌ ပုသိမ်မြို့သို့
ဝင်ရောက်လာသည့် ဒီဇယ်ဆီများတင်ဆောင်လာသော ဆီတင်တွဲပါတွန်းရေယာဉ်
ဓနနှင့် တိုက်မိခဲ့ကြောင်း၊ ခရီးသည်တင်ရေယာဉ် နေမျိုးထွန်းကြီ့းသည် ယင်းနေရာ၌
ပင် ဦးပိုင်းကြေမွပြီး နစ်မြုပ်သွားခဲ့ကြောင်း၊ ရေယာဉ်နစ်မြုပ်ကြောင်း သိလျှင်သိချင်း
ရှမ်းငူကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများသည် စက်လှေများဖြင့်
လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊
ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များသည် ရှပ်ပြေး
ရေယာဉ်များဖြင့် လည်းကောင်း ရောက်ရှိလာကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်
ရွက်ခဲ့သဖြင့် ခရီးသည်တင်ရေယာဉ်တွင် ပါရှိသူ ၁၇၆ဦးအနက် ၁၂၆ဦးအားကယ်ဆယ်
နိုင်ခဲ့ကာ နိုဝင်ဘာ ၁၆ရက်အထိ သေဆုံးသူ၃၁ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးသူ၁၉ဦးအားဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။ ခရီးသည်တင်
ရေယာဉ်ပေါ်မှ ကယ်တင်ရရှိခဲ့သူ ၁၂၆ဦးအားပုသိမ်မြို့သို့ပို့ဆောင်ပေးခဲ့ရာ ဧရာဝတီတိုင်း
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အနောက်တောင်တိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ
တာဝန် ရှိသူများက ကြိုဆိုနေရာချထားပေးပြီး လိုအပ်သည့်ဆေးဝါးကုသမှုနှင့် ကူညီ
ထောက်ပံ့မှုများ ဆောင်ရွက်ပေးကာ နေရာအသီးသီးသို့ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း
၂၀၀၉ခုနှစ်နိုဝင်ဘာ ၁၈ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/news/news_detail.aspx?info_id=17126 မှ ကူးယူ ဖေါ် ပြပါသည်။

No comments:

Post a Comment