Monday, December 21, 2009

နာဂပွဲ ကို နန်ယွန်းမှာ ကျင်းပမယ်တဲ့

၂၀၁၀ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကိုင်းတိုင်း နန်းယွန်းမြို့တွင် ကျင်းပမည်ဟု သတင်းရရှိပါသည်။
''နန်းယွန်းမြို့ကို ပွဲတော်နဲ့ ပတ်သက်တဲ့ပြင်ဆင်မှုတွေ လုပ်ရအောင် ခန္တီးမြို့က ဌာနဆိုင်ရာတွေ သွားရောက်နေကြရပါတယ်။ ဒီနှစ် နန်းယွန်းမြို့မှာ လုပ်ပါမယ်။ ဒီပွဲတော်ဟာ နာဂလူမျိုးတွေရဲ့ အထင်ရှားဆုံးပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်''ဟု ခန္တီးမြို့တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။
ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်တစားလာရောက်ခဲ့ကြသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ၂၀၀၁ ခုနှစ် လေရှီးမြို့တွင် ကျင်းပခဲ့သော ပွဲတော်မှစ၍ ကမ္ဘာလှည့်ခရီးသည်များ စတင်လာရောက်ခဲ့ပြီး အဆိုပါနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၃၆ ဦး တက်ရောက်ခဲ့သည်ဟု သိရှိရသည်။
အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂတောင်တန်းပေါ်ရှိ လေရှီးမြို့၊ လဟယ်မြို့တို့တွင် ၂၀၀၁ ခုနှစ်မှ တစ်လှည့်စီကျင်းပခဲ့ပြီး ၂၀၀၂ ခုနှစ် လဟယ်မြို့၌ ကျင်းပသောပွဲတော်တွင် ကမ္ဘာလှည့်ခရီးသည် ၉၇ ဦး၊ ၂၀၀၃ ခုနှစ် လဟယ်မြို့၌ ကျင်းပသောပွဲတော်တွင် ကမ္ဘာလှည့်ခရီးသည် ၁၇၄ ဦး နှင့် ၂၀၀၄ ခုနှစ် လေရှီးမြို့၌ ကျင်းပသောပွဲတော်တွင် ခရီးသည် ပေါင်း ၁၇၆ ဦး လာရောက်လေ့လာဆင်နွှဲခဲ့သည်ဟု သိရှိရပါသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သည် နာဂတိုင်းရင်းသားများ အထွတ်အမြတ်ထားသည့် ပွဲတော်တစ်ခုဖြစ်ပြီး တစ်နှစ်တာလုံး ကြုံတွေ့ရသည်များကို ဆွေးနွေးဖလှယ်ကြသည်။ လာမည့်နှစ်တွင် ဆောင်ရွက်ရမည့်ကိစ္စများကို တိုင်ပင်ကြသည်။ နှစ်သစ်တွင် ကောက်ပဲသီးနှံပေါများစေကြောင်း၊ ရာသီဥတုကောင်းမွန်စေကြောင်း၊ အဖျားအနာကင်းပြီး ချမ်းသာသုခရရှိစေကြောင်းများ ဆုတောင်းကြသည်။ အရောင်းအ၀ယ်ကိစ္စမှ ပေးရန်၊ ရရန်ကြွေးမြီများကိုလည်း ပွဲတော်တွင် ရှင်းလင်းကြသည့် အလေ့အထများပင်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
ယခင်က ကျေးရွာအလိုက်၊ မျိုးနွယ်စုအလိုက် စိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးသည့် ဒီဇင်ဘာလနှင့် ဇန်န၀ါရီလတွင် မိရိုးဖလာမပျက် ကျင်းပခဲ့ပြီး ၁၉၈၉ ခုနှစ် နာဂရိုးရာယဉ်ကျေးမှုကော်မတီကို ဖွဲ့စည်းခဲ့ကာ ၁၉၉၂ ခုနှစ် မှစတင်၍ ဇန်န၀ါရီလ ၁၅ ရက်နေ့တိုင်းကို နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခမ်းနားစွာ ကျင်းပခဲ့သည်ဟု သိရှိရပါသည်။
ယခုနှစ်ကျင်းပမည့် နန်းယွန်းမြို့နယ်သည် နာဂတောင်တန်းတွင် နာဂတိုင်းရင်းသားအများဆုံး ဒေသတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းသို့ ၁၉၅၄ ခုနှစ်မှစတင်၍ ပါဝင်လာသည်ဟု သိရှိရပါသည်။ အရှေ့မြောက်ဖက်တွင် ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ပူတာအိုမြို့တို့နှင့် ဆက်စပ်နေပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ခန္တီးမြို့နယ်၊ လဟယ်မြို့နယ်တို့ ဆက်စပ်နေကာ အနောက်ဖက်တွင် အိန္ဒိယနိုင်ငံ ဂူနာချယ်ပရာဒစ်(ခ်ျ) ကချင်ချန်လန်းခရိုင်တို့နှင့် ဆက်စပ်နေသည်ဟု သိရှိရသည်။ ၂၅၅၅ ဒသမ ၇၂ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့ပေါ်ရပ်ကွက် သုံးခုနှင့် ကျေးရွာအုပ်စု ၅၇ ခု၊ ကျေးရွာပေါင်း ၁၀၆ ရွာတွင် ဦးရေစုစုပေါင်းခြောက်သောင်းကျော် နေထိုင်လျက်ရှိကာ နာဂ ၉၈ ရာခိုင်နှုန်း နေထိုင်သည်ဟု သိရှိရပါသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=1112:2009-12-20-19-13-45&catid=42:2009-11-10-07-36-59&Itemid=112 မှ ကူးယူ ဖေါ် ပြပါသည်။ ။

Friday, December 18, 2009

ဆောင်းကာလမှာ ရှိတဲ့ ပွဲတွေ

၂၇-၁၂-၀၉ ရက်နေ့တွင် သီတဂူ ဆရာတော် ဥူးဥာဏ္ဏိသရ မှ သီတဂူ စက္ခု ဒါန ဆေးရုံ ဖွင့်ပွဲ နှင့် ရေစက်ချ တရားပွဲ ကို နေ့လည် (၁) နာရီတွင် ပြုလုပ်မည်ဖြစ်ပါ၍ ရေစက်ချ တရားနာယူရန် ဖိတ်ကြားအပ်ပါသည်။

နေသာ ယဉ်ကျေးလိမ္မာ သင်တန်း

နှစ်စဉ် ပြုလုပ်မြဲ ဖြစ်သော နေသာ ပညာဒါန ယခုနှစ် ယဉ်ကျေးလိမ္မာ သင်တန်းကို ( 23-12-09 ) ရက်နေ့မှ ( 25-12-09 ) ရက်နေ့အထိ တောင်ဖီလာ တောကျောင်းတွင် နေသာကျောင်း ဆရာတော် ဥူးဓမ္မိက ဦးစီ၍ ကျင်ပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ယဉ်ကျေး လိမ္မာ သင်တန်းသို့ ရန်ကုန်မြို့မှ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ နှင့် စာရေးဆရာ ကံထွန်းသစ် တို့မှ လည်း လာရောက် ဟောပြော ပို့ချပေးမည်ဟု သိရှိရပါသည်။ ယဉ်ကျေးလိမ္မာ သင်တန်းတွင် ကလေးများအား တရားထိုင်ခြင်း၊ဂိမ်းကစားခြင်း၊ ယဉ်စည်းကမ်းနှင့် အန္တရယ် အကြောင်း ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း နေသာကျောင်း ဆရာ ကျော်ကျော်မှ ပြောပါသည်။
အထက်က သတင်းကိုလည်း www.kalaytownship.co.cc မှပဲ ကူးယူဖေါ်ပြလိုက်တာပါ။ ဒီဇင်ဘာလ ထဲမှာတော့ ကလေးမြို့မှာ ပွဲတွေဆက်နေပါတယ်။ အထက(၁) ဆရာကန်တော့ပွဲ၊သီတဂူမျက်စိဆေးရုံဖွင့်ပွဲ နဲ့ နေသာကျောင်းက ယဉ်ကျေးလိမ္မာ သင်တန်းနဲ့ ချင်းလူမျိုးတွေရဲ့ ခရစ်စမတ်ပွဲတော် တွေ ဆက်လို့ နေပါတယ်။

သတင်း ပုံစံ နဲ့ ဟာသလေး တစ်ခု..........

မြစ်သာလွင်ပြင်က ဟာသလေး တစ်ခု တွေ့ ထားပါတယ်။
အဲဒီဟာသလေး က www.kalaytownship.co.cc မှာ တင်ထားတဲ့ သတင်းပုံစံ ဟာသလေးတစ်ခုပါ။ ကိုမြစ်သာတို့ ကကြိုက်လို့ ကူးယူတင်လိုက်တာပါ။
ဘယ်လိုပတ်သက်မှုရှိတယ်မရှိတယ် ဆိုတာကတော့ ကလေးမြို့ ရဲ့ စာပေအသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ သူ တွေ တော်တော်များများ သိကြပါတယ်ဗျာ။ ဒီလို ပေါ်ပင်နဲ့ လိုက်စားတတ်တဲ့ စာပေ ၀ါသနာရှင်များကို ပျက်ရယ်ပြု ခြင်းတစ်ရပ်လို့ မြစ်သာလွင်ပြင်က ထင်မြင်မိပါ ကြောင်း ...........

ကလေးမြို့ပေါ်ရှိ စာအုပ် အငှားဆိုင်များတွင် ယခု ရက်ပိုင်းအတွင်း အငှားရ အကောင်းဆုံး စာအုပ်များမှာ စာရေးဆရာ မောင်ဝဏ္ဏ နှင့် ကံထွန်းသစ် တို့၏ စာအုပ်များ ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းစာအုပ်ကို ငှားရမ်းသူတို့မှာ ကလေးမြို့ရှိ စာပေ၀ါသနာရှင်များ၊ စာရေးဆရာမျာ၊ ဂျာနယ်လစ်များ ဖြစ်ပါသည်။ စာပေအဖွဲ့နှင့် နီးစပ်သူ တစ်ဦးမှ ယခု ရက်ပိုင်း အတွင်း ``အကြိုက်ဆုံး စာရေးဆရာမှာ ဆရာ မောင်ဝဏ္ဏ ဟု´´ စာပေ အဖွဲ့ မှ ပြောနေကြောင်း သိခဲ့ပါသည်။ စိတ်သည် အချိန်နှင့် အမျှ ပြောင်းလည်းနေသောကြောင့် အကြိုက် သည်လည်း အပြောင်းအလဲ ရှိနိုင်ပါသည်။
ဘာပဲပြောပြော ကြိုက်သည်လည်းရှိ မကြိုက်သည်လည်း ရှိတဲ့ မြစ်သာလွင်ပြင် ကသတင်းများကို ဂရုတစိုက်ဖတ်ကြတဲ့ မြစ်သာလွင်ပြင်ပရိတ်သတ်အတွက် ကျေးဇူးတင်ပါတယ်။

Wednesday, December 16, 2009

ကလေးမြို့ အထက-၁ (၁၃)ကြိမ် မြောက်အာစရိယပူဇော်ပွဲ ရှေ့ တစ်ရက်တိုး

ကလေးမြို့ အထက-၁ (၁၃)ကြိမ် မြောက်အာစရိယပူဇော်ပွဲ ရှေ့ တစ်ရက်တိုး
(၁၃) ကြိမ်မြောက်ကျင်းပ မယ့် ကလေးမြို့ က အထက-၁ ကျောင်းရဲ့ အာစရိယ ပူဇော်ပွဲ ကို ယခင်သတ်မှတ်ထားတဲ့ ဒီဇင်ဘာလ (၂၇)ရက်အစား ရှေ့ ကိုတစ်ရက်တိုးပြီး ဒီဇင်ဘာ (၂၆) ရက်နေ့ ကို ပြောင်းရွှေ့ လိုက်တယ်လို့ သိရပါတယ်။ ယခင်သတ်မှတ်ထားတဲ့ ရက်ဟာ သီတဂူစက္ခု ဒါန ဆေးရုံဖွင့် ပွဲ နဲ့ အလှုရှင်တွေကို ဂုဏ်ပြုလွှာပေးအပ် ပွဲတွေ နဲ့ မျက်စိပြသမယ့် အစီအစဉ်များ ကြောင့် ရှေ့ ကိုတစ်ရင်တိုး သွားရတယ်လို့ သိရပါတယ်။ ဒီနှစ်အာစရိယ ပူဇော်ပွဲ မှာ ထူးထူး ခြားခြား လူငယ်တွေ တက်ရောက်လိမ့်မယ် လို့ မျှော်လင့်နေပါတယ်။ အဲဒီလို တက်ရောက်ကြဖို့ အတွက် လူငယ်များအတွက် စတိတ်ရှိုး ထည့်သွင်းထားတာကြောင့် ဖြစ်ပါတယ်။ အစဉ်အလာ ကြီး မားခဲ့တဲ့ အထက-၁ ရဲ့ အာစရိယ ပူဇော်ပွဲမှာ ပြည်ပ ကိုရောက်နေတဲ့ တပည့်ဟောင်းတွေက လည်း ဆက်သွယ်လှူဒါန်း ကြတယ်လို့ သိရပါတယ်။ ဒီအတွက်လည်း ကိုကိုမြစ်သာ တို့ ကတော့ အတိုင်းမသိ ၀မ်းသာဝမ်းမြောက်ရပါတယ်။ ဒီအတွက် ဆရာဆရာမ တွေက ဘယ်လောက် ၀မ်းသာမလဲ ဆိုတာ တော့ ပြောမပြတတ်အောင်ပါ။
ကလေးဝမှာလဲ အာစရိယ ပူဇော်ပွဲ တဲ့
ကလေးမြို့ က အာစရိယ ပူဇော်ပွဲ နဲ့ တစ်ပြိုင်ထဲလိုလိုမှာပဲ မြို့ နီးနား ခြင်းလို့ ပြောရမယ့် ကလေးဝမြို့ မှာလည်း အထက ဆရာ /ဆရာမ များကို အာစရိယ ပူဇော်ပွဲလုပ်မယ်လို့ သိရပါတယ်။ ကလေးဝမြို့ မှာတော့လူငယ်တွေ အားကြိုးမာန်တက် ပါဝင်တာကို တွေ့ ရပါတယ်။ ကလေးဝမြို့ ဟာ ဒီနှစ်မှ စတင်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ လူငယ်တွေ ဒီလိုစိတ်ဝင်တစား ပြုလုပ်လာတာဟာ ၀မ်းသာစရာပါ။ နှစ်စဉ်နှစ်စဉ် ပြုလုပ်နိုင်အောင်လဲ ကြိုး စားဖို့လိုမယ်လို့ ကိုမြစ်သာတို့ က တိုက်တွန်းပါတယ်။ ဖြစ်လာမယ်လို့လဲ မျှော်လင့်ပါတယ်။

Monday, December 14, 2009

ဒီဇင်ဘာဆောင်းကာလရဲ့ ချင်းတောင်နဲ့ ချင်းတောင်ခြေက ခရစ်စမတ် အထူးသတင်းများ (၁)

ချင်းတောင်ခြေက ခရစ်စမတ်တေးသံများလွင့်ပျံ
ဒီဇင်ဘာနှင်း တွေဟာ ဘယ်တော့မှာ ကျလာမလဲ လို့ ၊ ဒီနှစ်မှာကော ကျအုန်းမှာလား လို့ သို့လောသို့လောနဲ့ အယ်နီညို ကြောင့်များ ချင်းတောင်ခြေ ကနှင်းတွေပျောက်သွားမလားလို့ စိုးရိမ်နေကြရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ တော့ခါတိုင်းနှစ်တွေလို မအေးပေမယ့် အအေးဓါတ်ကတော့ ရောက်လာခဲ့ပါတယ်။ အအေးဓါတ်နဲ့အတူ လွင့်ပျံလာတာက ခရစ်စမတ်သီချင်းတွေပါ။ နှင်းမှုံနှင်း စက်တွေ ကြားမှာ ခရစ်စမတ် သီချင်းတွေဆို ခဲ့ကြဖူးတဲ့ သူတွေဟာ ဒီလိုအချိန်ကို မျှော်လင့်နေပါတယ်။ နှင်းများများမကျပေမယ့် နှင်းမှုံလေး တွေ ကိုခရစ်စမတ် တေးသံတွေနဲ့ အတူ တော့ တွေ့ ရပါပြီ ။ ချင်းတောင်ခြေ ဟာ ချင်းလူမျိုး တွေအမှီသဟဲပြု နေထိုင်ကြပါတယ်။ ချင်းလူမျိုးတို့ ရဲ့ ခရစ်စမတ်ပွဲတော် ဟာလဲ နှင်းတွေနဲ့ အတူ ရောက်ရှိလာ ပါပြီ ။ အိမ်ဝေးသူတွေ နဲ့ အဝေးရောက်အိမ်မပြန်နိုင်သူတွေဟာ ဒီလိုအချိန်မျိုးမှာ လွမ်းစိတ်ဟာ ဘယ်လိုမှ ထိမ်းချုပ်မရနိုင်တော့ပါဘူး ။ဒီအလွမ်း တွေကိုနှစ်သိမ့် ပေးဖို့ အတွက် ကိုမြစ်သာတို့က အထူးကြိုးစားဖြေသိမ့်နိုင်အောင်ကြိုးစားပေးပါ့မယ်။ ခရစ်စမတ်ပွဲတော်ရဲ့ အကြောင်းလေးတွေနဲ့ ကလေးမြို့ ရဲ့ ဒီဇင်ဘာအနံ့ အသက်တွေ ခံစားရသလောက်တင်ပြပေးပါ့မယ်။
ကယ်ရော်ဆင်းလို့ ဒေသခံတွေ သိကြတဲ့ ခရစ်စမတ်ဆုတောင်းတေးသံတွေ ဟာ ချင်းတောင်ခြေကိုလွင့်ပျံ လာပါပြီ။ ဆောင်းကာလရဲ့ အအေးဒဏ်ကိုအန်တုရင်း ခရစ်စမတ်တေးသံတွေကို သီဆိုနေတဲ့ ကယ်ရော်ဆင်း အဖွဲ့ တွေရဲ့ ခရစ်စမတ်တေးသံတွေဟာ ဆောင်းရဲ့ သရုပ်ကို ပိုမိုပီ ပြင်စေပါတယ်။ ချင်းတောင်ပေါ်မှာလည်း တောင်ဇလပ်တွေ၊ချယ်ရီပန်းတွေပွင့်နေပြီလို့ ချင်းတောင်က ဒေသခံတွေ ပြောကြပါတယ်။ ဒီဇင်ဘာရဲ့ ဒုတိယအပတ်မှာတော့ ဟားခါးမြို့ ဟာ သုံည ဒီဂရီ ပတ်ဝန်းကျင်ရောက်အောင်အေး နေပြီလို့ သိရပါတယ်။ ချယ်ရီ၊ တောင်ဇလပ်၊ နဲ့ ခရစ်စမတ်ရဲ့ တေးသံတွေအကြောင်းကို နောက်ရက်မှာ ဆက် ခြင်ပါသေးတယ်.............။

Sunday, December 13, 2009

အပျင်းပြေ ရယ်စရာအတည် မြစ်သာလွင်ပြင်က သတင်းတွေ သယ်လာပြီ ဗျို့

မြစ်သာလွင်ပြင်တစ်ဝိုက်မှာ မတော်မတည့် ဖြစ်နေတာလေးတွေကို ကိုကိုမြစ်သာ တို့က တို့ကာ ထိကာ ကလိကာ ပေါ့ဗျာ။ဘယ်သူကိုနာစေ ဘယ်သူကိုသာစေလို့ မရည်ရွယ်ပါဘူး ။ အရှိကို အရှိတိုင်းသာ ဖွင့်ပြောမည်ပေါ့။ ( အင်ကိုင်ရာတော့မဟုတ်ဘူး)
အရာရာကို တည့်တည့်ကြီးပြီး မြစ်သာလွင်ပြင်ကြီး ကောင်းစားရေး၊ဒီဒေသကလူတွေ အကျိုးကို ရည်မျှော်လို့ အပျင်းပြေ ရယ်စရာအတည် သတင်းတွေ သယ်လာပြီ ဆိုတဲ့ အစီအစဉ် (၁)..........ပေါ့

ပရိုဖိုင်(Profile) လေးတော့ ထည့်ပေးပါတဲ့

ဒီခေါင်းစဉ်လေးကို သိပ်စိတ်ဝင်စားမယ်တော့ သိပ်မထင်ပါဘူး ။ ဒါပေမယ့်ဖတ်ကြည့်မယ်ဆိုရင်တော့၊ အော်လူတွှေ လူတွေ လို့ တွေး

မိမှာပါပဲ ။ အင်းလေ လူဆိုတာ ဒီလိုလူတွေချဉ်း ပဲတော့မဟုတ်ဘူးလေ။ထားလိုက်ပါတော့ ။အဖြစ်က ဒီလိုဗျ.........။ကလေးမြို့ မှာ

လူသိများတဲ့ နေသာစာကြည့်တိုက်ဆိုတာ ရှိပါတယ်။ အဲဒီစာကြည့်တိုက်မှာ အပတ်စဉ်လိုလို စာဖတ်ပွဲ (သူတို့ အခေါ်တော့

စာတမ်းဖတ်ပွဲပေါ့ဗျာ) ကျင်းပသတဲ့။ အဲဒီစာဖတ်ပွဲ ဆိုတာကို ရှင်းလင်းပါအုန်းမယ်။ ထုပ်ဝေပြီး မဂ္ဂဇင်း၊ဂျာနယ်၊ အသီးသီး ကစာရေးဆရာများ ရေးထားတဲ့ ဆောင်းပါး၊ ကဗျာ၊ ၀တ္ထု ၊စတာတွေကို ဖတ်ကြသတဲ့၊ အဲဒီလို သူများရေးပြီးသားဖတ်တာကို စာတမ်းဖတ်ပွဲတဲ့....။ အဲဂလိုသာဖတ်ကြေးဆိုလို့ ကတော့ တစ်ရက်ကို စာတမ်း အစောင်ရေ တစ်သိန်းလောက်ဖတ်ပြချင်ပါရဲ့ ။ဂရင်းနှစ်မှတ်တမ်းလေးမှ ၀င်ဝင်..။

စာဖတ်ဖို့ ရာအတွက်တော့ သူများရေးပြီးသား စာလေးတွေကို ပြန်လည် ကွန်ပြူတာစာစီကြ၊စာအုပ်လေးတွေလုပ်ကြပေါ့ ။ အဲဒီမှာ အရပ်ထဲက ခင်ရာမင်ကြောင်းလေးတွေ ကိုထွေရာလေးပါး လျှောက်ပြော ကာစာအုပ်လုပ်ဖို့ အတွက်အလှုခံကြပြန်သရော..။ဒီလိုစာအုပ်လေးတွေမှာ ဖတ်ပြမယ့် စာလေးတွေစီလို့ အဲဒီစာအုပ်လေးတွေမှာ တကယ်ရေးတဲ့ စာရေးဆရာ နဲ့ အလှုရှင်များ က စာလုံးသေးသေးလေး ဖေါ်ပြ ကာ အဲဒီ ပုံနှိပ်ထားတဲ့ စာကိုဖတ်ပြမယ့် ကိုကို၊မမ၊ဦးဦး၊ ဒေါ်ဒေါ် တို့က သူ့တို့ ရဲ့ ဘာညာသာရကာ အထုပ္ပတ္တိလိုလို၊ကိုယ်ရေးရာဇ၀င်လိုလို က တစ်မျက်နှာလောက်က စာဖတ်ပြသူများရဲ့ ကိုယ်ရည်သွေးမှု ကိုဖေါ်ပြ ကြသတဲ့။

အဲဂလိုသာ စာဖတ်တတ်တိုင်းသာ ဂလိုကိုယ်ရည်သွေးကြေး ဆိုရင်တော့ အိမ်က မူလတန်းကျောင်းသား လေးကို ဖတ်ခိုင်းလိုက်ချင်သား..။ တကယ်တော့ တကယ်ရေးတဲ့သူရဲ့ ကိုယ်ရေးရာဇ၀င် လေးကို မိတ်ဆက်ပေးမယ်ဆို ဘယ်လောက်ကောင်းမလဲ။ ဖတ်ပြတဲ့သူက ဒီမြို့ ကဒီလူ တွေ၊ ဘာမှမသိစရာမရှိ။ ကိုယ့်ဘာသာနာမည်ကြိး ချင်တိုင်း ရှောက်လုပ်ချင်တယ်ဆိုရင်လည်း လမ်းဆုံလမ်းခွ မျာ ကိုယ်တုံးလုံးချွတ်ပြီး ကွေးနေအောင်က နေမယ်ဆိုရင် တော်တော်လေး နာမယ်ကြီးမယ်ထင်ပါတယ်။

ဖတ်ကြားပြမယ့် ဆရာများ (သူတို့အချင်းချင်းက တော့ဆရာတွေကို မိုးမွှန်နေတာပဲ၊ဘာဆရာ တွေလည်းတော့မသိပါဘူး) က သူတို့ ရဲ့ ပရိုဖိုင်လေး ပါအောင် ကို တော်တော်ဂရုတစိုက်ရှိလှပါတယ်တဲ့ ။ အဲဒီစာကြည့်တိုက်က တာဝန်ခံလေး ကတော့ အဲဒီဟာကိုမထည့်ချင်ပေ မယ့်လည်း အချင်းချင်းဆိုတော့ဘာမှအပန်းကြီးတာမှမဟုတ်ပဲ ဆိုပြီး ထည့် ပေးနေရတယ် ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ဗျာ ***ပရိုဖိုင်လေးတော့ထည့်ပေးပါတဲ့***ဗျ။ ။

Saturday, December 12, 2009

ဆောင်းနှင်းတွေကြား က ကလေးဝက ပေါင်းတင်းသည်(သယ်)တွေ

ဆောင်းနှင်းတွေကြား က ကလေးဝက ပေါင်းတင်းသည်(သယ်)တွေ
ဒီနှစ်ဆောင်းရာသီဟာ အယ်နီညို ဆိုတဲ့ အသံတွေကြောင့် အေးမှ အေးပါ့မလားလို့ ထင်မိပါတယ်။ ဒါပေမယ့် အရင်နှစ်တွေလို မဟုတ်ပေမယ့် အအေးဓါတ်လေး က ချင်းတောင်နဲ့ ချင်းတောင်ခြေကို ရောက်လာခဲ့ပါတယ် ။ဒီလို ဆောင်းရာသီမှာ ဒီနယ်ဖက် က ဒေသအစားအစာ ဖြစ်တဲ့ ဒေသအခေါ် ပေါင်းတင်၊ တချို့ နယ်တွေက ကောင်းညှင်းကျည်တောက်၊ တချို့ ကခဲတံချောင်း လို့လဲ ခေါ်ကြပါတယ်။ ဒီနယ်မှာတော့ ကလေးဝပေါင်းတင်း ဟာ မိတ်ဆွေတွေအတွက် လက်ဆောင်ပေးရတဲ့ ဒေသလက်ဆောင်တစ်မျိုး ဖြစ်ပါတယ်။ ၀ါးဖတ်လေးတွေပါအောင်ခွာ ရင်း ၀ါးနံ့ သင်းသင်းလေးပါတဲ့ ကောက်ညှင်းကျဉ်တောက်ဟာ စားရတာ မဖေါ်ပြနိုင်တဲ့ အရသာပါ။ မနက်ပိုင်လက်ဖက်ရည် ကြိုက်တတ်တဲ့ သူတွေက လက်ဖက်ရည်နဲ့ ပေါင်းတင်းလေး ကိုအရသာခံလို့ ။တချို့ ကြတော့လည်း ပေါင်းတင်းကို ဆီလေးအိုးကင်းပူတိုက်ပြီး တော့ ကြော်လို့ ၊တချို့ ကြတော့လည်း ငါးခြောက်ဖုတ်လေး ကိုပေါင်းတင်းနဲ့ တွဲဖက်လို့ ၊မိသားစုတွေက ဒေသထွက် စားတော်ပဲပြုတ်လေးနဲ့ ပေါင်းတင်းလေးတွဲဖက်သုံးဆောင်ကြတယ်။ ပေါင်းတင်းနဲ့ တချိန်ထဲပေါ်လာတဲ့ မုန်ညှင်းဟာ ဒေသမှာတော့ မုန်ညှင်း ရွက်တွေ ကိုဆိတ်ဆွ ပြီး၊ အသီးအနှံ လေးတွေရောကာ ဆန်မှုံ့ စစ်လေးနဲ့ ကြက်သွန်ဖြူ ၊ဂျင်းထောင်းကာ ရောနယ်သမပြီးတော့ ပေါင်းလိုက်ကာ ဟင်းပေါင်းဆိုပြီး စားကြပါတယ်။ ပဲဆီ၊နှမ်းဆီစစ်လေးကို ဟင်းပေါင်းလေးကိုလောင်းပြီး ပေါင်းတင်းလေးနဲ့ ပေါင်းစပ်၊တွဲဖက် သုံးဆောင်လိုက်လို့ ကတော့ ဒီဒေသကို လွမ်းလွန်းလို့ နောက်တစ်ခေါက်ပြန်လာရ ပါလိမ့်မယ်။
အဝေးရောက် ကလေး၊ကလေးဝ၊တမူးနယ်က ဒေသခံတွေ သရေကျတော်မူအောင် ရေးသားလိုက်ရပါတယ်။

Friday, December 11, 2009

ကလေးနယ်က သီတဂူစက္ခု ဒါနဆေးရုံ ဆိုတဲ့ အလင်းသစ်

ချင်းတွင်းအထက်ပိုင်း၊ချင်းတောင်ဒေသ၊ချင်းတောင်ခြေဒေသနှင့်ယောဒေသ၊ကဘော်ဒေသ တွေမှာ အမှောင်ကိုခွင်း၊အလင်းကိုဆောင်နိုင်တော့မယ်
ချင်းတွင်းအထက်ပိုင်း၊ချင်းတောင်ဒေသ၊ချင်းတောင်ခြေဒေသနဲ့ ယောဒေသ၊ကဘော်ဒေသတွေမှာ အမှောင်ကိုခွင်း အလင်းကိုဆောင်နိုင်တော့မယ် သီတဂူ စက္ခု ဒါန ဆေးရုံကြီး ပေါ်ထွက်လာတော့မယ်လို့ သိရပါတယ်။ အဲဒီဆေးရုံ ကြီးဟာ အခုဆိုရင် ရာနှုန်းပြည့်နီး ပါး ပြီးစီးလု ပြီလို့ သိရပါတယ်။ ဖွင့်ပွဲ ကိုလည်း ဒီလ (ဒီဇင်ဘာလ )ထဲမှာ လုပ်မယ်လို့ သိရပါတယ်။ ခေတ်မှီတဲ့ စက်တွေ၊ခေတ်မှီ ဆေးဝါးတွေနဲ့ နိုင်ငံခြားက ဆရာဝန်တွေကိုယ်တိုင်ဦးစီး ပြီး မျက်စိဝေ ဒနာရှင်တွေကို ကုသပေးတော့မှာပါ။ စစ်ကိုင်းမြို့ ကသီတဂူ ဆေးရုံကြီး က မျက်စိဆရာဝန်ကြီး တွေကောပါမယ်လို့ သိရပါတယ်။ ဒီဒေသ မှာရှိတဲ့ မျက်စိဝေဒနာရှင်တွေ အမှောင်ကိုခွင်း ပြီး အလင်းရတော့မှာ မို့ ကလေးဒေသခံ များကလည်းကုသိုလ်ရေးကို တက်ကြွ စွာပါဝင်လုပ်ဆောင်နေကြပါတယ်။ လက်ရှိအချိန်မှာဆို နေ့ဆိုင်းညဆိုင်းတွေပါခွဲ ပြီး ဆေးရုံသစ်ကြီး ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ဆောင်နေကြပါတယ်။ သီတဂူစက္ခုဒါန ဆေးရုံ (ကလေးမြို့ )ဟာ ကလေးမြို့ အောင်သစ္စာ ရပ်ကွက် မဟာသန္တာရုံ ဘုန်းတော်ကြီး ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိပါတယ်။ ဆေးရုံသစ်ဖွင့်ပွဲမှာ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏ်ဏိသရ ရဲ့ တရား ပွဲကို ပါထည့်သွင်း ကျင်းပမှာမို့ ကလေးဒေသခံတွေအနေနဲ့ အထူးတရားပွဲကြီး တစ်ပွဲကို ပါနာယူကြရမှာပါ။
*****အဆိုပါသတင်းများရဲ့ နောက်ဆက်တွဲ သတင်းများကိုလဲ နောက်ရက်တွေမှာ ဆက်ဆက် တင်ပေးသွားအုန်းပါမယ်။*****
*****ရပ်ဝေးက အလှုရှင်များ ကတော့လှုဒါန်းလိုတယ်ဆိုရင်တော့*****
မဟာသန္တာရုံဆရာတော်---ဖုန်း --၀၇၃-၂၁၁၃၀
နေသာပညာဒါန ဆရာတော်---ဖုန်း---၀၇၃--၂၂၆၄၄
ကိုဆက်သွယ်လှုဒါန်နိုင်ပါတယ်ဗျာ။ ။

Sunday, December 6, 2009

ကလေးမြို့ အာစရိယ ပူဇော်ပွဲ ကို သီဆိုပျော်ရွှင် ကန်တော့မည် ဆိုပြီး စတိတ်ရှိုး ထည့် သွင်းမည်

ကလေးမြို့ အာစရိယ ပူဇော်ပွဲ ကို သီဆိုပျော်ရွှင် ကန်တော့မည် ဆိုပြီး စတိတ်ရှိုး ထည့် သွင်းမည်
ကလေးမြို့၊အထက(၁) အာစရိယ ပူဇော်ပွဲ ဖိတ်ကြားလွှာ
အာစရိယ ပူဇော်ပွဲ ဖိတ်ကြားလွှာ

သို့
------------------

ကလေးမြို့၊အထက(၁) တွင် ပညာသင်ကြားခဲ့ကြသော ကျောင်းသား/ ကျောင်းသူဟောင်း များမှ အသက်(၆၀) ပြည့် အငြိမ်းစားယူပြီး ကလေးမြို့ တွင် အခြေချ နေထိုင်လျှက်ရှိသော ဆရာကြီး/ဆရာမကြီးများကို အစဉ်အလာမပျက် နှစ်စဉ် ကန်တော့ခဲ့ကြပါသည်။
ယခုနှစ်တွင်လည်း (၁၃) ကြိမ်မြောက် အာစရိယ ပူဇော်ပွဲကို (၂၇-၁၂-၂၀၀၉) တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါ၍ ၁၉၆၅ မှ ၂၀၀၉ ပညာသင်နှစ်အထိ အထက(၁) တွင် ပညာသင်ကြားခဲ့ကြသော ကျောင်းသားကျောင်းသူ ဟောင်းများ အားလုံး ကန်တော့ပွဲ သို့ ပါဝင်ဆင်နွဲကြရန် ဖိတ်ကြားအပ်ပါသည်။

အပူဇော်ခံမည့် ဆရာ / ဆရာမ ကြီးများ

၁။ ဦးစန်းလှိုင် ၂။ ဦးအရှိန် ၃။ ဦးတင်ဝင်း ၄။ ဒေါ်ခင်ခင်သိန်း

၅။ ဦးမြင့်သိန်း ၆။ ဦးသန်းမောင် ရ။ ဦးမြဖေ ၈။ ဦးမောင်မောင်သန်း

၉။ ဦးမြသိန်း ၁၀။ ဦးမြင့်ဦး ၁၁။ ဒေါ်သိန်းသိန်းစိုး ၁၂။ ဒေါ်ခင်မမ

၁၃။ ဦးသောင်းရွှေ ၁၄။ ဒေါ်မြစော ၁၅။ ဒေါ်စန်းကြည် (၁) ၁၆။ ဦးသန်း

၁၇။ ဦးသန်းရွှေ ၁၈။ ဦးချစ်မောင် ၁၉။ ဒေါ်အုန်းရီ ၂၀။ ဒေါ်ဖွားလုံ

၂၁။ ဒေါ်ရင်မေ ၂၂။ ဒေါ်ခင်မွှေး ၂၃။ ဒေါ်ခင်ဆွေ ၂၄။ ဦးကြင်မောင်

၂၅။ ဒေါ်ခင်နှင်း ၂၆။ ဒေါ်ခင်စန်းနိုင် ၂၇။ ဦးဖိုးနီ ၂၈။ ဦးခင်မောင်ညွှန့်

၂၉။ ဦးသန်းထွန်း ၃၀။ ဒေါ်ခင်သန်းလှိုင် ၃၁။ ဦးချစ် ၃၂။ ဒေါ်ရဲမြင့်လွင်

၃၃။ ဦးရဲမြင့် ၃၄။ ဒေါ်တင်လုံ ၃၅။ ဒေါ်အမာကြည် ၃၆။ ဦးထုတ်လျန်

၃၇။ ဒေါ်ခင်ဆွေဦး ၃၈။ ဒေါ်ကျော်မေ ၃၉။ ဒေါ်ပူးစ်ပါးဒေ၀ီ ၄၀။ ဒေါ်မြင့်မြင့်သန်း

၄၁။ ဒေါ်စန်းကြည် (၂)

အာစရိယ ပူဇော် ဖြစ်မြောက်ရေးအဖွဲ့
(ဆရာကျေးဇူး ဂုဏ်အထူးကို မေ့ဘူး ဘယ်ခါ သတိဖြာ၍ ရင်မှာပေးဆပ်နိုင်ပါစေ)

နေရာ။ ။ အထက(၁) ရွှေရတုခန်းမ
ရက်စွဲ။ ။၂၇-၁၂-၂၀၀၉ (တနင်္ဂနွေ)
အချိန်။ ။ မွန်းလွဲ (၁၂း၃၀) နာရီ
**************************************
အထူးအစီအစဉ်
****************************
ကလေးမြို့ အာစရိယ ပူဇော်ပွဲ ကို နှစ်စဉ် ဒီဇင်ဘာလ အတွင်းမှာကျင်းပမြဲ ပါ။ ဒီနှစ်လဲ ဒီဇင်ဘာလ (၂၇)ရက်နေ့ မှာပဲကျင်းပမှာပါ။ ဒီပွဲ

မှာ လူငယ်တွေ တက်ရောက်မှုနဲ ပါးနေတယ်၊လှုပ်ရှားမှု နဲနေတယ်လို့ ပြောဆိုသံ တွေကြားနေရပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာတော့

လူငယ်တွေ များများပါဝင်လာ အောင်ရည်ရွယ်ချက်နဲ့ စတိတ်ရှိုး ဖျော်ဖြေမှု နဲ့အတူ ထည့်သွင်း ကျင်းပမယ်လို့သိရပါ့မယ်။

သီဆိုပျော်ရွှင်ကန်တော့မည် ပေါ့ဗျာ။ ဒီလိုဖြစ်မြောက်အောင် အွန်လိုင်းက နေ သတင်းရရှိကြတဲ့ ကျောင်းသား/ ကျောင်းသူဟောင်းများ

လည်း အချင်းချင်း ဖော်ဝပ်မေးဖြင့်လည်းကောင်း ၊၀က်ဆိုက် ကိုပြောခြင်းဖြင့် လည်းကောင်းကူညီပေးကြပါ။ လုပ်ငန်းခွင်အသီးသီးမှာ

ရောက်ရှိနေကြတဲ့ ကျောင်းသား/ကျောင်းသူဟောင်းများ ရဲ့ တွေ့ ဆုံပွဲ ဆိုရင်လဲမမှားပါဘူး။

ကျောင်းသား ကျောင်းသူဟောင်းများမှ စင်တင် တေးဂီတဖြင့် ဖျော်ဖြေပါမည်။

သီဆို ဖျော်ဖြေလိုသူများ

ဦးသန့်စင်ဝင်း၊ သရ၀ဏ် ပညာရေးလမ်းညွှန်၊ ဗိုလ်ချုပ်လမ်း၊မြို့မဈေး အနီး

ဖုန်း- 073-21165
****************************************
ဝင်ရောက်ကြည့်ရှုနိုင်သော ဆိုက်များ
****************************************
http://www.rezarmyo.co.cc/
http://kalaycommunity.ning.com/
http://www.kalaytownship.co.cc/
http://myittarthant.blogspot.com/
http://kalaykokyaw.blogspot.com
အချိန်နဲ့ တစ်ပြေးညီ ဆရာကန်တော့ ပွဲ သတင်းများ ကို တင်ပေးသွားပါ့မယ်။ ။ဆရာကန်တော့ပွဲ ပြီး ရင်လဲ အဆိုပါဆိုက်များမှ အမှတ်တယ ဓါတ်ပုံများနှင့် ဝေေ၀ဆာဆာ တင်ပေးသွားပါ့မယ်။ အဝေးရောက်မြန်မာ များ သာဓုခေါ်နိုင်အောင်ပေါ့ဗျ။ ။

Thursday, December 3, 2009

ကလေးမြို့ အထက(၁) ကျောင်းသား၊ ကျောင်းသူဟောင်းများ ၏ (၁၃)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပမည်

ကလေးမြို့ အထက(၁) ကျောင်းသား၊ ကျောင်းသူဟောင်းများ ၏ (၁၃)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပမည်

ကလေးမြို့ အထက(၁) ကျောင်းသား၊ကျောင်းသူဟောင်းများမှ

အငြိမ်းစား ယူပြီး သော ဆရာကြီး ၊ဆရာမကြီး များအား (၁၃)

ကြိမ် မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပ ပြုလုပ်မည်

ဖြစ်ပါသသည်။ ၂၀၀၉-ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်

(တနင်္ဂနွေ နေ့) နေ့လည် (၁၂) နာရီ တွင် အထက (၁) ရွှေရတု

ခန်းမ ၌ ပြုလုပ်မည့် ကန်တော့ပွဲ သို့ တက်ရောက်နိုင်ပါရန်

ကျောင်းသား၊ကျောင်းသူ ဟောင်းများ အား

ဖိတ်ကြားအပ်ပါသည်။ ။

*****ဆက်သွယ်လှူဒါန်း လိုပါက *****

ဖုန်း -073-21123၊ 073-21039။073-21667။073-22488။

073-22159။073-22612။073-22234 လိုင်းခွဲ 207--208

သို့ ဆက်သွယ်လှူဒါန်းနိုင်ပါ တယ်ခင်ဗျာ။

ဒီ သတင်းကို အွန်လိုင်းက နေတဆင့် တွေ့မိ၊ ဖတ်မိ သော

ကျောင်းသား ၊ကျောင်းသူဟောင်းများ အနေနှင့် လည်း မိမိ

တို့ အတူတူ တက်ရောက်ခဲ့ သော ကျောင်းသား၊ကျောင်းသူ

ဟောင်းများထံ သို့ forward လုပ်ပြီး အကြောင်းကြား ပေး ကြ

ပါရန် အထူး ပန်ကြားအပ် ပါသည်။ ။
******************************************************************
အွန်လိုင်းမှတဆင့် ဆက်သွယ်လို ပါက အောက်ပါ မေး(လ်) လိပ်စာများမှ တဆင့် သိသိ မသိသိ ဆက်သွယ်ကြပါရန်
****************************************************************
aungthutun.kalay@gmail.com
ahloo73@gmail.com
win.ndwc@googelmail.com
lwinlwinaye09@gmail.com
777.kokyaw@gmail.com
777.kozaw@gmail.com
aghein.kalay@gmail.com
akm.moe@gmail.com
aungmyatkyaw.kalay@gmail.com
aungsanlin.ndw@gmail.com
botoe.kalay@gmail.com
kalaysong@gmail.com
khaingsoe7@gmail.com
khinthidaklm@gmail.com
koaung.ptg@gmail.com
komyo.1020@gmail.com
kozaw.kalaymyo@gmail.com
mgkaung82@gmail.com
mzhtwe07@gmail.com
phoekhaing.klm@gmail.com
pyonecho.klm@gmail.com
staz.ad3con4@gmail.com
winmaung@gmail.com
minthurein.kalay@gmail.com
michelleshw@gmail.com
stnaung89@gmail.com
thanhtikeaung99@gmail.com
1kozayar@gmail.com

တော်တော်များများ က အာစရိယ ပူဇော်ပွဲ ကို သိကြမှာ မဟုတ်ပါဘူး။ တချို့ လိပ်စာပိုင်ရှင်အချို့ မှာ ပြည်ပ မှာပါ ။။ဒါပေမယ့် အစဉ်အလာ ရှိခဲ့ တဲ့ အာစရိယ ပူဇော်ပွဲ ကို သတိထားမိ ၊ စိတ်ဝင်စားမှု ရှိလာအောင် ဆက်သွယ် ပြောဆို မေး မြန်းကြပါ။ ကလေးမြို့ မှာရှိတဲ့ ကျောင်းသား/ကျောင်းသူ ဟောင်းများ ကလည်း သိသလောက် ပြောပြ ကြ ဆွေး နွေး ကြမယ် ဆိုရင် ၊ အာစရိယ ပူဇော်ပွဲ ဟာ ပိုမို စည်စည်ကားကား ဖြစ်လာမယ်လို့ ထင်ပါတယ်။
နှစ်တွေလညောင်း၊ အသစ်တွေသာ ဟောင်းသွား ပေမယ့် အမြဲကောင်းနေမယ့် ဆရာများရဲ့ မေတ္တာစေတနာ တွေ ကိုသတိတရ ရှိတတ်တဲ့ မြန်မာကျောင်းသားများ အသိတရား
ပြီးတော့ မြန်မာရိုးရာဓလေ့ ထဲကချစ်စရာ ကောင်းတဲ့ ဓလေ့ထုံးစံ တစ်ခု ကို ဖော်ထုပ်ကြမယ့်ပွဲ။ ။
ကျောင်သား ကျောင်းသူ ဟောင်းများ သိတတ်မှုကို
မြင်တွေ့ ကြရတဲ့ ဆရာ တွေ ရဲ့ ပီတိ............
ဆရာတို့ အတူတူ လက်တွဲခဲ့ ကြတဲ့ လက်တွဲဖော်တွေ ကို
ပြန်ကာ တွေ့ ဆုံ ကြရတဲ့ ပြန်လည်ဆုံဆည်းမှု တွေ
ဟာ ဘယ်အရာ၊ ဘယ်ခံစားမှု နဲ့ မှ မလဲ နိုင်ဘူးဆိုတာ......................။

အခြေခံ ပညာအထက်တန်းကျောင်း၊ ကလေးဝမြို့ မြတ်ဆရာကန်တော့ပွဲ

အခြေခံ ပညာအထက်တန်းကျောင်း၊ ကလေးဝမြို့
မြတ်ဆရာကန်တော့ပွဲ

စစ်ကိုင်းတိုင်း၊ကလေးခရိုင်၊ ကလေးဝမြို့

အခြေခံပညာအထက်တန်းကျောင်းမှ အငြိမ်းစား ယူပြီးသော

ဆရာ/ဆရာမ ကြီး များနှင့် (၁၉၉၇)ခုနှစ် အထိ ကလေးဝ

အထက သို့ ရောက်ရှိ တာဝန်ထန်းဆောင်ပြီး/ထမ်းဆောင်ဆဲ

အသက်(၅၀)နှစ် အထက် ဆရာ/ ဆရာမ များအား ၂၀၀၉ခုနှစ်

၊ဒီဇင်ဘာလ (၂၅ ) ရက်နေ့ မွန်းလွဲ (၁) နာရီ တွင် အထက

ကျောင်းခန်းမ ၌ ပူဇော်ကန်တော့ မည်ဖြစ်ပါ သဖြင့် ဆရာ/

ဆရာမ များ နှင့် ကျောင်းသား /ကျောင်းသူ ဟောင်းများ ကြွ

ရောက် ပါရန် ဖိတ်ကြား အပ်ပါသည်။ ။

ပူဇော် ပွဲဖြစ်မြောက်ရေး ကော်မတီမှ နိုဝင်ဘာလ (၂၀)

ရက်နေ့ နှင့် ဒီဇင်ဘာလ (၁၅) ရက်နေ့ များတွင် ကျောင်းသာ

/ကျောင်းသူ ဟောင်းများထံ သို့ အလှူ ငွေများ လာရောက်

ကောက်ခံသွားပါမည်။ ။
*****************************************************************
မြတ်ဆရာ ပူဇော်ကန်တော့ပွဲ ဖြစ်မြောက်ရေးကော်မတီ
******************************************************************
အဆိုပါ သတင်းကို အွန်လိုင်းမှ ကြားသိကြသော

ကျောင်းသား/ကျောင်းသူ ဟောင်းများ အနေနှင့် ဖော်ဝပ်မေး

ပြုလုပ်ပြီး မိမိတို့ သူငယ်ချင်းများ ကို ဆက်သွယ်အကြောင်း

ကြားပေး ကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

*****************************************************************
ဆက်သွယ်ရန်မေးလိပ်စာများ မှ သိသိ မသိသိ အတင်းမေး ပြီး ဆက်သွယ်ကြပါဗျို့ ။။သူတို့လဲ ကလေးဝမြို့ အထက်တန်းကျောင်းက ကျောင်းသားဟောင်းတွေ ဖြစ်ပါတယ်။ ။
******************************************************************
chitkomaung22@gmail.com
libera.mm.09@gmail.com
marthi.kalaywa@gmail.com
mochi.2255@gmail.com
myommsan08@gmail.com
myonyinyi.83@gmail.com
kyawmintheinn9989@gmail.com
empathylady@gmail.com
doelone87@gmail.com
nani.nn2010@gmail.com
htetnaynaing87@gmail.com
waizaw87@gmail.com
naynyi87@gmail.com
zawzaw.ye@gmail.com
tharkhant2003@gmail.com

သို့ ဆက်သွယ်ကြပါဗျို့။ ။
တော်တော်များများ က အာစရိယ ပူဇော်ပွဲ ကို သိကြမှာ မဟုတ်ပါဘူး။ လိပ်စာပိုင်ရှင် များဟာ ကလေးဝကလူငယ်တွေဖြစ်ပါတယ်။ အာစရိယ ပွဲ ကို သိချင်မှလဲသိကြမှာပါ ။ ဒါပေမယ့်စိတ်ဝင်စားမှု ရှိလာအောင် ဆက်သွယ် ပြောဆို မေး မြန်းကြပါ။ ကလေးဝမြို့
မှာရှိတဲ့ ကျောင်းသား/ကျောင်းသူ ဟောင်းများ ကလည်း သိသလောက် ပြောပြ ကြ ဆွေး နွေး ကြမယ် ဆိုရင် ၊ အာစရိယ ပူဇော်ပွဲ ဟာ ပိုမို စည်စည်ကားကား ဖြစ်လာပြီး ကျောင်သား ကျောင်းသူ ဟောင်းများ ကို မြင်တွေ့ ကြရတဲ့ ဆရာကြီး /ဆရာမကြီး တွေ ရဲ့ ပီတိ ဟာ ဘယ်အရာ နဲ့ မှ မလဲ နိုင်ဘူးဆိုတာ......................။ ။

Friday, November 27, 2009

တစ်ဒေါ်လာ ၉၉၅ ကျပ်

တစ်ဒေါ်လာ ၉၉၅ ကျပ်

27/Nov/2009
သည်တစ်ပတ် ဒေါ်လာဈေးက တစ်ဒေါ်လာကို ကျပ် ၁၀၁၀ ကနေ ကျပ်

၉၉၅ အထိ ပြန်ကျလာပါတယ်။ သည်တစ်ပတ်ထဲမှာ ဒေါ်လာဈေးက အနိမ့်ဆုံး

တစ်ဒေါ်လာကို ကျပ် ၉၈၅အထိကျခဲ့တာပါ။ အဲသည် ဈေးတုန်းက လုပ်ငန်းသ

မားတချို့က အ၀ယ်ရှိလာတဲ့အတွက် ကျပ် ၁၀၁၀လောက်အထိဖြစ်လာတာပါ။

နိုဝင်ဘာ ၂၃ ရက်မှာတော့ ဒေါ်လာဈေးက ပြန်အေးပါတယ်။ နိုဝင်ဘာ ၂၃ ည

နေဘက်မှာတော့ တစ်ဒေါ်လာကို ၉၉၂ကျပ်နဲ့ ၉၉၅ ကြားမှာရှိပါတယ်။ လက်ရှိ

မှာ အက်ဖ်အီးစီကလည်း အဲသည်ဈေးဝန်းကျင်မှာပဲ ရှိနေကြောင်း ၂၀၀၉ ခုနှစ်

နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

ကမ္ဘာ့ရွှေ စံချိန်တင်၊ တစ်အောင်စ ၁၁၇၆ ဒေါ်လာအထိ ဖြစ်

ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၁၇၆ ဒေါ်လာအထိ ဖြစ်လာတဲ့အတွက်

ရွှေဝယ်သိမ်းသူတချို့ သည်ရက်ပိုင်းရွှေဝယ်ဖို့စိတ်ဝင်စားလာတယ်လို့သိရတယ်။

ရွှေဘုံသာရှိရွှေဝယ်ရောင်းတစ်ဦးက ‘ ကမ္ဘာ့ဈေးကဆက်ပြီးမြင့်တက်မယ်လို့မှန်း

ကြတယ်၊ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးပေါ်လဲမူတည်တော့တက်

မယ်ထင်ပြီး ဝယ်သိမ်းသူတချို့က ပြန်ဝယ်လာကြတယ်၊ ဒါပေမဲ့ ရွှေဝယ်ရောင်း

သူတွေကတော့ လျှော့ရောင်း၊ လျှော့ဝယ်လုပ်ကြတယ်’လို့ပြောပါတယ်။ လက်ရှိ

မှာမြန်မာရွှေဈေးက ၁၆ပဲရည်(အခေါက်) တစ်ကျပ်သားကိုကျပ် ၆၁၀,၀၀၀ ဝန်း

ကျင်ရှိပါတယ်။ (သည်နေ့ဒေါ်လာပေါက်ဈေးတစ်ဒေါ်လာကျပ် ၁၀၀၀နဲ့သည်နေ့

ကမ္ဘာ့ရွှေ ပေါက်ဈေး တစ်အောင်စ ၁၁၇၆ ကို မြောက်ပြီး ၁.၈၇၅ နဲ့စားရင် ကျပ်

၆၂၀,၀၀၀ ကျော်ရှိတဲ့အတွက် မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေ ဈေးထက် နိမ့်နေတာ

တွေ့ရပါတယ်။) လက်ရှိကား ဈေးကျလို့ တချို့ကလည်းရွှေဘကို လှည့်ပြီး ဝယ်

လာကြတာလည်း ရှိတယ်လို့ သိရတယ်။ လသာရှိ ရွှေဆိုင်ရှင် တစ်ဦးကတော့

‘ ကျွန်တော်တို့ရွှေဆိုင်သမားတွေကတော့  အရောင်းအေးနေပါတယ်၊ အထည်

သေးလောက်ပဲနည်းနည်းပါးပါး အရောင်းအဝယ်ဖြစ်တယ်’လို့ပြောကြားကြောင်း

၂၀၀၉ခုနှစ် နိုဝင်ဘာ ၂၇ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထာားပါသည်။

Wednesday, November 25, 2009

ရွေးကောက်ပွဲ မတိုင်မီ မီးရထား၏ ဆောင်ရွက်ဆဲ စီမံကိန်းများ အပြီးသတ် လုပ်ဆောင်မည်

25/Nov/2009


ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေး

နှစ်တွင် မီးရထားသံလမ်း ၂၅၀ မိုင်အပြီးသတ် ဖောက်လုပ်ရန် လျာထားကြောင်း

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်အောင်မင်းက သတင်းထောက်

များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ “၂၀၁၀ ရွေးကောက်ပွဲအပြီးနောက်အစိုးရ

ကို လွှဲပေးရမယ်။ အဲဒီအတွက် ဒီနှစ်ထဲမှာ ဆောင်ရွက်ဆဲစီမံကိန်းတွေပြီးအောင်

ဖောက်လုပ်ဖို့ လမ်းညွှန်ထားတယ်။ ဒီနှစ် ခါတိုင်းနှစ်တွေထက် လေးဆလောက်

လုပ်ပေးရတယ်” ဟု ၀န်ကြီးက ထပ်မံပြောကြားခဲ့သည်။ ယခု ဘဏ္ဍာရေးနှစ်အ

တွင်း အပြီးသတ် ဖောက်လုပ်၍ ဖွင့်လှစ်ရမည့် မီးရထား လမ်းပိုင်းများမှာ ကံမ -

သရက်၊ ပခုက္ကူ-ကျွန်းချောင်း၊ မကွေး-ကံဗျား၊ပျော်ဘွယ်-ရွာတော်၊ကသာ-မိုးတာ

ကြီး၊ သရက်-မလွန်-မင်းလှ၊ ပြည်-ပေါက်ခေါင်း၊ ပုသိမ်-အိမ်မဲ မီးရထားလမ်းပိုင်း

များဖြစ်ကြသည်။ ယင်းစီမံကိန်း ၈ခုအနက် ကံမ-သရက်နှင် ပခုက္ကူ-ကြံခင်း မီးရ

ထားလမ်းမိုင် အနက်မှ ပခုက္ကူ- ကျွန်းချောင်း မီးရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်

သည်။ ၁၉၉၈ မှ ၂၀၀၈ ခုနှစ်အထိ အနှစ် ၂၀ ကာလအတွင်း မီးရထားလမ်းမိုင်

ပေါင်း ၁၃၀၄ မိုင် ဖောက်လုပ်ခဲ့ပြီး ပျမ်းမျှ ခန့်မှန်းချက်အရ တစ်နှစ်လျှင် ၆၅ မိုင်

ဖောက်လုပ်ခဲ့ရာမှ ယခုနှစ်သည် သံလမ်းမိုင် ၂၅၀ မိုင်ဖောက်လုပ်ရမည်ဖြစ်ကာ

ယခင်နှစ်များထက် လေးဆဖောက်လုပ်ရမည့်ဖြစ်ကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာ

၂၆ ရက်နေ့ထုတ် 7Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။


မုံရွာ စီးပွားရေးတက္ကသိုလ်တွင် ပညာရေး ဟောပြောပွဲ ကျင်းပ

25/Nov/2009


မုံရွာစီးပွားရေးတက္ကသိုလ်တွင်“Seminar on Environmental Toxicology”

ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲတွင်

ပါမောက္ခ ဦးကျော်မြင့်ဦး၊ ပါမောက္ခချုပ် (ငြိမ်း) ဒဂုံတက္ကသိုလ်၊ မြန်မာနိုင်ငံ ၀ိဇ္ဇာ

နှင့် သိပ္ပံပညာရှင်များအဖွဲ့မှဟောပြောပို့ချခဲ့ပြီး၊မုံရွာစီးပွားရေးတက္ကသိုလ်မှဆရာ၊

ဆရာမ ၁၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။ ယင်းဟောပြောပွဲကို မုံရွာ

စီးပွားရေး တက္ကသိုလ် ဘက်စုံခန်းမတွင် နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီမှ

စတင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် 7Day

News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အားကစား သတင်းများ

အားကစား သတင်းများ

အိမ်ရှင်လာအိုကြောင့် မထင်မှတ်သည်များဖြစ်လာနိုင်ကြောင်း စင်ကာပူ ယူ-၂၃ အသင်းနည်းပြ သတိပေး

စင်ကာပူ ယူ-၂၃အသင်းနည်းပြဖြစ်သူ ပတ်မန်နသန်က စင်ကာပူပါဝင်သောအုပ်စုတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့ကို အဓိကထားယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အိမ်ရှင်လာအိုအသင်း ပါဝင်နေခြင်းကြောင့် ထင်မှတ်မထားသောရလဒ်များ ပေါ်ထွက်လာနိုင်သည်ဟု စင်ကာပူ ယူ-၂၃အသင်းနည်းပြဖြစ်သူ ပတ်မန်နသန်က စင်ကာပူပါဝင်သောအုပ်စုတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့ကို အဓိကထားယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အိမ်ရှင်လာအိုအသင်း ပါဝင်နေခြင်းကြောင့် ထင်မှတ်မထားသောရလဒ်များ ပေါ်ထွက်လာနိုင်သည်ဟု သတိပေးပြောဆိုလိုက်သည်။
''စာရွက်ပေါ်မှာကြည့်လိုက်မယ်ဆိုရင်တော့ စင်ကာပူဟာ မြန်မာနဲ့ အင်ဒိုနီးရှားလောက်ကိုသာ အဓိကယှဉ်ပြိုင်ရဖို့ ရှိပါတယ်။ ဒါပေမယ့် အိမ်ရှင်အသင်းဖြစ်တဲ့ လာအိုကို ကျွန်တော်တို့ မေ့မထားသင့်ပါဘူး။ သူတို့ဟာ အိမ်ရှင်ပရိတ်သတ်ရဲ့ အားပေးမှုနဲ့ အသင်းတိုင်းကို အနိုင်ကစားနိုင်စွမ်းရှိပါတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ငွေတံဆိပ်ရထားတဲ့ အသင်းဖြစ်လို့ ကျွန်တော်တို့ အဓိကယှဉ်ပြိုင်ရဖို့ ရှိပါတယ်''ဟု စင်ကာပူနည်းပြ ပတ်မန်နသန်က ESPN နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။
http://news-eleven.com/index.php?option=com_content&view=article&id=756:2009-11-25-09-35-06&catid=55:2009-11-13-06-16-17&Itemid=124 မှ ကူးယူဖေါ်ပြသည်။

ဒိုင်လူကြီးများသည် စိတ်နေမြင့် ကြရန်လည်း အရေးကြီး သည်ဟု ဦးခင်မောင်ကြိုင် သုံးသပ်

Saturday, 21 November 2009 18:17

ဒယ်လ်တာ အသင်း၏ စီအီးအို ဖြစ်သူ ဦးခင်မောင်ကြိုင်က မြန်မာ နေရှင်နယ် လိဂ်တွင် တာဝန် ထမ်းဆောင် နေကြသော ဒိုင်များနှင့် ပတ်သတ်၍ ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒိုင်တစ်ယောက် ဖြစ်ဖို့ဆိုတာ စည်းမျဉ်း စည်းကမ်းတွေ နားလည်နေရုံနဲ့ မရပါဘူး။ ကိုယ်ကိုယ်တိုင်က စိတ်နေမြင့်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ စိတ်နေမြင့်တယ် ဆိုတာက အခြေခံ စိတ်ထား ကောင်းတာကို ဆိုလိုတာပါ။ ဒိုင်တစ်ယောက်ဟာ ၀မ်းစာ အတွက် အလုပ်လုပ်တဲ့သူ မဖြစ်ရပါဘူး။ ကိုယ့်ရဲ့ ၀မ်းစာ အတွက် ဒိုင်လုပ်နေတာ ဆိုရင်တော့ နည်းနည်းတော့ လွဲနေပြီ ထင်ပါတယ်” ဟု ဦးခင်မောင်ကြိုင်က ပြောကြားခဲ့သည်။

ဦးခင်မောင်ကြိုင်က ၎င်းတို့အသင်း ကမ္ဘောဇကို ရှုံးနိမ့်ခဲ့သည့် ပွဲမှာ ဒိုင်ကြောင့် ပါဝင်သလို ကစားသမား များ၏ အတွေ့အကြုံ နုနယ်သေးသည့် အတွက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခင်က ဘဏ္ဍာအခွန်ကို ကိုင်တွယ် ခဲ့စဉ်က ကစားသမား များသည် အတွေ့အကြုံ ရင့်ကျက်ကြ သဖြင့် ဒိုင်ဘက်လိုက်လျှင်ပင် အနိုင်ရအောင် မခံချင် စိတ်ဖြင့် ကစားကြလေ့ ရှိကြောင်း ၎င်းကဆိုသည်။ ဒယ်လ်တာ ကစားသမား များမှာမူ အတွေ့အကြုံ နုနယ် သေးသဖြင့် ဒိုင်ဘက်လိုက်လျှင် အားငယ်စိတ် ၀င်ကာ ရှုံးနိမ့်သွား ကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ဒိုင်လူကြီး၏ ဘက်လိုက်ခဲ့ခြင်း အပေါ် မိမိအနေဖြင့် စိတ်မဆိုးကြောင်း၊ ယင်း အခြေအနေကို ၎င်းအနေဖြင့် ကြိုတွက် ထားခဲ့ပြီး ဖြစ်ကြောင်း အံ့ဖွယ် သုံးသပ် သွားခဲ့သည်။

“ကျွန်တော်တို့ အသင်းဟာ ချန်ပီယံဖြစ်ဖို့ ဆိုတာထက် ထိုက်သင့်တဲ့ အောင်မြင်မှု ရတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။ မဖြစ် နိုင်ဘူး ဆိုပြီးတော့ စိတ်ဓာတ် ကျသွားမှာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က ကြိုးစား နေသလို သူများတွေလည်း ကြိုးစား နေကြတယ် ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်” ဟု ဦးခင်မောင်ကြိုင်က ဆက်လက်ပြောကြား သွားခဲ့သည်။
http://soccermyanmar.com/index.php?option=com_content&view=article&id=5212:2009-11-21-12-00-39&catid=54:myanmar-national-league&Itemid=104 မှ ကူးယူဖေါ်ပြသည်။

ရတနာပုံအား လူရွေးပွဲ အတွက် မုံရွာကွင်း မပေးရခြင်း အပေါ် ဇေယျာရွှေမြေ ရှင်းလင်း

Tuesday, 24 November 2009 19:58

ဇေယျာရွှေမြေ အသင်းသည် ရတနာပုံ အသင်း၏ အကယ်ဒမီ လူရွေးပွဲ အတွက် မုံရွာကွင်း မပေးရခြင်း ကိစ္စအပေါ် ရှင်းလင်း ပြောကြားသွား ခဲ့ကြောင်း သိရသည်။

“မုံရွာကွင်းဟာ ကျွန်တော်တို့ အိမ်ကွင်းအဖြစ် ရရှိထားတဲ့ ကွင်းဖြစ်ပါတယ်။ အဲဒီကွင်းကို ကျွန်တော်တို့ အသင်းက ပြန်လည် ပြုပြင်မှုတွေ ပြုလုပ် နေပါတယ်။ ဒါကြောင့် သူတို့ လူရွေးပွဲ လုပ်မှာကို လက်မခံ ခဲ့တာပါ။ ဒါပေမယ့် စစ်ကိုင်းမြို့က စစ်ကိုင်းကွင်းကို သူတို့အတွက် အသုံးပြုခွင့် ပေးထားပါတယ်။ တကယ် ဆိုရင်က ဘောလုံးသမားက မန္တလေး တိုင်းအတွင်း မှာတင် အများကြီး ရှိပါတယ်။ အဲဒီလူတွေ ကုန်အောင် မရွေးဘဲနဲ့ ဘာဖြစ်လို့ တစ်နိုင်ငံလုံး အင်ပါယာ လိုက်ဖြန့်နေ သလဲတော့ ကျွန်တော်လည်း မသိပါဘူး” ဟု အသင်း တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း ပြောကြားခဲ့သည်။

ရတနာပုံ အသင်းသည် နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း အတွက် အကယ်ဒမီ လူရွေးပွဲကို မုံရွာမြို့၊ အားကစား ကွင်း၌ ကျင်းပ ပြုလုပ်ရန် လျာထားခဲ့ သော်လည်း ဇေယျာရွှေမြေ အသင်းဘက်မှ ခွင့်မပြုခဲ့ သဖြင့် ချောင်းဦး ကွင်းသို့ ပြောင်းရွှေ့ကာ ကျင်းပပြုလုပ် ခဲ့ရသည်။ အဆိုပါ လူရွေးပွဲတွင် ရတနာပုံ အသင်းသည် မုံရွာမြို့မှ လူငယ် ကစား သမားလေး နှစ်ဦးကိုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။ ရတနာပုံ အသင်းသည် ၎င်းတို့၏ လူငယ် ဘောလုံး အကယ်ဒမီ အတွက် မြန်မာနိုင်ငံ တစ်နိုင်ငံ လုံးရှိ မြို့ကြီး ၁၃ မြို့မှ အရည်အသွေး ရှိသော လူငယ် ကစားသမား လေးများကို ရှာဖွေ ရွေးချယ်နေခြင်း ဖြစ်သည်။
http://soccermyanmar.com/index.php?option=com_content&view=article&id=5257:2009-11-24-13-40-56&catid=54:myanmar-national-league&Itemid=104 မှ ကူးယူဖေါ်ပြသည်။

ရတနာပုံ အသင်းနှင့် ပတ်သတ်၍ MFF သဘောထားကို ဥက္ကဋ္ဌ ထုတ်ဖော်ပြောကြား

Sunday, 22 November 2009 18:57

ရတနာပုံ အသင်းနှင့် ပတ်သတ်၍ MFF က ထားရှိသည့် သဘောထားကို ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ထုတ်ဖော် ပြောကြား သွားခဲ့ကြောင်း သိရသည်။

“တစ်ချို့ ပရိသတ်တွေက MFF ဟာ ရတနာပုံ အသင်းကို ဖိနှိပ် နေတယ်လို့ အမြင်စောင်း နေကြတာကို တွေ့ရတယ်။ တကယ်တော့ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင် ခုလို အသင်းတွေ ပေါ်ထွက်လာဖို့ ကျွန်တော် တို့ကပဲ ခက်ခက်ခဲခဲ ကြိုးစား ခဲ့ရတာပါ။ အသင်းတစ်သင်း ပျက်သွားမယ်။ ကျရှုံးသွားမယ် ဆိုရင် ကျွန်တော်တို့ အတွက် ဘာအကျိုး ရှိနိုင်မလဲ။ အဖွဲ့ချုပ် အနေနဲ့ ဘယ်အသင်း ကိုမှ သာစေ နာစေ သဘော မထားဘဲ တန်းတူရည်တူ ဆက်ဆံ နေတာကို အားလုံး သေချာ ပြန်သုံးသပ် ကြည့်ရင် တွေ့ကြ ပါလိမ့်မယ်” ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။

ရတနာပုံ အသင်း၏ ပရိသတ် များသည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အား နည်းပြချုပ် ရိုဟန် ဂါးရတ် လိုင်စင် မရှိမှုကြောင့် နည်းပြရာထူး ရပ်ဆိုင်း စေခဲ့ခြင်း အပေါ် မကျေမနပ် ဖြစ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် နိုဝင်ဘာ ၁၁ ရက်နေ့တွင် MNL နည်းပြများ အားလုံး လိုင်စင်များ တင်ပြရန် သတ်မှတ်ခဲ့ပြီး ၃ ရက်အတွင်း လိုင်စင် မတင်ပြ နိုင်သူများကို နည်းပြအဖြစ် တာဝန် ထမ်းဆောင်ခွင့် ရပ်ဆိုင်းခဲ့သည်။ ယင်းကာလ မတိုင်မီ အစောပိုင်းက ရတနာပုံ အသင်း၏ နည်းပြချုပ် ရိုဟန်တွင် လိုင်စင် မရှိကြောင်း အတည်ပြု ပြောကြားခြင်း ပြလုပ် ခဲ့ဖူးသည်။

“ရတနာပုံ အသင်းကို စည်းစနစ် တကျ ဖြစ်အောင် ဆောင်ရွက်ပေး နေတာက အကြောင်း ရှိပါတယ်။ သူတို့ အသင်းဟာ လက်ရှိမှာ မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ဖြစ်ဖို့ အခွင့်အလမ်း အကောင်းဆုံး အသင်းပါ။ ချန်ပီယံ ဖြစ်လာခဲ့မယ် ဆိုရင် နိုင်ငံ ကိုယ်စားပြုပြီး နိုင်ငံတကာ ပွဲတွေ ထွက်ကစား ရတော့မယ်။ ဒီအခါမှာ စည်းမျဉ်း စည်းကမ်းနဲ့ မညီတာတွေ ရှိလာရင် နိုင်ငံတကာမှာ အရေးယူ ခံရပါလိမ့်မယ်။ ဒါကြောင့် သူတို့ကို စည်းမျဉ်း စည်းကမ်းပိုင်း သေချာ ကြပ်မတ် နေတာပါ။ တကယ်ဆိုရင် ရတနာပုံ အသင်းဟာ MNL မှာ လမ်းကြောင်းမှန်ပေါ် အရောက်ဆုံး အသင်း တစ်သင်းလို့ ဆိုနိုင်ပါတယ်။ ကျန်အသင်း တွေလည်း သူတို့လို လမ်းကြောင်းပေါ် ရောက်အောင် တွန်းပို့ ပေးနေပါတယ်” ဟု ဦးဇော်ဇော်က ဆက်လက် ပြောကြားခဲ့သည်။

ရတနာပုံ အသင်းသည် MFF မှ ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာ အရ ပြီးခဲ့သည့် MNL Cup ပြိုင်ပွဲ၌ တစ်ပွဲပျမ်းမျှ ပရိသတ် အများဆုံး အသင်း ဖြစ်ခဲ့သည်။ ၎င်းတို့၏ တစ်ပွဲပျမ်းမျှ ပရိသတ်သည် ၁၅၀၀၀ ခန့် ရှိသည်ဟု သိရသည်။ ထို့ပြင် ယင်းပြိုင်ပွဲ၌ ပရိသတ် အများဆုံး လာရောက် ကြည့်ရှုခဲ့သည့် ပွဲစဉ်မှာ ရတနာပုံနှင့် ရန်ကုန် တို့၏ ဗိုလ်လုပွဲ ဖြစ်ပြီး ယင်းပွဲတွင် ပ၇ိသတ် ၄၀၀၀၀ ကျော် လာရောက် ကြည့်ရှု ခဲ့ကြသည်။
http://soccermyanmar.com/index.php?option=com_content&view=article&id=5218:---mff---&catid=54:myanmar-national-league&Itemid=104 မှကူးယူဖေါ်ပြသည်။

Tuesday, November 24, 2009

ဖြူးဆရာတော် ထိုင်းနိုင်ငံတွင် ဘ၀နတ်ထံပျံလွန်တော်မူ

၂၄ နိုဝင်ဘာ ၂၀၀၉

့ဖြူးဆရာတော် ထိုင်းနိုင်ငံတွင် ဘ၀နတ်ထံပျံလွန်တော်မူသွားပြီဟု သတင်းရရှိပါတယ်။


နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ယနေ့နံနက် (၇) နာရီခန့်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးရုံကြီး၌ ပျံလွန်တော်မူသွားပြီဖြစ်သည်။

“ဘန်ကောက်မှာ ဆေးကုပြီး တနင်္ဂနွေနေ့က ပြန်ကြွခဲ့တာပါ။ ဒီနေ့မနက်တော့ ဆရာတော်ကြီး ပျံတော်မူသွားတယ်။ အန္တိမဈာပနအခမ်းအနားကို (၃၀) ရက်နေ့မှာ လုပ်မှာပါ” ဟု ရန်ကုန် ဖြူးမဟာစည်ရိပ်သာမှ သံဃာတော်တပါးက မိန့်သည်။

ဖြူးဆရာတော်သည် လွန်ခဲ့သည့် (၂) နှစ်ခန့်က ကျောက်ကပ်အစားထိုး ကုသမှုခံယူထားရာမှ ကျောက်ကပ်သို့ ရောဂါပိုး ၀င်ရောက်ခြင်းကြောင့် နိုဝင်ဘာ (၂) ရက်နေ့တွင် ဘန်ကောက်ရှိ PRARAM-9 ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရသည်။

“ဆရာတော်က နာမည်ကြီး ဓမ္မကထိက ဆရာတော်တပါးပါ။ ထေရ၀ါဒဗုဒ္ဓဘာသာ တရားစစ်စစ်ကို သိနိုင်ကြဖို့ တနိုင်ငံလုံးကို လှည့်လည်ဟောပြောခဲ့တဲ့ ဆရာတော်ပါ။ နာမည်အကြီးဆုံး တရားကတော့ သွေးနဲ့ရေးတဲ့သာသနာ ဆိုတဲ့တရားပါ” ဟု ဘန်ကောက်မှ ဦးဓမ္မပါလက မိန့်သည်။

ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ရာ ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်သည်။

ဖြူးမြို့ ရုံးကြီးရပ်ကွက်တွင် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်မူခဲ့ပြီးနောက် ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ တရားဓမ္မများ ဟောကြားခဲ့သည်။

“ဆရာတော်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်တရားတွေကို ရဲရဲဝံ့ဝံ့ဟောခဲ့တာပါ။ အယူလွဲစေမယ့် နတ်ကိုးကွယ်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် ပြောဆိုဆုံးမခဲ့တဲ့ ဆရာတော်ပါ” ဟု ရန်ကုန်မှ ဒကာတဦးက ပြောသည်။

် ဘဒ္ဒန္တနရပတိ
ကျောင်းတိုက် မဟာစည်သာသနာ့ ရိပ်သာ၊ ပင်စင်လမ်း၊ ဖြူး မြို့ ။
သက်တော် (၆၄) နှစ်၊ သိက္ခာတော် (၄၅)၀ါ
၊သုဓမ္မာဂိုဏ်း ၊
မွေးသက္ကရာဇ် ၁၃၀၃ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၈) ရက် စနေနေ့ ။
သာသနာ့ဝင်မှတ်တမ်း ၇/ဖမန (သ) ၀၀၀၁၂၇
ဇာတိ ရပ်ရပ်ရွာ ၊ စစ်ကိုင်းတိုင်း ၊ ရေဦးမြို့ နယ်၊ ပင်စိမ်းကင်းကျေးရွာ၊
ခမည်းတော် ၊မယ်တော်၊ ဦးဘလွင်၊ ဒေါ်ဒေါ် မေ

Saturday, November 21, 2009

ကလေးဒေသခံ စာရေးဆရာများ ၏ စာပေဟောပြော ပွဲ ကျင်းပ

ကလေးဒေသခံ စာရေးဆရာများ ၏ စာပေဟောပြော ပွဲ ကျင်းပ
ကလေးမြို့ မှာ တော့ ကလေးနယ်က ဒေသခံ စာရေးဆရာတွေ က ဟောပြောခဲ့ တဲ့ စာပေဟောပြော ပွဲ ကို ၂၀၀၉-ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ မှာ ကလေးမြို့ ဗိုလ်ချုပ်လမ်းမှာ ရှိတဲ့ နှစ်ခြင်း အသင်းတော်မှာ ကျင်းပ ခဲ့တယ်လို့ သိရပါတယ်။ ကလေးမြို့ မှာ အခါ အားလျော်စွာ စာပေဟောပြောပွဲတွေကို နိုင်ငံ ကျော်စာရေးဆရာကြီးများ ဖိတ်ကြား ပြီး ကျင်းပခဲ့ ပါတယ်။ ဒါပေမယ့် နှစ်စဉ် ကျင်းပ နိုင်ခြင်း မရှိပါဘူး။ နောက်ဆုံးအနေနဲ့ နေသာစာကြည့်တိုက်ဖွင့်ပွဲ အနေနဲ့ ဆရာလယ်တွင်းသားစောချစ်နဲ့ ဆရာမ ဒေါ်သန်းမြင့်အောင် တို့ ဟောပြောတဲ့ ပွဲ ဟာ နောက်ဆုံးကျင်းပ ခဲ့ပါတယ်။ နေသာပညာ ဒါန ရဲ့ (၁၅)နှစ်မြောက်ပွဲမှာ တော့ စာပေဟောပြောပွဲ ကျင်းပ မယ်လို့ တော့  ပြောဆိုသံတွေ ကြားနေရပါတယ်။
အခု လို နှစ်ခြင်းအသင်းတော်မှာ ကျင်းပ တာဟာ နှစ်ကြိမ် မြောက်ရှိပြီလို့ သိရပါတယ်။ အရင်နှစ်တွေတုန်းက လည်း မြို့ ခံ စာရေးဆရာတွေ ပဲ ဟော ပြောခဲ့တာပါ။ စာပေ၀ါသနာပါတဲ့ အသင်းတော် လူကြီးများ က " အခုလို စာပေဟောပြောပွဲကျင်းပါတာ ကျွန်တော်တို့ ချင်းလူမျိုး တွေ စာပေနဲ့ နီးစပ်အောင်ပါ။ စာဖတ်တဲ့ သူနဲလာတယ်။ ချင်စာပေမှာလည်း ဘာသာရေးနဲ့ ပတ်သက်တာတွေ ရှိပေမယ့် ၊ ရသ ၊သုတ စာပေ တွေ ချင်းစာ နဲ့ ရှားသေးတယ်။ အဲဒီ ကွက်လပ်တွေဖြည့်ချင်တယ်။ လူငယ်တွေ စာပေအသိ များများ ရစေချင်တယ်။ ချင်းစာပေမှာလည်း သုတ ၊ ရသ စုံအောင် ဖြစ်စေချင်တယ်" လို့ ပြောပြ ပါတယ်။
အခု စာပေဟောပြောပွဲမှာ ဂျာနယ်လစ်တစ်ဦး ဖြစ်တဲ့ အောင်သူထွန်း(ကလေးမြို့ )က သတင်းများနှင့်ခရီးသွားခြင်း၊ ဆရာသမုတိသစ္စာ က ဘ၀နှင့် အတွေ့ အကြုံ များ၊ ဆရာသန်းရွှေဦး က စာပေအရေးအသားနဲ့ သဘောတရား ၊ ဆရာ ကလေးဝင်းသူ က ကဗျာများအကြောင်းသိကောင်းစရာ စတဲ့ ခေါင်းစဉ် များနဲ့ ဟောပြောခဲ့ပါတယ်။
ကလေးဒေသမှာ တော့ စာပေ အသိုင်းအ၀ိုင်း ကြီးမားပြီး လူငယ် ကလောင်ရှင်များ စွာထွက်ပေါ်နေပြီး ဒီအထဲက သူရ(ကလေး)၊ သော်တာစံ ၊ စတဲ့ ကလောင်တွေ ဟာ မဂ္ဂဇင်းမှာ လက်သွက် နေပါတယ်။ ကြိုးစားနေတဲ့ စာပေ၀ါသနာ ရှင် အများ စု ရှိနေပြီး နေသာပညာဒါန မှာလည်း အပတ်စဉ် စာဖတ်ပွဲတွေကို ပြုလုပ်နေတယ်လို့ နေသာပညာဒါနက ဆရာ အောင်ဆန်းလင်းက ပြောပြပါတယ်။

ပုဂ္ဂလိကသို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးပြီ

ပုဂ္ဂလိကသို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးပြီ

တက္ကသိုလ်ဝင်တန်းကျောင်းသားများအား ပညာသင်ကြားလျက်ရှိသည့် ACA ပညာရိပ်ငြိမ်ဘော်ဒါဆောင်ကို အခြေံပညာအထက်တန်းကျောင်းအဖြစ် အသိအမှတ်ပြု၍ တရားဝင်ပညာသင်ကြားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ပုဂ္ဂလိကသို့ ယခုကဲ့သို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိပေ။

သက်တမ်း၂၆နှစ်ရှိပြီဖြစ်သော ACA ဘော်ဒါဆောင်၏ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို နိုဝင်ဘာ၉ရက်နေ့တွင် ကျင်းပခဲ့ပြီး ကျောင်းသားများကို အချိန်ပြည့် ပညာသင်ကြားခွင့် ရရှိပြီဖြစ်သည်။ ထိုကျောင်းတွင် ပဉ္စမတန်းမှ တက္ကသိုလ်တန်းအထိ ကျောင်းသားများကို ကျောင်းအိပ်၊ ကျောင်းစားပညာသင်ကြားစေလျက်ရှိပြီး ကျောင်းသားဦးရေ တစ်ရာကျော်ရှိကြောင်း သိရသည်။ ပဉ္စမတန်းမှ နဝမတန်းအထိ အတန်းတင်စာမေးပွဲများကို ၎င်းကျောင်းတွင် စစ်ဆေးမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သက်ဆိုင်ရာ အခြေခံပညာ အထက်တန်းကျောင်းများတွင် သွားရောက်ဖြေဆိုကြရမည် ဖြစ်သည်။ ACA ပညာရိပ်ငြိမ် ဘော်ဒါဆောင်သည် မြောက်ဥက္ကလာမြို့နယ်တွင် တည်ရှိပြီး ၁၉၈၃ခုနှစ်တွင် စတည်တည်ထောင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းအောင်ချက် အနေဖြင့် ၉၀ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သိရသည်။ “သတင်းတွေတော့ ကြားနေပါတယ်။ တကယ်ချပေးပြီဆိုရင်တော့ ပြိုင်ဆိုင်မှုပိုများလာပြီပေါ့။ ပြိုင်ဆိုင်မှုပိုများလာလေလေ။ အကျိုးရှိလေလေပါပဲ။ ပညာရေးမှာ သင်ကြားပို့ချနည်းတို့၊ ကျောင်းတက်ချိန်တို့၊ စည်းကမ်းပိုင်းဆိုင်ရာတွေ ကျောင်းသားတွေအတွက် ပိုမိုကောင်းမွန်လာနိုင်စေပါတယ်။ စနစ်ကျဖို့တော့လိုပါတယ်။ အခုမှ စစချင်းလုပ်တဲ့ အချိန်ဆိုတော့”ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါ်လှမြင့်က သုံးသပ်သည်။

ပြင်ဦးလွင်မြို့နှင့် နေပြည်တော်မြို့တွင် ဖွင့်လှစ်လျက်ရှိသော နာမည်ကြီး ဘော်ဒါဆောင်တစ်ခုဖြစ်သည့် စိုးစံဘော်ဒါဆောင်နှင့် စာပန်းအိမ်ဘော်ဒါဆောင်တို့ကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများက အပြောင်းအလဲ တစ်စုံတစ်ရာ မရှိသေးကြောင်း လက်ရှိအချိန်အထိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများသို့ ကျောင်းသားများ ကျောင်းခေါ်ချိန်အတိုင်း တက်ရောက်နေရဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Credit: နေလင်းထွန်း၊ ဗိုလ်ဗိုလ်ဝင်း (7Day News Journal, Vol. 8, No. 36)
http://www.planet.com.mm/news/read.cfm/id/14011 မှ ကူးယူဖေါ် ပြသည်။ ။

လာမည့် ၂၀၁၀ -၂၀၁၁ ပညာသင်နှစ်မှစ၍ အခြေခံ ပညာပုဂ္ဂလိက အထက်တန်းကျောင်းများ တရားဝင်ဖွင့်လှစ်ရန် ကြိုတင် ပြင်ဆင်ခွင့် ပေးပြီ...................မှ

ယခုလအတွင်းမှ အစိုးရနှင့် ပူးပေါင်း၍ တရားဝင်ပုဂ္ဂလိက အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ရန်ကြိုတင်ပြင်ဆင်မှုကို ပြင်ဦးလွင်ရှိ စာပန်းအိမ်၊ နေပြည်တော်ရှိ စိုးစံ နှင့် ACA ပုဂ္ဂလိက ပညာရေးလုပ်ငန်းများက ပုဂ္ဂလိက အခြေခံပညာ အထက်တန်းကျောင်း များဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်း ပြင်ဆင်နေပြီဟုသိရှိ ရပါသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=623:2009-11-16-04-50-22&catid=42:2009-11-10-07-36-59&Itemid=112 မှ ကူးယူဖေါ် ပြ သည်။
မိုက်ကယ်လန်းစ်အဖွဲ့ မြန်မာပြည်သို့ လာရောက်ဖျော်ဖြေမည်

နှစ်ပေါင်းနှစ်ဆယ်ကျော်သက်တမ်းရှိပြီဖြစ်ပြီး ကမ္ဘာကျော်တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မိုက်ကယ်လန်းစ်တူရော့ခ်အဖွဲ့သည် မြန်မာနိုင်ငံတွင် လာမည့်ဒီဇင်ဘာလ တတိယပတ်အတွင်း ဖျော်ဖြေပွဲတစ်ခုကို ထူးကုမ္ပဏီအစီအစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီမှ အမှုဆောင် ဦးပြည့်ဖြိုးတေဇက အတည်ပြုပြောကြားသည်။ အဆိုပါပွဲအား ကျင်းပဖြစ်မည်ဆိုပါက မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးသော ကမ္ဘာကျော်များ၏ လာရောက်ဖျော်ဖြေမှုဖြစ်လာမည် ဖြစ်သည်။ မိုက်ကယ်လန်းစ်အဖွဲ့၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံအတွင်းတွင် လာမည့်ဒီဇင်ဘာလ ၁၈ရက်နေ့၌ ကျင်းပသွားရန် အကြမ်းဖျင်းစီစဉ်ထားကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေရန် မိုက်ကယ်လန်းစ်အဖွဲ့နှင့် ထူးကုမ္ပဏီတို့အကြား ညှိနှိုင်းမှုများ ပြီးစီးနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

မိုက်ကယ်လန်းစ်၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.mltr.dkတွင် မိုက်ကယ်လန်းစ်၏ တစ်နှစ်တာဖျော်ဖြေရေး အစီအစဉ်တွင် မြန်မာပြည်ခရီးစဉ်ကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။

“သူတို့လို ကမ္ဘာကျော်တွေ လာပြီးဖျော်ဖြေမယ်ဆိုတော့ အရမ်းကောင်းတောပေါ့။ ကျွန်တော်ကလည်း သူတို့ပရိသတ်တစ်ယောက်ပါ။ ခုလို သူတို့လာမယ်လို့ကြားရလို့ အရမ်းဝမ်းသာတယ်။ ပွဲကိုကြည့်ဖြစ်အောင် သွားကြည့်မယ်”ဟု မိုက်ကယ်လန်းစ်၏သီချင်း “Sleeping Child”ကို ပြန်လည်ပုံဖော်ထားသော “သူလေအိပ်နေတယ်” သီချင်းဖြင့် အောင်မြင်မှုရရှိခဲ့သည့် စည်သူလွင်က ပြောသည်။

မိုက်ကယ်လန်းစ်အဖွဲ့သည် မူလက ဒိန်းမတ်နိုင်ငံသား ဂီတပညာရှင်လေးဦးဖြင့် ဖွဲ့စည်းခဲ့သော ရော့ခ်တေးဂီတအဖွဲ့ ဖြစ်သော်လည်း အဖွဲ့ဝင် ဆိုရမ်မက်ဆမ် နုတ်ထွက်သွားသဖြင့် သုံးဦးသာ ကျန်ရှိတော့သည်။ ၎င်းတို့အဖွဲ့၏ Sleeping Child, Take me to your heart, 25minutes, Blue Night, Eternal Flame, Paint My Love, Somedayစသည့် သီချင်းများမှာ အလွန်ကျော်ကြားသော သီချင်းများဖြစ်ပြီး လူလတ်ပိုင်းမြန်မာပရိသတ်များ အထူးနှစ်သက်ကြသော သီချင်းများဖြစ်သည်။

၎င်းတို့၏ နာမည်ကြီး သီချင်းအားလုံးလိုလိုအား မြန်မာစာသားဖြင့် ထည့်သွင်းသီဆိုထားသော မြန်မာသီချင်းများမှာလည်း ပရိသတ်အကြား အထူးရေပန်းစာခဲ့သည်။ ပရိသတ်ထူးထူခြားခြား အားပေးခံရသော သီချင်းများမှာ မျိုးကြီးပြန်လည်သီဆိုထားသော အပြာရောင်အချစ်ည၊ ဝိုင်းဝိုင်း၏ကြိုးမဲ့စွန်၊ စည်သူလွင်၏ သူလေအိပ်နေတယ်၊ ထွဏ်းထွဏ်း၏ ၂၅မိနစ်စသည့် သီချင်းများဖြစ်သည်။

မိုက်ကယ်လန်းစ်အဖွဲ့သည် ရော့ခ်တေးဂီတအပျော့စား၊ ဘောလက်ခ်ရော့ခ်၊ ပေါ့ခ်ရော့ခ်၊ အော်တာနေးတစ်ပေါ့ခ်စသည့် တေးဂီတ အမျိုးအစားများကို အများဆုံးသီဆိုလေ့ရှိပြီး သူတို့၏ သီချင်းအများစုမှာ အပြင်းစား ပေါက်ကွဲသံစဉ်များ မပါဝင်ဘဲ သီချင်းအေးအေးငြိမ့်ငြိမ့်များသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာကျော်ဂီတပညာရှင် လာရောက်မှုအနေနှင့် ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာကျော်ရိုလင်းစတုန်းအဖွဲ့မှ ပင်တိုင်အဆိုတော် မစ်ခ်ဂျက်ကာ လာရောက်ခဲ့ဖူးပြီး ၎င်း၏ခရီးစဉ်သည် အလည်အပတ် သက်သက်သာ လာရောက်ခြင်းဖြစ်ပြီး ဖျော်ဖြေပွဲကျင်းပခဲ့ခြင်း မရှိပေ။

Credit: အေးမြကျော် (7Day News Journal, Vol. 8, No. 36)
http://www.planet.com.mm/news/read.cfm/id/14001 (မှ ကူးယူ ဖေါ် ပြသည်)

Friday, November 20, 2009

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် ရေနံတင်ဆိပ်ကမ်း စတင်ဆောက်လုပ်

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် ရေနံတင်ဆိပ်ကမ်း စတင်ဆောက်လုပ်
ရန်ကုန်၊ ရခိုင်ပြည်နယ်အတွင်း မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် ရေနံတင်ဆိပ်ကမ်းစတင်ဆောက်လုပ် နေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကမ်းလွန်ရေနံ လုပ်ငန်းတွင် စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်အမျိုးသားရေနံကုမ္ပဏတို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ- တရုတ်ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် ရေနံတင်ဆိပ်ကမ်း စတင်ဆောက်လုပ်သည့် အခမ်းအနား ကို အောက်တိုဘာ ၃၁ရက်တွင် ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမ၌ ကျင်း ပခဲ့ရာ ရခိုင်ပြည်နယ်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ ပို့ဆောင်ရေးဝန် ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေနှင့် စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီနှင့ှ်တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရေနံတင်ဆိပ်ကမ်း ကို ကျောက်ဖြူမြို့နယ် မဒဲ ကျွန်းတွင်ဆောက်လုပ်ခြင်းဖြစ်ပြီရေနံစိမ်းပိုက်လိုင်းကို ယင်းဆိပ် ကမ်းမှတစ်ဆင့် မဒဲကျွန်းအနောက် ဘက်ကိုဖြတ်သန်း၍ မြန်မာနိုင်ငံကို ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်သို့ ဆက် သွယ်မည်ဖြစ်ပြီး ယင်းပိုက်လိုင်းသည် မိုင် ၄၈၀ (၇၇၁ ကီလိုမီတာ)ဖြစ်သည်။
http://www.yangonmedia.com/news/news_detail.asp?nid=1480 မှ ကူး ယူဖေါ်ပြပါသည်။ ။

တမူမြို့ တွင် ပစ်ခတ်မှု ဖြစ်ပွားဟု ဆို

အိန္ဒိယ - မြန်မာ နယ်စပ်မြို့ တမြို့ဖြစ်သော စစ်ကိုင်းတိုင်း တမူးမြို့ ရပ်ကွက်တစ်ခုအတွင်း အိမ်တအိမ်ကို
အမည်မသိသူများက လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရှိရပါတယ်။

တမူးမြို့ကို ဖြတ်သန်းသွားသော အာရှလမ်းမကြီးဘေးရှိ အဆိုပါ နေအိမ်ကို နိုဝင်ဘာ
၁၆ ရက်နေ့ ည ၇ နာရီ ၀န်းကျင်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်တစုံတရာ
မရှိခဲ့ကြောင်း မြို့ခံများက ပြောကြားကြပါတယ်။

“အဝေးကနေ လှမ်းပစ်တာ။ အိမ်ကိုတော့ မထိဘူး။ အိမ်နဲ့ အိမ်နားက အမှတ် (၉)
စာသင်ကျောင်းကြားက မြက်ခင်းမှာကျတာ။ အသံက တော်တော်ပြင်းတယ်။ တမြို့လုံး
ဟိန်းသွားတာ။ တဘက် မိုးရေးကနေတောင် ကြားရတယ်တဲ့။ ဘယ်သူက ဘယ်လိုပစ်တယ်ဆိုတာ ခုထိ
မသိကြဘူး” ဟု တမူးမြို့ခံတဦးက ပြောပြပါတယ်။

တမူးမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတဦးက
ပစ်ခတ်မှုဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း၊ ထိခိုက်မှုမရှိကြောင်း
ဖြေကြား ခဲ့ ပါတယ်။

ဇွန်လအတွင်းကလည်း တမူးမြို့ မြို့သစ်ရပ်ရှိ နေအိမ်မှ လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် နေအိမ် ၃ လုံး
မီးလောင်ခဲ့ပြီး လူတဦး သေဆုံးခဲ့သေးတယ်လို့ သိရှိရပါတယ်။

Thursday, November 19, 2009

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး သတင်းများ

နယ်စပ်ကုန်သွယ်ရေးက သတင်းတွေပါ http://www.myanmartradenet.com.mm/ မှ ကူးယူ ဖော်ပြ ပေးထားတာပါ။ ဘာပဲ ပြောပြော မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကိုအနီးစပ်ဆုံး ခန့်မှန်းနိုင်မှာပါ။ လက်ရှိ နိုဝင်ဘာလ (၁၉) ရက်မှာတော့ အိန္ဒိယ တစ်ရူပီး ကို မြန်မာကျပ်ငွေ (၂၀) ၀န်းကျင်လောက်ရှိနေပါတယ်။ နယ်စပ်က သိရတဲ့ ပတ်တားလဲလှယ်နှုန်းကို လည်း တတ်နိုင်သလောက် တင်ပေးပါ့မယ်။ ။
ရိဒ်နယ်စပ်က ကလေးကင်းဘတ်ဖိနပ် ပိုမိုတင်ပို့နိုင်

မိုးအကုန်ဆောင်းအကူးကာလဖြစ်တဲ့အတွက် ကလေးစီးကင်းဘတ်ဖိနပ်များတဖက်နိုင်ငံသို့တိုးမြင့်တင်ပို့လျက်ရှိကြောင်း ရိဒ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ သတင်းရရှိပါတယ်။ စက်တင်ဘာလမှာ ကလေးစီးဖိနပ် ကျပ် ၂ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလထက် ကျပ် ၁ သန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်း အများဆုံးတင်ပို့နိုင်တဲ့ ပို့ကုန်တွေကတော့ ဆေးရိုး၊ ဆေးကြေမှုန့်၊ ချင်းတောင်ပန်းသီး၊ ချင်းပဲ (ပဲယင်း) ငြုပ်သီးစိမ်း၊ ၀က်အရှင်၊ စက်မှုကုန်ချောထွက်ကုန်၊ ပလပ်စတစ်အိတ်၊ အီလန်ဆပ်ပြာမှုန့်၊ မုန့်မျိုးစုံ၊ ဓါတ်ဘူး၊ မတ်ခွက်၊ ကလေးနဲ့ အမျိုးသမီးစီး Canvas ဖိနပ်များ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ သွင်းကုန်ပိုင်းမှာ တော့ပိုတက်နဲ့ယူရီးယား ဓါတ်မြေသြဇာများ င်သွင်းလျက် ရှိတယ်လို့သတင်းရရှိပါတယ်။
ခင်မိုးသူ
ပို့ကုန်အမယ်သစ် မြန်မာ့ငရုပ်သီးစိမ်း

အိန္ဒိယနိုင်ငံရဲ့ အဓိကဟင်းလျာအစားအစာတွေနဲ့ ရိုးရာသရေစာ (ဘယာကြော်၊ ဆမူဆာ) တွေမှာ တွင်တွင်ထည့်သုံးကြတဲ့ ငရုပ်သီးစိမ်း တွေကို ရိဒ်ဒေသမှာ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ရိဒ်ဒေသထွက် ငရုပ်သီးစိမ်းတွေကို တစ်ကီလိုလျင် ၁၈ ရူပီးလောက်နဲ့ ၀ယ်ယူ ကြပြီး တစ်ဖက် ဇိုခေါဒါရ်မှာ တစ်ကီလို ၂၁ ရူပီးခန့် ဈေးနဲ့ပြန်လည်ရောင်းချလျက်ရှိကြပါတယ်။

ပြည်မနဲ့ ဝေးကွာပြီး အိမ်နီးချင်းနိုင်ငံက လယ်ယာထွက်ကုန်ကိုသာ အဓိက အမီသဟဲပြုနေကြရတဲ့ ဇိုခေါဒါရ်နေ ပြည်သူအများကတော့ မြန်မာ နိုင်ငံ ရိဒ်ဒေသတ၀ိုက်က ထွက်ရှိတဲ့ ငရုပ်သီးစိမ်းကိုလည်း ယခု အခါမှာ အ၀ယ်လိုက်လျက်ရှိတဲ့အတွက် ပို့ကုန်တိုးမြှင့်ရေး အစီအစဉ် လိုင်စင် လျှောက်ထား တင်ပို့နိုင်ဖို့ ရိဒ်နယ်စပ် ကကုန်သည်တွေပြင်ဆင်နေကြတယ်လို့သိရပါတယ်။

ငရုပ်သီးစိမ်းဟာ ရိဒ်နယ်စပ်အတွက် အမယ်သစ်ပို့ကုန်ဖြစ်လာတော့မှာဖြစ်ပါတယ်။ လတ်တလောမှာ ရိဒ်နယ်စပ်က တဆင့်တစ်ဖက်နိုင်ငံကို တင်ပို့နေရတဲ့ လယ်ယာထွက်ကုန်တွေကတော့ ကွမ်းသီး၊ ဆေးရိုး၊ ချင်းတောင်ပန်းသီး၊ နနွင်းတက်၊ ဆေးကြေမှုန့်ဖြစ်ပါတယ်။
စမ်းစမ်းအေး

Wednesday, November 18, 2009

ပုသိမ်မြို့ အနီး ရေပြင်၌ ခရီးသည် တင်ရေယာဉ်တစ်စင်းနှင့် ဆီတင်တွဲပါတွန်းရေယာဉ်တစ်စင်းတို့တိုက်မိ

ပုသိမ်မြို့ အနီး ရေပြင်၌ ခရီးသည် တင်ရေယာဉ်တစ်စင်းနှင့် ဆီတင်တွဲပါတွန်းရေယာဉ်တစ်စင်းတို့တိုက်မိ

18/Nov/2009

ပုသိမ်မြို့အနီး ရေပြင်၌ ခရီးသည်တင် ရေယာဉ်တစ်စင်းနှင့် ဆီတင်တွဲရေယာဉ်
တစ်စင်းတို့ နိုဝင်ဘာ ၁၅ရက် ညပိုင်းက တိုက်မိသဖြင့် ခရီးသည်တင်ရေယာဉ်
ပေါ်တွင် လိုက်ပါလာသူအများစုအား ကယ်တင်နိုင်ခဲ့သော်လည်း ခရီးသည်အချို့
သေဆုံး၊ ပျောက်ဆုံးမှုရှိခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆက်လက်
ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။ ပုသိမ်-သက္ကယ်သောင်ပြေးဆွဲသည့် ခရီး
သည်နှင့်ရေယာဉ်ဝန်ထမ်း ၁၇၆ဦးလိုက်ပါလာသော ပုဂ္ဂလိက ခရီးသည်တင်ရေယာဉ်
နေမျိုးထွန်းကြီးသည် နိုဝင်ဘာ ၁၅ရက်ည၇နာရီတွင် ပုသိမ်ဆိပ်ကမ်းမှ ထွက်ခွာလာ
ရာ ည၈နာရီခန့်တွင် ပုသိမ်မြို့နှင့် ၆မိုင်ခွဲအကွာရှိ ရှမ်း ငူကျေးရွာအနီး၌ ပုသိမ်မြို့သို့
ဝင်ရောက်လာသည့် ဒီဇယ်ဆီများတင်ဆောင်လာသော ဆီတင်တွဲပါတွန်းရေယာဉ်
ဓနနှင့် တိုက်မိခဲ့ကြောင်း၊ ခရီးသည်တင်ရေယာဉ် နေမျိုးထွန်းကြီ့းသည် ယင်းနေရာ၌
ပင် ဦးပိုင်းကြေမွပြီး နစ်မြုပ်သွားခဲ့ကြောင်း၊ ရေယာဉ်နစ်မြုပ်ကြောင်း သိလျှင်သိချင်း
ရှမ်းငူကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများသည် စက်လှေများဖြင့်
လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊
ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များသည် ရှပ်ပြေး
ရေယာဉ်များဖြင့် လည်းကောင်း ရောက်ရှိလာကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်
ရွက်ခဲ့သဖြင့် ခရီးသည်တင်ရေယာဉ်တွင် ပါရှိသူ ၁၇၆ဦးအနက် ၁၂၆ဦးအားကယ်ဆယ်
နိုင်ခဲ့ကာ နိုဝင်ဘာ ၁၆ရက်အထိ သေဆုံးသူ၃၁ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးသူ၁၉ဦးအားဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။ ခရီးသည်တင်
ရေယာဉ်ပေါ်မှ ကယ်တင်ရရှိခဲ့သူ ၁၂၆ဦးအားပုသိမ်မြို့သို့ပို့ဆောင်ပေးခဲ့ရာ ဧရာဝတီတိုင်း
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အနောက်တောင်တိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ
တာဝန် ရှိသူများက ကြိုဆိုနေရာချထားပေးပြီး လိုအပ်သည့်ဆေးဝါးကုသမှုနှင့် ကူညီ
ထောက်ပံ့မှုများ ဆောင်ရွက်ပေးကာ နေရာအသီးသီးသို့ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း
၂၀၀၉ခုနှစ်နိုဝင်ဘာ ၁၈ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/news/news_detail.aspx?info_id=17126 မှ ကူးယူ ဖေါ် ပြပါသည်။

Monday, November 16, 2009

ချင်းပြည်နယ်ရိဒ်ရေကန်-အိန္ဒိယ နယ်စပ်သို့ လမ်းများတိုး ချဲ့

ချင်းပြည်နယ်ရိဒ်ရေကန်-အိန္ဒိယ နယ်စပ်သို့ လမ်းများတိုး ချဲ့
အောက်တိုဘာလ ဒုတိယ အပတ်တွင် ဖလမ်းမြို့ အနီးရှိ ရိဒ်ရေကန် မှ အိန္ဒိယ နယ်စပ်သို့ လမ်းများချဲ့ ထွင်ခြင်းကို စတင်ပြုလုပ်နေကြောင်းဒေသခံ တစ်ဦးမှ သစ္စာဂျာနယ် သို့ ပြောပါသည်။
စက်တင်ဘာ၂၈ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် မှ ကျောင်းသား များ ရိဒ်ရေကန်သို့ ပျော်ပွဲ စား ထွက်ရာမှ အပြန် လမ်းခရီး တွင် ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီး (၃)ဦး အခင်းဖြစ်ပွား နေရာ တွင် သေဆုံးခဲ့ သည်။ ထိုမတော်တဆ ဖြစ်ပွားမှုနောက်ပိုင်း တွင်မီဇိုရမ်ပြည်နယ်နှင့်မြန်မာနိုင်ငံ တို့ ပူးပေါင်းကာ လမ်းတိုးချဲ့ ခြင်း ကို စတင်ပြုလုပ်ကြခြင်းဖြစ်သည်။ “ မီဇိုရမ်ပြည်နယ်မှာ လမ်းဖောက်လုပ်ရာတွင် အသုံးပြုသော ဘူဒိုဇာကားများ ဖြင့် လမ်းများကို တိုးချဲ့ နေကြကြောင်း ဒေသခံများမှ ပြောပြသည်။
ယခင်လမ်း၏ အကျယ်အ၀န်းမှာ ၁၀ ပေသာရှိရာ ယခု အခါတွင် ပေ၃၀ အထိ တိုးချဲ့ ရန်လုပ်ဆောင်နေကြကြောင်း သိရသည်။ ချင်းပြည်နယ်၏သင်္ကေတ ဖြစ်သော အသည်းနှလုံး ရိဒ်ရေကန်သည်ခရီး သွားဧည့် သည်များစိတ်ဝင်စားသော နေရာတစ်ခု လည်းဖြစ်သည်ဟု သိရှိရပါသည်။
http://issuu.com/truenews/docs/true_news_2-14?viewMode=magazine အဆိုပါလင့်မှ ကူးယူ ဖေါ်ပြပါသည်။

Saturday, November 14, 2009

မုံရွာ-ဟုမ္မလင်းခရီးစဉ်သွား ရှော်တယ်တစ်စင်းတိမ်းမှောက် ခရီးသည် ၆၀ ၀န်းကျင်ပါဝင်ပြီး ၁၅ ဦးခန့် ပျောက်ဆုံးနေ

မုံရွာ-ဟုမ္မလင်းခရီးစဉ်သွား ရှော်တယ်တစ်စင်းတိမ်းမှောက် ခရီးသည် ၆၀ ၀န်းကျင်ပါဝင်ပြီး ၁၅ ဦးခန့် ပျောက်ဆုံးနေ
မုံရွာမြို့မှ ဟုမ္မလင်းမြို့ အထက်ဘက်ရှိ ဆယ်စင်းရွာသို့ သွားရောက်မည့် ရှော်တယ်တစ်စင်းသည် ဟုမ္မလင်းအောက်ဘက်မင်းကင်းမြို့နယ် ငအုံရွာအနီးတွင် တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
....အမည်ရှိသော အဆိုပါရှော်တယ်သည် နိုဝင်ဘာ လ ၁၂ ရက်နေ့ နံနက် ၃နာရီခန့်က ရေယာဉ်ချို့ယွင်းမှုကြောင့် တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ရေယာဉ်တွင် ခရီးသည် ၆၀ ဦးဝန်းကျင်နှင့် ကုန်တန်ချိန် ၃၃တန်ခန့် တင်ဆောင်လာကြောင်း သိရသည်။
'' ရှော်တယ်ရဲ့ သင်္ဘောနောက်ဘက်က ရေဆင်းပိုက်ပြုတ်ပြီး ရေ၀င်ပြီးနစ်သွားတာပါ။ ရေယာဉ်ချို့ယွင်းမှုကြောင့်ပါ။ ရှော်တယ်ကလည်း လိုင်စင်မဲ့မောင်းတာလို့ သိရပါတယ်။ ပြီးတော့ ကုန်တွေ၊ ခရီးသည်တွေကိုလည်း ပိုပြီးတင်ခဲ့တယ်လို့ သိရပါတယ်။ အခုကြားမိသလောက်တော့ ၁၅ယောက်လောက် ပျောက်နေတယ်လို့ ကြားရပါတယ်''ဟု ဒေသခံတစ်ဦးက ဆိုပါသည်။
လက်ရှိတွင် တိမ်းမှောက်မှုဖြစ်ခဲ့သည့် ရှော်တယ်မောင်းနှင်သည့်အဖွဲ့အား ပိတ်ခဲ့ပြီး အဆိုပါနေရာသို့ မုံရွာခရိုင်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ သွားရောက်၍ ကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့် နေရာမှာ ရေစီးကြမ်းပြီး ၀ဲအန္တရာယ်ရှိသည့်နေရာတစ်ခုဖြစ်ကာ မုံရွာမှ နေ့လည်တစ်နာရီခန့်တွင် ထွက်ခွာလာသော ရှော်တယ်ရေယာဉ်များသည် အဆိုပါနေရာကို ညအချိန်ရောက်ရှိပါက ခေတ္တရပ်နားကြပြီး နံနက်လင်းအားကြီးချိန်မှ ဖြတ်သန်းသွားလာလေ့ရှိကြောင်း သိရသည်။
မုံရွာမြို့တွင် မုံရွာ-ဟုမ္မလင်းခရီးစဉ်ကို ပြေးဆွဲပေးနေသော ရှော်တယ်အမြန်ယာဉ်အသင်းဖွဲ့ပေါင်း ၁၈ သင်းခန့်ရှိပြီး အဆိုပါအသင်းများတွင် တရားဝင်ပြေးဆွဲခွင့်ရရှိထားသည့် အသင်းများပါဝင်သကဲ့သို့ လိုင်စင်မဲ့မောင်းနှင်နေသည့် အသင်းများလည်းရှိကြောင်း မုံရွာမြို့ဒေသခံတစ်ဦးက ဆိုပါသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=578:2009-11-14-13-26-38&catid=44:2009-11-10-07-31-38&Itemid=113 နှင့် www.news-eleven.com မှ ကူးယူ ဖေါ် ပြသည်။ ။

Thursday, November 12, 2009

ချင်းတွင်းမြစ် ခရီးစဉ်များကို သွားလာနေသော ဒေသခံများ ခရီးစရိတ် သက်သာသော သင်္ဘောခရီးကိုသာ စီးနင်းမှုများ
Written by အောင်သူထွန်း (ကလေးမြို့)
Thursday, 12 November 2009 16:19
ချင်းတွင်းမြစ်ဘေးရှိ ခရီးစဉ် များကို သွားလာနေသော ဒေသခံ များအနေနှင့် ခရီးစရိတ်သက်သာ သော သဘောင်္ခရီးကိုသာ လိုက်ပါ မှုများနေသည်ဟု ဒေသခံများနှင့် ခရီးသည်များထံမှ သိရသည်။ ချင်း တွင်းခရီးစဉ်များမှာ မုံရွာမြို့မှခန္တီး၊ မုံရွာ-ဟုမ္မလင်းနှင့် မုံရွာ-ကလေးဝ ခရီးစဉ်များ ဖြစ်ကြကြောင်း၊ ခရီးစဉ် များအနက်မှ ချင်းတွင်းမြစ်ဘေးရှိ ခရီးစဉ် များကို သွားလာနေသော ဒေသခံ များအနေနှင့် ခရီးစရိတ်သက်သာ သော သဘောင်္ခရီးကိုသာ လိုက်ပါ မှုများနေသည်ဟု ဒေသခံများနှင့် ခရီးသည်များထံမှ သိရသည်။ ချင်း တွင်းခရီးစဉ်များမှာ မုံရွာမြို့မှခန္တီး၊ မုံရွာ-ဟုမ္မလင်းနှင့် မုံရွာ-ကလေးဝ ခရီးစဉ်များ ဖြစ်ကြကြောင်း၊ ခရီးစဉ် များအနက်မှ မုံရွာ-ခန္တီး ခရီးစဉ်ကို ရေနည်းပါးမှုကြောင့် ရပ်နားထား ကြောင်းသိရသည်။ ''မုံရွာကနေ အထက်ချင်းတွင်းကို တက်မယ်ဆို ရင် သင်္ဘောကိုပဲ စီးချင်တယ်။ နေရထိုင်ရတာလဲ လွတ်လပ်တယ်။ ခရီး စရိတ်လဲရှော်တယ်တွေထက်ခြောက် ဆလောက်သက်သာတယ်။ လုံခြုံ စိတ်ချမှုလဲရှိတယ်ဗျ။ ရှော်တယ်တွေ က မုံရွာ-ဟုမ္မလင်းကို နှစ်ရက်ခရီး စီးရတယ်။သက်သောင့် သက်သာမရှိ ဘူး''ဟု အထက်ချင်းတွင်းမှ ဒေသခံ တစ်ဦးက ပြောကြားသည်။

ချင်းတွင်းမြစ်ဘေးရှိ မြို့ရွာများမှ ကုန်စည်များသည်လည်း တစ် မြို့နှင့်တစ်မြို့ သယ်ယူပို့ဆောင်ရာ တွင်သင်္ဘောတန်ဆာက ပိုမိုသက် သာကြသည်ဟု သိရပါသည်။

''အထက်ချင်းတွင်းဖြစ်တဲ့ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့နယ်တွေက ငါးကျပ်ခြောက်တွေက သင်္ဘောနဲ့ လာကြတယ်၊ တန်ဆာသက်သာ တယ်။ မော်တော်တွေ၊ စက်လှေတွေ နဲ့ဆိုရင် တန်ဆာက ဈေးများတယ် လေ၊ ဒါကြောင့်သင်္ဘောကိုပဲ အား ထားလာကြရတယ်။ အထက်ကို ဆန်တဲ့ကုန် အများစုလဲ သင်္ဘောကိုပဲ စောင့်တင်ကြတယ်''” ဟုဒေသခံ ကုန်သည်များက ပြောကြားပါသည်။

''သင်္ဘောမရှိလို့ ရှော်တယ်စီးရင် ခရီးတစ်ခုကို ပိုက်ဆံ တအားတောင်းတယ်။ လိုက်ရတာက ကပ်ကပ်သပ်သပ်ရယ်။ရေနည်းခါ သင်္ဘောမရှိရင် ပိုဆိုးတယ်''ဟု ဖောင်းပြင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
Last Updated on Thursday, 12 November 2009 16:19
http://www.news-eleven.com/index.php?option=com_content&view=article&id=573:2009-11-12-09-50-32&catid=45:2009-11-10-07-45-41 မှ ကူးယူဖေါ်ပြသည်။ ။

Friday, November 6, 2009

အရွယ်မရောက်သူ မိန်းကလေးများကို ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် ခေါ်ဆောင်မှုများရှိ

အရွယ်မရောက်သူ မိန်းကလေးများကို ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် ခေါ်ဆောင်မှုများရှိ


အရွယ်မရောက်သေးသူ မိန်းကလေးများကို ကာမလိမ်လည် ရယူသည့်အပြင် ပြည့်တန်ဆာ အဖြစ် သိမ်းသွင်းရန် လိမ်လည်ခေါ်ဆောင်မှုလည်း ရှိနေကြောင်း ဖြစ်စဉ်များအရ သိရသည်။
အရွယ်မရောက်သေးသူ မိန်းကလေးများ၏ ကာမကို လိမ်လည်ရယူခြင်း ခံရသည် ဆိုရာတွင် အချို့မှာ လက်ထပ်ပါမည်ဟုပြော၍ အသက် ၁၆နှစ် မပြည့်သေးသူ မိန်းကလေးအား ကာမကို ရယူခြင်းနှင့် အချို့မိန်းကလေးငယ်များအား လိမ်လည်ခေါ်ယူကာ ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် ဖျားယောင်းခံရခြင်းအချို့ ပါဝင်ခဲ့ကြောင်း သိရသည်။
အရွယ်ရောက်ပြီး မိန်းကလေးအချို့ ကာမကို လိမ်လည်ရယူခြင်း ဆိုရာတွင် ခင်မင်ရင်းနှီးသူ အမျိုးသားများနှင့် အရက်အတူ ထိုင်သောက်မိရာမှ အရက်မူးနေချိန်တွင် တည်းခိုခန်းသို့ ခေါ်သွားကာ ကာမကို ရယူရန် ကြံစည်ခြင်းနှင့် ကာမစိတ်ကြွဆေးများ ထည့်ထားသော အစား အသောက်များကို စားသုံးမိရာမှ ကာမကို ရယူခြင်း ခံရသည့် ဖြစ်စဉ်အချို့လည်း ရှိခဲ့ကြောင်း သိရသည်။
၁၃နှစ်ကျော်သာရှိသေးသည့် မိန်းကလေးငယ်တစ်ဦး ကာမကိုလိမ်လည်ရယူရန် ကြံစည်ခြင်း ခံရမှုတစ်ခု အောက်တိုဘာလအတွင်းက တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်နှင့် နီးစပ်ရာ အသိုင်းအဝိုင်းမှ သိရသည်။
ဖြစ်စဉ်တွင် ကာမကို လိမ်လည် ရယူခြင်းခံရသည့် မိန်းကလေးမှာ အသက် ၁၃နှစ် ၄လ သာရှိသေးပြီး ဒဂုံတောင်မြို့နယ်၊ ----- ၊ ရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ တစ်ရပ်ကွက်တည်း နေသူ အသက် ၁၈နှစ်ရှိ အမျိုးသား တစ်ဦးက လက်ထပ်ယူပါမည်ဟု ပြောကာ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သက်ဆိုင်ရာက ကျူးလွန် သူကို အရေးယူခဲ့ရကြောင်း သိရသည်။
“မိန်းကလေးဆိုရင် ငယ်ငယ်ကြီးကြီး အုပ်ထိန်းသူက သတိထား စောင့်ကြည့်နေသင့်တယ်။ ဘယ်ကိုသွားမယ်၊ ဘယ်ကိုလာမယ်ဆိုတာကအစ မိန်းကလေး အဖေါ်နဲ့ဖြစ်ဖြစ် ဆွေမျိုး သားချင်း ယောက်ျားလေး အဖေါ်နဲ့ဖြစ်ဖြစ် လွှတ်သင့်တယ်။ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေ ကိုလည်း နားလည်အောင် ရှင်းပြသွန်သင် ဆုံးမထားသင့်တယ်။ အရွယ်ရောက်ပြီး မိမိကိုယ်ကို မိမိ ထိန်းသိမ်းနိုင်တဲ့ မိန်းကလေးတွေအထက်စာရင် အရွယ်မရောက်သေးတဲ့ အပျိုဖေါ် ဝင်ကာစ ၁၃နှစ်၊ ၁၄နှစ်၊ ၁၅နှစ် အဲဒီအရွယ်တွေကို ပိုပြီး သတိထား စောင့်ရှောက်သင့်တယ်” ဟု အငြိမ်းစား အထက်တန်း ကျောင်းဆရာမ တစ်ဦးက ဆိုပါသည်။
ကာမကို လိမ်လည်၍ ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် သွေးဆောင်ခြင်း ခံရသည့်ဖြစ်စဉ် တစ်ခုမှာ ယခုနှစ်အတွင်း၌ပင် တာမွေမြို့နယ် အတွင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ မေလ ၁၄ရက် နံနက် ၈နာရီအချိန်တွင် အသက် ၁၅နှစ်အရွယ် မိန်းကလေးသည် ယင်းနေထိုင်ရာ ဒဂုံတောင်မြို့နယ်၊ ----- ၊ ရပ်ကွက်မှ အဒေါ်ဖြစ်သူထံသွားရန်း နေအိမ်မှ ထွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်တောင်ပိုင်း ပြည်ထောင်စုလမ်းမရှိ သစ်ဆိုင်ကွေ့ ကားမှတ်တိုင်တွင် ကားစောင့် နေစဉ် အသက် ၄၂နှစ်အရွယ်နှင့် ၂၄နှစ်အရွယ်ရှိ ယင်းနှင့် တစ်လမ်းတည်းနေ အမျိုးသမီး တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း ယင်းတို့ နှစ်ဦးလုံးက မြို့ထဲသို့ သွားမည်ဖြစ်၍ လမ်းကြုံကြောင်း ပြောကာ အငှားကားဖြင့် တာမွေမြို့နယ်၊ ----- လမ်းရှိ နေအိမ်တစ်ခုသို့ ခေါ်ဆောင် သွားခဲ့ကြောင်း ယင်းနေအိမ်ရှိ အမျိုးသမီး တစ်ဦးထံ အပ်နှံထားခဲ့ပြီး မိန်းကလေးငယ်အား ခေါ်ဆောင်လာသူ အိမ်နီးချင်း အမျိုးသမီး နှစ်ဦးက ----- လမ်းနေအိမ် အမျိုးသမီးထံမှ ငွေကြေးရယူပြီး ပြန်သွားခဲ့ကြောင်း၊ ----- လမ်းနေအိမ်မှ အမျိုးသမီးက မိန်းကလေးငယ်အား ယောက်ျားများနှင့် ကာမစပ်ယှက်ရန် သွေးဆောင် စည်းရုံးခဲ့ကြောင်း သိရသည်။
ယင်းက မလုပ်လိုကြောင်း ပြောရာ ပြန်ချင်ပြီဆိုပါက နားကပ်တစ်ရန် ပေးရမည်ဟု ပြောခဲ့ကြောင်း၊ ထို့ကြောင့် သွေးဆောင်ခံရသည့် မိန်းကလေးက နားကပ်တစ်ရန် ချွတ်ပေး ခဲ့ရပြီး အိမ်သို့ ပြန်ရောက်စဉ် ဖခင်ဖြစ်သူကိုပြောကာ သက်ဆိုင်ရာတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
“ခုဟာက မိန်းမကောင်း ကလေးတွေကိုပါ စည်းရုံးပြီး ဘဝပျက်အောင် ကြံစည်လာကြတယ်။ ပြည့်တန်ဆာလုပ်ဖို့ လူရောင်းတဲ့ပုံစံပါ လုပ်လာကြတယ်။ အဲဒီနေရာမှာ စိတ်ဓာတ် ခိုင်မာတဲ့ မိန်းကလေးတွေက အချိန်မှီ ထိန်းသိမ်းနိုင်ပေမဲ့ ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ မိန်းကလေးတွေ အတွက်တော့ ပန်းကောင်း အဘညွှန့်ကျိုး ဘဝရောက်ဖို့ ပိုလွယ်ကူပါတယ်။”
“အခု သက်ဆိုင်ရာကလည်း အဲဒီလို အဖြစ်တွေကို သိလျင်သိချင်း ထိထိရောက်ရောက် အရေးယူနေပါပြီ။ အုပ်ထိန်းသူတွေ ဘက်ကလည်း မိမိတို့ရဲ့ ကလေးငယ်တွေကို အဲဒီလိုအဖြစ် မျိုးနဲ့ မကြုံရဖို့ ပညာပေးမှုတွေ၊ ဂရုစိုက် စောင့်ရှောက်မှုတွေ ပြုလုပ်သင့်ပါတယ်” ဟု ဖြစ်စဉ်များအပေါ် မိခင်တစ်ဦးက သုံးသပ်ပါသည်။
အရွယ်ရောက်ပြီး မိန်းကလေးတစ်ဦး ခင်မင်သူ မိန်းကလေး တစ်ဦးနှင့် ဘီယာအတူ သောက်မိ ရာမှ ကာမကို ကြံစည်ခြင်း ခံရသည့် ဖြစ်ရပ် အောက်တိုဘာလ ၈ရက်နေ့က သုဝဏ္ဏမြို့နယ်၌ ဖြစ်ပွားခဲ့သည်။
ကာမကို ကြံစည်ခြင်းခံရသူ အမျိုးသမီးမှာ သာကေတမြို့နယ်တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး ယခင် ယင်းနှင့် ခင်မင်ခဲ့ဖူးသူ အသက် ၄၉နှစ်အရွယ် အမျိုးသားနှင့် သုဝဏ္ဏလမ်းဆုံတွင် တွေ့ရှိခဲ့ပြီး အနီးရှိ ဘီယာဆိုင်သို့သွားကာ ဘီယာ အတူသောက်ခဲ့ကြောင်း သိရသည်။ ဘီယာ မူးလာ၍ မိန်းကလေးက အိမ်သို့ပို့ပေးရန် ပြောသော်လည်း အမျိုးသားက တစ်နေရာသို့ ခေါ်ဆောင်သွားပြီး ကာမကို ရယူရန် ကြံစည်ခဲ့သဖြင့် အမျိုးသမီးက ထွက်ပြေးခဲ့ရကြောင်းနှင့် သက်ဆိုင်ရာက အမှုဖွင့် အရေးယူခဲ့ရကြောင်းသိရသည်။
ယခုကဲ့သို့ ဖြစ်စဉ်များအပေါ် ဥပဒေပညာရှင် တစ်ဦးက “အသက် ၁၄နှစ် မပြည့်သေးတဲ့ မိန်းကလေး တစ်ဦးကို ကာမရယူတယ်ဆိုရင် မိန်းကလေးက အလိုတူတယ် ဆိုရင်တောင် မုဒိမ်းမှု မြောက်ပါတယ်။ အနိုင်အထက်ပြုခြင်းနဲ့ ကာမကို သွေးဆောင် အကျင့် ပျက်စီးအောင် ဖြစ်စေ အသက် ၁၈နှစ်အောက် မိန်းကလေးတစ်ယောက်ကို အခြားသူ တစ်ဦးတစ်ယောက်နဲ့ မတရားသဖြင့် ကာမစပ်ယှက်ဖို့ တစ်နေရာသို့ ထွက်သွားစေရန် သွေးဆောင် ခေါ်ယူရင် အဲဒီသူကို ၁၀အထိ ထောင်ဒါဏ် ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။”
“အဲဒီလို လုပ်တာကို ကာမပွဲစားအဖြစ် အရွယ်မရောက်သေးတဲ့ မိန်းကလေးကို ရှာပေးတာလို့ အဓိပ္ပါယ် ဖွင့်လို့ရပါတယ်။ နောက်ပြီး ပြစ်မှုပုဒ်မ ၃၆၃မှာ လူခိုးမှုကို ကျူးလွန်ရင် ထောင်ဒါဏ် ၇နှစ်အပြင် ငွေဒဏ်လည်း ချမှတ်လို့ ရတယ်လို့ ဆိုထားပါတယ်။ ဒီလို မိန်းကလေးငယ်တွေကို ကာမနဲ့ ပတ်သက်ပြီး လိမ်လည် ရယူတာဖြစ်စေ ပြည့်တန်ဆာအဖြစ် သိမ်းသွင်းဖို့ ကြံစည်တာ ဖြစ်စေ ပြုလုပ်ခဲ့တာတွေနဲ့ မကြုံရဖို့ အုပ်ထိန်းသူတွေက ကြိုတင် ကာကွယ်သင့်တယ်။ ဖြစ်ပေါ်လာရင်လည်း ရှက်ကြောက်မနေဘဲ သက်ဆိုင်ရာကို အကြောင်းကြားပြီး ထိထိ ရောက်ရောက် အရေးယူသင့်တယ်။ ဒါမှဒီလို ဖြစ်ရပ်မျိုးတွေ လျော့နည်းသွားမှာပါ” ဟုအကြံပြု ပြောကြားခဲ့သည်။



Bi Weekly Eleven ( No-31, Vol-12, Friday October 23 2009)

ရောဂါသုံးမျိုးရန်ပုံငွေအဖွဲ့ ရလဒ်များ ပြန်လည်သုံးသပ်

ရောဂါသုံးမျိုးရန်ပုံငွေအဖွဲ့ ရလဒ်များ ပြန်လည်သုံးသပ်


ငှက်ဖျား၊ တီဘီနှင့် အိပ်ခ်ျအိုင်ဗီ (အေ့ဒ်စ်) ရောဂါသုံးမျိုး လျော့ပါးစေရေးအတွက် သရီးဒီအက်ဖ် (Three Diseases Fund -3DF)မှ ငွေကြေးထောက်ပံ့လျက်ရှိရာ အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံအတွင်း လူ့အသက်ပေါင်းများစွာ ကယ်ဆယ်ရေးအတွက်များစွာ အထောက်အကူ ဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့က ရန်ကုန် ဆီဒိုးနားဟိုတယ်တွင် ကျင်းပသော ၂၀၀၈ ခုနှစ်အတွက် လုပ်ငန်းစဉ်ရလဒ်များ ပြန်လည်သုံးသပ် ဆန်းစစ်ခြင်း အစည်းအဝေးတွင် သရီးဒီအက်ဖ် ရန်ပုံငွေအဖွဲ့၏ ဥက္ကဋ္ဌ ဘက်အက်ကမန်က ပြောကြားသည်။

၂၀၀၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင်ပေါင်း ၆,၈၀၄ ဦးကို အေအာရ်တီဆေးများ ထောက်ပံ့ပေးနိုင်ခြင်း၊ တီဘီဝေဒနာသည်ပေါင်း ၂၇,၈၀၀ နှင့် ငှက်ဖျားရောဂါသည် ပေါင်း ၇၁၂,၆၀၀ တို့အား အောင်မြင်စွာ ဆေးကုသပေးနိုင်ခြင်း စသည်တို့ကို သရီးဒီအက်ဖ် ရန်ပုံငွေ အဖွဲ့အနေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ လူပေါင်း ၆၃၃,၅၀၀ ဦးကို အသိပညာပေးနိုင်ခြင်း၊ အဆုတ်နာဝေဒနာသည် ၁၃၁,၆၁၀ ဦးကို အပြုအမူပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲစေရန် ပညာပေး နိုင်ခြင်းစသည်တို့ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၀၆ ခုနှစ်၊ အောက်တိုဘာလမှ စတင်ခဲ့သော ရောဂါသုံးမျိုးတိုက်ဖျက် ရေးစီမံကိန်းအတွက် သရီးဒီအက်ဖ် အနေဖြင့် စီမံကိန်းပြီးဆုံးမည့် ၂၀၁၁ အထိ အမေရိကန်ဒေါ်လာ ၁၁၄ သန်း သုံးစွဲရန်လျာထားပြီး ယခုနှစ်အထိ ကန် ဒေါ်လာ ၇၁ ဒသမ ၅ သန်းသုံးစွဲပြီးဖြစ်သည်။

ယင်းလျာထားချက် ပမာဏသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် တစ်ခုတည်းသော အမြင့်မားဆုံး ရန်ပုံငွေဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီဝေဒနာ ရှင်ပေါင်း ၂၄၀,၀၀၀ ၀န်းကျင်နှင့် ငှက်ဖျားဖြစ်ပွားမှု အများဆုံးသော ဒေသများတွင် လူပေါင်း ၃၉ သန်းရှိသည့်အတွက် ၎င်းပမာဏမှာ မြင့်မားသည်ဟု မဆိုသာဘဲ ရန်ပုံငွေများစွာ လိုအပ်လျက်ရှိနေသေးကြောင်း သိရသည်။



မြန်မာတိုင်းမ် - အတွဲ ၂၂၊ အမှတ် ၄၃၈ (၅၊ ၁၁၊ ၂၀၀၉)

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ လမ်းပိုင်းအချို့ ဖောက်လုပ်ပြီးစီး၍ မြန်မာဘက်သို့ လွှဲပြောင်းပေး

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ လမ်းပိုင်းအချို့ ဖောက်လုပ်ပြီးစီး၍ မြန်မာဘက်သို့ လွှဲပြောင်းပေး
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ပြီးစီးသော အစိတ် အပိုင်းကို အိန္ဒိယနိုင်ငံ BRTF လမ်း ဖောက်လုပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံ ပြည်သူ့ဆောက်လုပ်ရေးသို့လွှဲ ပြောင်း ပေးအပ်ခဲ့ပြီး အဆိုပါလမ်း ပိုင်းအား အေးအေးခိုင် ကုမ္ပဏီမှ ဆက်လက်တာဝန်ယူ၍ ဆောင်ရွက် မည်ဟု သိရှိရပါသည်။
အဆိုပါလမ်းကို ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ၁၃ရက်နေ့တွင် ဖွင့် လှစ်ခဲ့ပြီး တမူး-ကလေး-ကလေးဝ မြို့များသို့ ဆက်သွယ်ထားပြီး လမ်း အရှည် ၁၀၀မိုင်ရှည်လျားကြောင်း၊ အဆိုပါလမ်းမကြီးသည် အိန္ဒိယ နိုင်ငံအတွင်းမှ လမ်းမကြီးဖြစ်သော NH-39 ကို အိန္ဒိယနိုင်ငံမိုးရေးမြို့မှ တစ်ဆင့်ချိတ်ဆက်ထားကြောင်း သိရသည်။ ''ဒီလမ်းမကြီးပြီးသွားရင် တော့ ကုန်သွယ်မှုလမ်းကြောင်းတွေ တော်တော် အဆင်ပြေသွားပါမယ်၊ အခုဆို လမ်းပိုင်းက တော်တော် ကောင်းနေပါပြီ၊ ကျွန်တော်တို့က ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံအတွင်း မှာ နေတာလေ၊ ဈေးကွက်အတွက်ပူ စရာမလိုဘူး၊ မြန်မာနိုင်ငံဟာ ပထ၀ီ အနေအထားအရ စီးပွားရေးလုပ် ကောင်းတဲ့နိုင်ငံတစ်ခုပါ''ဟု မြန်မာ - အိန္ဒိယ နယ်စပ်မှကုန်သည် တစ် ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်းမှလည်း တမူးမြို့၊ ကလေးမြို့၊ ကလေးဝမြို့ များမှတစ်ဆင့် မြန်မာနိုင်ငံ အလယ် ပိုင်းမန္တလေးမြို့သို့ ဆက်သွယ်နိုင်ပြီး မန္တလေးမြို့မှတရုတ်နိုင်ငံ နယ်စပ်မြို့ များသို့ဆက်သွယ်နိုင်ကာအာရှတိုက် ၏ အင်အားကြီးနိုင်ငံနှစ်ခုကို ဆက် သွယ်ရာတွင် အရေးပါသော လမ်း ကြောင်းတစ်ခုဖြစ်လာမည်ဟု နယ် စပ်ကုန်သွယ်ကုန်သည်များ အသိုင်း အ၀ိုင်းက သုံးသပ်ကြပါသည်။
အဆိုပါလမ်းပိုင်းမှ တမူး-ကျီ ကုန်း-ကလေးမြို့လမ်းပိုင်းကို ထပ် ပိုးလွှာ ခင်းပြီးပြီဖြစ်သောကြောင့် အိန္ဒိယနိုင်ငံ BRTF လမ်းဖောက် လုပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံပြည်သူ့ ဆောက်လုပ်ရေးသို့ ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းတွင်လွှဲ ပြောင်းပေးအပ်ခဲ့သည်ဟုသိရသည်။
''အခုပြီးသွားတဲ့ လမ်းပိုင်းဖြစ်တဲ့ တမူး-ကျီကုန်း-ကလေးမြို့လမ်း ပိုင်းကို လွှဲပြောင်းပေးခဲ့ပါတယ်။မြန်မာဘက်ကလဲ လက်ခံပြီးပါပြီ၊ ကျန်တဲ့ကျီကုန်း-ကလေးဝလမ်းပိုင်း ကို ဆက်လက် ထပ်ပိုးလွှာခင်းရ အောင်BRTF အဖွဲ့က ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။ ကျီကုန်း-ကလေးဝလမ်းပိုင်းကို အရင်ဆုံးပြု ပြင်မယ်လို့ သိရှိရပါတယ်''ဟု အင် ဂျင်နီယာတစ်ဦးကပြောကြားသည်။ကျီကုန်း-ကလေးဝလမ်းပိုင်းကို ပြင် ဆင်၍ထပ်ပိုးလွှာခင်းပြီးပါက ပြည် သူ့ဆောက်လုပ်ရေးလုပ်ငန်းသို့ အပြီးသတ် လွှဲပြောင်းပေးသွားမည် ဟု သိရသည်။
www.news-eleven.com မှကူးယူဖေါ်ပြသည်။

ကလေးမြို့နယ်အတွင်းရှိ ရေနံမှော်အချို့ ရေနံ တင်ဒါပွဲကျင်းပ

ကလေးမြို့နယ် မြစ်သာရွှေ ရည် ရေနံစက်မှုလက်မှု ကုန်ထုတ် သမ၀ါယမအသင်း လီမီတက် လုပ်ကွက်အတွင်းရှိ ရေနံမှော်များအား ၂၀၀၉ ခုနှစ်အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရေနံတင်ဒါပွဲ ကျင်းပ ခဲ့သည်ဟု သတင်းရရှိပါသည်။
အဆိုပါ လုပ်ကွက်များမှာ ဥယျာဉ်ရေနံမှော်၊ ကျောက်ခုပ်ရေနံ မှော်၊ ချောင်းကျဉ်းရေနံမှော်၊ ငါး ချဉ်-ဒိုးပင်ပိတောက်ရေနံမှော်၊ မိုး ကောင်း၊ ၀လစွာ၊ ထောင်လောင် ရေနံမှော်၊ ကျောက်စိမ်း၊ ကျောက် တစ်လုံး ရေနံမှော်၊ နန်းဇလိန်ရေနံ မှော်၊ လုံးဖုံးရေနံမှော်၊ ကိုင်းချောင်း၊ ဒန့်ဒင်ရေနံမှော်နှင့်ဖြစ်ပြီး ရေနံမှော် ကိုးမှော်ကို တင်ဒါစနစ်ဖြင့် လေလံပွဲ ကျင်းပခဲ့သည်ဟု သိရှိရပါသည်။
အဆိုပါ တင်ဒါကို ချက်ဖိုရှိ သော အသင်းသား များကိုသာ တင်ဒါ ဆွဲခွင့်ပြုသည်ဟု သိရှိရပါ သည်။
[ကလေးမြို့နယ်ရှိ ရေနံမှော် လုပ်ငန်းခွင်တစ်ခု အတွင်းမှ လုပ်သားများ] ''ကလေးမြို့နယ် အတွင်းမှာ ရေနံမှော်တွေအများကြီးရှိပါတယ်။ ကုမ္ပဏီတွေနဲ့ ဒေသခံတွေရဲ့ မြစ် သာ ရွှေရည်အသင်းက တာဝန်ယူ လုပ်ကိုင်နေကြတာပါ။ အခုနှစ် လေလံပွဲကို သိပ်စိတ်မ၀င်စားကြဘူး ဗျာ။ ဘာလို့လဲဆိုတော့ ကုမ္ပဏီသုံးခု လုပ်ကိုင်နေတဲ့ ရေနံမှော်တွေက အထွက် အားကောင်းပြီး ရေနံတူး တဲ့သူတွေကလည်း များတယ်လေ။ အခု တင်ဒါခေါ်တဲ့ ရေနံမှော်တွေက မှော်ဟောင်းတွေများပြီး ရေနံအ ထွက်လည်းနည်းတယ်။ တချို့မှော် တွေက တွင်းဟောင်းတွေပဲ ရေနံပြန် ခပ်နေရတာ''ဟု ရေနံတင်ဒါဆွဲသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါတင်ဒါပွဲတွင် ရေနံမှော် ကိုးမှော်အတွက် ရေနံစိမ်း အလုံးရေ ၃၁၂ ပေပါနှင့် တင်ဒါအောင်ခဲ့ပြီး ရေနံမှော် အလိုက် တင်ဒါအောင်သော ရေနံစိမ်းလုံး အရေအတွက်ဖြင့် ရေနံ စိမ်းတစ်လုံးလျင် ကျပ် ၁၀၀၀၀ ဖြင့် မြစ်သာရွှေရည်သို့ လစဉ် ပေးသွင်း ရမည်ဟု သိရှိရပါသည်။
ရေနံမှော် ကိုယ်စားလှယ်များ သည် ရေနံစိမ်းရောင်းဈေး (ဒေသ ပေါက်ဈေး)၏ ၆၀ ရာခိုင်နှုန်းကို ရေနံမှော်အတွင်း ရေနံစိမ်းဝယ်ဈေး အဖြစ် ရေနံတူးသော တွင်းသားများ ထံမှ ၀ယ်ယူရမည်ဟု သိရှိရပါ သည်။
ရေနံမှော်အတွင်း ရေနံစိမ်း ပေါက်ဈေး တစ်ပေပါကျပ် ၅၀၀၀၀ ၀န်းကျင်ရှိပြီး ကလေးမြို့ပေါ်ရှိ ရေနံ စိမ်းပေါက်ဈေးမှာ တစ်ပေပါလျင် ကျပ်တစ်သိန်းကျော်ရှိသည်ဟု သိရှိ ရပါသည်။
www.news-eleven.com မှ ကူယူဖေါ်ပြပါသည်။

ကလေး-ကလေးဝ ကားလမ်းတွင် လမ်းမြေသား ပြတ်ရွေ့များ ဖြစ်ပေါ်နေဆဲ

ကလေး-ကလေးဝ ကားလမ်းတွင် လမ်းမြေသား ပြတ်ရွေ့များ ဖြစ်ပေါ်နေဆဲ
မြန်မာ-အိန္ဒိယ နယ်စပ်ကုန် သွယ်ရေးအတွက် အဓိကသွားလာ နေကြသော ကလေးမြို့-ကလေးဝ ကားလမ်းတွင် လမ်းမြေသားများ ပြတ်ရွေ့များ ဖြစ်ပေါ်လျက်ရှိနေဆဲ ဖြစ်သည်ဟု သိရှိရပါသည်။ ''ဒီလမ်းက တောင်နံရံတွေနဲ့ မြစ်သာမြစ်အကြားကိုဖြတ်ဖောက် ထားရတော့ တောင်ပြိုတာ၊ လမ်း သားတွေပဲ့ပါသွားတာ၊ လမ်းမြေ သားတွေ နိမ့်ကျသွားတာတွေအမြဲ ဖြစ်ပေါ်နေပါတယ်။ မိုးများလာတော့ တောင်ပေါ်ကနေစီးလာတဲ့ ရေတွေ က တောင်ပေါ်မြေတွေကိုတိုက်စား ပြီး ကားလမ်းပေါ်ကို ရောက်လာတာ ပါပဲ''ဟု ကလေးမြို့-ကလေးဝမြို့ သို့ အမြဲသွားလာလျက်ရှိသော ခရီး သွားတစ်ဦးက ပြောကြားခဲ့ပါသည်။
ကလေးမြို့-ကလေးဝ ကား လမ်းတွင် မြေသားပြတ်ရွေ့ နိမ့်ကျ၊ ခြင်းများ ဖြစ်ပေါ်နေသော နေရာ များမှာ ရေဆန်ကျွန်းဘုရားရှေ့ လမ်းပိုင်း၊ ကျောက်ခုပ်နေရာအနီး၊ (၇) မိုင်နေရာ၊ ချောင်းကျဉ်းကျေး ရွာနေရာနှင့် သစ်ချောက်ကျေးရွာ အထွက်နေရာများဖြစ်သည်ဟု သိရှိ ရပါသည်။ အဆိုပါနေရာများသည် မိုးများ သောအချိန်များတွင် ကားများသွား လာရန်ခက်ခဲသော နေရာများဖြစ် သည်ဟု သိရှိရပါသည်။
ကျီကုန်းကျေးရွာနှင့် ကလေးဝ မြို့လမ်းပိုင်းကိုလည်း အိန္ဒိယနိုင်ငံ BRTF လမ်းဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ယူ ပြင်ဆင်နေဆဲဖြစ်သည် ဟု သိရှိရသည်။
''ဒီနေရာတွေက ပြင်လိုက်ပျက် လိုက်ဖြစ်နေမှာပဲဗျ။ ကျောက်ခုပ် နေရာဆို လမ်းမြေတွေ နိမ့်ကျသွား ပါတယ်၊ မြေကျင်းနဲ့တွက်မယ်ဆို ရင် ကျင်းပေါင်း ၃၅၀ လောက်ရှိ မယ်ဗျ။ ဒီလိုနေရာတွေ များလာရင် လမ်းက ခဏခဏပိတ်မယ်။ ရေဆန် ကျွန်းနေရာနဲ့ ချောင်းကျဉ်းနေရာ လည်း ဒီအတိုင်းပါပဲ။ ဒီလမ်းပိုင်းကို ဘူမိဗေဒနဲ့ပတ်သက်တဲ့ လေ့လာမှု တွေ လုပ်သင့်တယ်''ဟု ဒေသခံ အင်ဂျင်နီယာတစ်ဦးက ပြောကြား ခဲ့သည်။ မြေသားများပြတ်ရွေ့နေ သော လမ်းပိုင်းများကိုပြင်ဆင်လျက် ရှိသည်ဟု ပြည်သူ့ဆောက်လုပ်ရေး မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
အဆိုပါလင့်မှ ကူးယူဖေါ်ပြသည်။။
http://www.news-eleven.com/index.php?option=com_content&view=article&id=371:2009-10-26-07-56-35&catid=45:local&Itemid=114

Friday, October 30, 2009

ကလေးနယ်ရဲ့ ကထိန်ပွဲတော် ရာသီ နှင့် တန်ဆောင်တိုင်ပွဲများ (၁)

ကလေးနယ်ရဲ့ ကထိန်ပွဲတော် ရာသီ နှင့် တန်ဆောင်တိုင်ပွဲများ
ကလေးမြို့နယ်ရဲ့ ကထိန်ပွဲတော်ရာသီ စတင်ပါပြီ။ ဒီနှစ်မှာ ကထိန်တွေဟာ သူ့ အဖွဲ့ ကိုယ့်အဖွဲ့ အလိုက် ကျင်းပခဲ့ ကြပါတယ်။ ဒီကထိန်ထဲ က အထက(၁) ကထိန်၊ဌာနဆိုင်ရာ ၀န်ထမ်းပေါင်းစုံကထိန်၊ ကလေးမြို့ မြို့မဈေး ကထိန်တွေဟာ ထင်ရှားလှပါတယ်။တခြားကျွန်တော်မသိတဲ့ ကြီးကျယ်တဲ့ ကထိန်တွေ ရှိပါသေးတယ်။ ဒီလိုကျင်းပလာတဲ့ ကထိန်တွေ ဟာ ဟိုးအရင်နှစ်တွေကလို ကျင်းပ ကြပေမယ့် မစည်တော့တာတော့ သေသေချာချာပါပဲ ။အရင်တုန်းက ဆို ဌာနပေါင်းစုံကထိန် ဆို နတ်ချောင်းလမ်းမှ မဏ္ဋပ်တွေအများကြီးနဲ့ ကျင်းပခဲ့တာပါ။ ပျော်ပွဲရွှင်ပွဲ တွေ လဲ နည်းပါးသွားပါတယ်။ အထက (၁) ကထိန် ဟာ ကိုမြစ်သာတို့ ငယ်ငယ်တုန်းက အခြေ အနေ နဲ့ ဆို တော်တော်လေးကွာ သွားပါပြီ ။ ကျောင်းသားတွေက ပဲ မတက်ကြွ တော့တာလား ။ တက်ကြွခွင့် ပဲ မရတော့တာလား တော့မသိ ပါဘူး ။ ဒီနေ့ခေတ် အထက(၁) ကထိန်မှာ ကျောင်းသားတွေရဲ့ အိုးစည်ဒိုးပတ်ဝိုင်းတွေ မတွေ့ ရတော့ပါဘူး။။ အတန်းတစ်ခုက တော့ တူညီဝတ်စုံနဲ့ ယဉ်ယဉ်ကျေးကျေး ၀တ်ဆင်လာတာကိုတွေ့ရပါတယ်။ အရင်တုန်းက အထက(၁) ကထိန် ကိုတော့ လွမ်းမိပါသေးတယ်။
နောက်ရက်တွေကို
ကလေးမြို့ က နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ
မြသိန်းတန် ဘုရားပွဲ နဲ့
ကလေးဝမြို့ ကမီးမျှောပွဲတွေ ပါ
ဆက်လက်တင်ပေးပါအုန်းမယ်။။။။။။။။
အားပေးကြပါအုန်းဗျာ။။
***ကိုမြစ်သာ***

Monday, October 26, 2009

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

အလွန်ရုပ်ဆိုးသူနဲ့တွေ့ရင်နှုတ်ဆက်လိုက်ပါ။
ကိုယ့်ကြောင့်အားရှိလာပြီးသူပျော်ရွှင်လာရင်ကိုဟာလူတွေအတွက်အသုံးဝင်နေလိုပါ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

Net ဘောလုံးပွဲ ( ဟာသ )

Net ဘောလုံးပွဲ ( ဟာသ )
ဟုတ်ကဲ့ခင်ဗျာ ..... အခုချိန်မှာ ရာသီဥတုကတော့ net ကစားသမား
တွေအကြိုက်ပေါ့ ခင်ဗျာ ...
မီးက တဖွဲဖွဲ လာနေပါတယ် ခင်ဗျ ........ အခု publlic access centre က စပေ:ပြီခင်ဗျ
data ကိုဒေါင့်ဖြတ်တင်တယ် ခင်ဗျ ...... မရဘူးခင်ဗျာ .. ဒိုင်လူကြီး
ကိုပုဂံ က အနီရောင် access denie ပြထားတယ် ခင်ဗျ
ဟုတ်ကဲ့ ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ data ကို tel exchange
ကပြန်တင်လိုက်ပြန်ပြီ ခင်ဗျာ
မရပြန်ဘူးခင်ဗျာ ..... အွန်လိုင်: ups down တယ်တဲ့ခင်ဗျာ ..... data ဟာ
လိမ့်ကာလိမ့်ကာနဲ့ ပျက်သွားပြီ ခင်ဗျ
အခု ဂိုးသမား ကို administrator က ပိုက်ဘောမိထားတယ် ခင်ဗျာ ..... gtalk
ကနေတွေ.တာလို. ပြောပါတယ်ခင်ဗျာ
ဟုတ်ကဲ့ အခု တဖတ်အသင်းက ကစားကွက်ကို ပြောင်းကစားမယ်. ပုံစံပဲခင်ဗျ
port forwording နဲ့ပြောင်းချိတ်တယ်ခင်ဗျာ .... ဒါပေမယ်.
အတွေ.အကြုံရင့်ကျတ်တဲ့ ဘတ်တန်းကစားတဲ့ epc က
မီးကို ဖြတ်ချတယ် ခင်ဗျာ ..... ဟုတ်ကဲ့ တကယ်.ကို အခတ်အခဲ ပါပဲခင်ဗျာ
ချစ်ခင်လေးစား ရပါသော netမြင်အသံမကြား သုံးစွဲသူ မိဘပြည်သူ အပေါင်:တို့ ခင်ဗျာ
အခု ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ back bone ဒေါင်းသွာ:ပြီ
ဖြစ်တဲ့အတွက် ပွဲကိုရပ်နားလိုက်ရပါကြောင်း။ ။
http://sites.google.com/site/appleofadam/Home/photo/joke

**ကျွန်တော်နဲ့ တစ်နေ့စာများ **

ကျွန်တော်နှင့် တစ်နေ့စာ များ

လ္ဘက်ရည် ခပ်ကျကျ တစ်ခွက်နဲ့ ဆိုင်က ဖွင့်ထားတဲ့တီဗွီကို ငေးတော့
အရှိန် ပြင်းပြင်းနဲ့ ဆိုင်ကယ် တစ်စီး ဝေါခနဲ ဖြတ်သွား
သောက်လက်စ ဆေးပေါ့လိပ် မီးသေသွားလို့ မီးအခြစ်မှာ
သတင်းမှာ ဆူနာမီ သတိပေးချက်တွေ ထွက်လို့ လူတွေ အထိတ်တလန့်
ကဗျာရေးတဲ့ သူငယ်ချင်းက ပေါ့ဆိမ့် တစ်ခွက် မှာလိုက်တယ်
အွန်လိုင်း ယဉ်ကျေးမှုအကြောင်းကို သတင်းရေးတဲ့ သူငယ်ချင်းက
အာပေါင်အာရင်း သန်သန်နဲ့ ပြောတယ်
နာရေးယဉ်တန်းက ကြေးစည်သံကြားတော့ အသက်ခပ်ကြီးကြီး
ရည်းစားနဲ့ အဆင်မပြေတဲ့ သူငယ်ချင်းက ဒီနေ့ ဟင်းမကောင်းဘူးတဲ့
ကျုရှင်ဆရာက ပြောတယ် သူတို့ရဲ့ စာပေခရီးဟာ အောင်မြင်ပါတယ်တဲ့
အလန်းလေးတွေ ဖြတ်လျှောက်သွားတာကိုပဲ ကြည့်နေလိုက်တယ်
အိုဇုန်းလွှာပေါက်လို့ မိုးခေါင်တာဆိုပြီး တစ်ယောက်က ၀င်ပြောတယ်
ကြက်ဥ အတုတွေပေါ်တာ သူတို့ရဲ့ စီးပွားရေး ထိခိုက်တယ်တယ်တဲ့
ကဗျာဆရာက သူကဗျာ ကောင်းကြောင်း အတင်းဝင်ပြောတယ်
ကျွန်တော် ခါးတွေ ညောင်းလာတယ်
ကွန်ပျုတာဆရာက ကုတ်ချောင်းချောင်းနဲ့ဝင်လာတယ်
အိမ်ပြန် နောက်ကျမှာကို စိုးရိမ်လာတယ် ချိန်းဆိုမှုတွေကို
ခေါင်းတွေနောက်လာတော့ ထပြန်လာခဲ့တယ်…..။

ယွန်းအိမ်

Sunday, October 25, 2009

ကလေးမြို့ မှ စည်းကမ်းမဲ့ ယဉ်များ ပိုမို ရမ်းကား

ကလေးမြို့ မှာတော့ စည်းမဲ့ကမ်းမဲ့ ယဉ်တွေ၊ ယဉ်မောင်းတွေကြောင့် သေကြေပျက်စီး ကြတာ ထိခိုက်ဒဏ်ရာ ရတာတွေ တဖြည်းဖြည်း များလာတယ်လို့ သိရှိရပါတယ်။ အောက်တိုဘာလ ရဲ့ နောက်ဆုံးအပတ်မှာ စည်းကမ်းမဲ့ ဆိုင်ကယ်စီးနင်းသူတွေရဲ့ ဆိုင်ကယ်နဲ့ ၀င်တိုက်ခဲ့မှုကြောင့် သေဆုံးသူတွေ ရှိလာပါတယ်။ အရင်ကလဲ ရှိခဲ့ ပါတယ် ။ တချို့ ကလဲ မသေကြပေမယ့် ဒဏ်ရာသက်သာအောင် တော်တော်လေး ကု လိုက်ကြရတယ်လို့ သိရှိရပါတယ်။ ရပ်ထားတဲ့ ဆိုင်ကယ်ပေါ်က လူကို ထော်လာဂျီက တိုက်သွားတာ၊ မနက်ခင်းလမ်းလျှောက်တဲ့သူကို ဆိုင်ကယ်က ၀င်တိုက်သွားတာ ၊ ညနေပိုင်းလမ်းလျှောက်တဲ့သူ ကို ဆိုင်ကယ်က ၀င်တိုက်သွားတာ ။ထော်လာဂျီနဲ့ ဆိုင်ကယ်၊ ဆိုင်ကယ်နဲ့ တခြားယဉ်တွေ တော်တော်စုံစုံလင်လင်တွေ့ ရပါတယ်။ တကယ်တော့ ယဉ်တွေထဲ မှာ စည်းကမ်းမဲ့ပြီး ရမ်းကားကြတာ ကတော့ ထော်လာဂျီအများစု နဲ့ လူငယ်လေးတွေ စီးတဲ့ ဆိုင်ကယ်အများစု ပါ။ တချို့ တောင်ပေါ်ယဉ်လိုင်းမှာပြေးဆွဲတဲ့ ဂျစ်ကားတွေကလည်း ကူညီရမ်းကားကြပါသေးတယ်။ ဒေသဆိုင်ရာ
အာဏာပိုင်တွေကလည်း စည်းကမ်းတင်းကျပ်ပေမယ့် ကွယ်ရာမှာ ထင်သလို ရမ်းကားကြတော့တာ ပါပဲ။ ကလေးမြို့ က စည်းကမ်းမဲ့ ယဉ်တွေ၊ အသံ မျိုးစုံနဲ့နှိပ်စက်နေတဲ့ ထော်လာဂျီတွေကို ပိုမိုတင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ အရေးယူသင့် ပါပြီ။ နေ့ကော ညကော (၂၄) နာရီလောက် ရမ်းကားနေတဲ့ ဆိုင်ကယ်၊ ထော်လာဂျီ၊ စတဲ့ ယဉ်းမျိုးစုံကို တင်းတင်းကျပ်ကျပ် အရေးယူပေးပါလို့ မြစ်သာလွင်ပြင်က တောင်းဆိုလိုက်ပါတယ်။ အပြင်သွားရမယ်ဆိုရင်တောင် သရဏဂုဏ်တင်ပြီးထွက် ရမဲ့ကိန်းဖြစ်နေတဲ့ ဘ၀ ကနေ လွတ်မြောက်ချင်ပါပြီဗျာ။ ။

ကလေးဝမြို့နယ် သစ်ချောက် ကျောက်မီးသွေးမိုင်းမှ ထွက်ရှိသော ကျောက်မီးသွေးများကို ယခုနှစ်တွင် အများဆုံးတင်ပို့နိုင်

ကလေးဝမြို့နယ် သစ်ချောက် ကျောက်မီးသွေးမိုင်းမှ ထွက်ရှိသော ကျောက်မီးသွေးများကို ယခုနှစ်တွင် အများဆုံးတင်ပို့နိုင်မည်ဟုသိရသည်။
''အရင်နှစ်က စီးပွားရေးပျက် ကပ်ရှိတာကြောင့် ကျောက်မီးသွေး အ၀ယ်နည်းတယ်လေ၊ ဒီနှစ်မှာတော့ အမှာများတယ်၊ ကုမ္ပဏီတွေက လို သလောက်ယူမယ်ပြောတယ်၊ ဒီဘက်နယ်ကထွက်တဲ့ ကလေးဝကျောက်မီး သွေးက အရည်အသွေးကောင်း တယ်။ ဒါကြောင့်လူကြိုက်များကြ တယ်။ ဒါပေမယ့် ကျောက်မီးသွေး ကြောအနက်က အများဆုံးကိုးပေ လောက်ပဲရှိတယ်။ ဒီဘက်ကိုလာ ၀ယ်တဲ့ ကုမ္ပဏီတွေက ဒီဘက်ကနေ မလုံလောက်တော့မှ ရှမ်းပြည်နယ် ဘက်က ကျောက်မီးသွေးကိုယူမယ် လို့ပြောကြတယ်''ဟု ကျောက်မီး သွေးကိုယ်စားလှယ်ဦးစန်းက ပြော ကြားခဲ့ပါသည်။
ကလေးဝမြို့နယ်တွင်ကျောက်မီး သွေးကို သတ္ထုတွင်းဝန်ကြီးဌာန မှထုတ်လုပ်လျက်ရှိပြီး ပြင်ပကုမ္ပဏီ များအနေနှင့် ထွန်းသွင်ကုမ္ပဏီနှင့် ထူးဟန်သစ် ကုမ္ပဏီတို့မှလည်း ထုတ်လုပ်လျက်ရှိသည်ဟု သိရှိရပါ သည်။ ကလေးဝမြို့နယ်အတွင်းမှ ကျောက်မီးသွေးများကို ရန်ကုန်၊ မန္တလေးမြို့နှင့် ပခုက္ကူ၊ မြင်းခြံမြို့ များသို့ တင်ပို့လျက်ရှိပြီး အောက်တို ဘာလပထမအပတ်အထိ ကျောက် မီးသွေးတန် ၅၀၀၀ တင်ပို့ ပြီးပြီ ဟု ကျောက်မီးသွေး ကိုယ်စားလှယ် တစ်ဦးထံမှ သိရပါသည်။ ကျောက် မီးသွေးများကို ၀ယ်ယူသူများထံသို့ အရောက်ပို့ စနစ်ဖြင့် တင်ပို့လျက် ရှိပြီး မန္တလေးမြို့သို့ တစ်တန်လျင် ကျပ် ၅၅၀၀၀၊ ရန်ကုန်မြို့သို့ ကျောက်မီးသွေးတစ်တန်လျင် ကျပ် ၇၅၀၀၀ဖြစ်သည်ဟု သိရပါသည်။
''ကျောက်မီးသွေးတွေကို အဓိ က ရေလမ်းကနေ တင်ပို့ပါတယ်၊ ရေလမ်းကအချိန်ကြာပေမယ့် သံခွံ မော်တော်ကြီးတွေဆိုရင် လုံခြုံစိတ် ချမှုရှိတယ်။ ဒီဘက်ကနေအစစ အရာရာ တာဝန်ယူပေးရတယ်။ ကျောက်မီးသွေး အရည်အသွေး ကောင်းအောင်လဲ လုပ်ပေးရတယ်။ ပွင့်လင်းရာသီမှာထုတ်လုပ်ပြီးတော့ မိုးတွင်းအခါ ရေများတဲ့အခါမှာ သယ်ယူပို့ဆောင်ကြရတာများတယ်'' ဟု ဦးစန်းက ဆက်လက်ပြောသည်။
ကလေးဝကျောက်မီးသွေးများ ကို အပေါ်ယံမြေအား ဖယ်ရှားပြီး အိုးပင်းစနစ်ဖြင့် တူးဖော်ကြသည့် အပြင် လိုဏ်ကိုတူးဖော်ပြီး လိုဏ် များမှ သစ်များဖြင့် ထောက်ကာ တူးဖော်ကြသည်ဟု သိရှိရပါသည်။
http://news-eleven.com/index.php?option=com_content&view=article&id=317:2009-10-19-17-05-55&catid=45:local&Itemid=114 မှ ကူးယူ ဖေါ်ပြသည်။ ။

Friday, October 23, 2009

ကလေးမြို့နယ်အတွင်းက မိုဘိုင်းဈေးသည်များ

ခေါင်းရွက် ဗျပ်ထိုးဈေးသည်ဆိုတာ ဟိုးရှေးတုန်းကစလို့ ယနေ့တိုင် မရိုးနိုင်တဲ့ ဈေးသည်ပါ။ အခုခေတ်စကားနှင့် ပြောရရင် အိမ်တိုင်ရာရောက် စနစ်လို့ပဲ ပြောရမလား၊ ဒိုးတူဒိုး စနစ်လို့ ဆိုရမလားပဲ၊ `မောင်တစ်ထမ်း၊ မယ်တစ်ရွက်´ဆိုတာလို လမ်းတကာ ရွာတကာ လှည့်လည်ပြီး ရောင်းရတဲ့ ဈေးသည်ပါ။ တချို့ ဈေးသည်က ပစ္စည်းအမယ်တစ်မျိုးတည်းကို လှည့်ရောင်းတဲ့ ဈေးသည်ရှိသလို၊ တချို့ကလည်း အမျိုးစုံ၊ အမယ်စုံ တောင်းနှင့်ထည့် ခေါင်းပေါ်ရွက်ရောင်းတာမျိုးပေါ့၊
ချင်းတွင်းမြစ်ရိုးတစ်လျှောက်နှင့် မြစ်သာမြစ်ရိုး ယောနယ်ဒေသတစ်ခွင်မှာတော့ ဆောင်းဦးပေါက်၊ ပွင့်လင်းရာသီရောက်လာပြီ ဆိုတာနှင့် တောရွာတွေမှာ ညွှတ်ပက် အထမ်းသည်တွေကို မျှော်ရတယ်။ တချို့က ဖာအထမ်းသည်လို့လည်း ဆိုတယ်။ ထန်းခေါက်ဖာ အထမ်းသည်ပေါ့။ အနည်းဆုံး ငါးယောက်၊ ဆယ်ယောက်၊ ဆယ့်ငါးယောက် အဖွဲ့လိုက်လာတယ်။ ရွာဦးဇရပ်မှာဖြစ်စေ၊ ရွာဦးဘုန်းကြီးကျောင်းမှာ ဖြစ်စေ တည်းခိုတယ်။ အဖွဲ့လိုက်စု ချက်ပြုတ်စားသောက်ပြီးမှ တစ်ရက်တန်သည် နှစ်ရက်တန်သည် ရွာထဲ ဈေးလှည့်ရောင်းတယ်။
သူတို့ ဈေးသည်တွေမှာ ဘီးပါတယ်၊ မှန်ပါတယ်၊ မျက်နှာချေ၊ ပေါင်ဒါပါတယ်၊ မိန်းကလေး အသုံးအဆောင် ဆံဖိ၊ ဆံညှပ်ကစလို့ ဒါးတံဆိပ် စနိုး၊ ရေမွှေး၊ ခေါင်းလိမ်းဆီ၊ အုန်းဆီ၊အင်္ကျီစ၊ ပုဆိုး၊ ဖိနပ်၊ ချိုချဉ်၊ မုန့်၊ ဘီစကစ် စုံအောင်ပါတယ်။ အရပ်ထဲရောင်းတဲ့ ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေကတော့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ဆူးပုပ်၊ ဘူးညွှန့်၊ ဖရုံညွှန့်၊ နံနံပင် စုံစိအောင်ပါတယ်။
အခုတော့ ကလေးနယ်မှာ စက်ဘီးပေါ် ပစ္စည်းစုံ၊ သရေစာမျိုးစုံတင်ပြီး၊ ရွာစဉ်ထိုး ဈေးလှည့်ရောင်းတဲ့ဓလေ့ ခေတ်စားလာတယ်။ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ၊ အထမ်းသည်တွေ သိပ်မတွင်ကျယ်တော့ဘူး၊ စက်ဘီးဈေးသည်တွေ နေရာတကာ တွေ့လာရတယ်။
အရင်းအနှီး တော်တော်တောင့်တဲ့ ဈေးသည်က ဆိုင်ကယ်နဲ့လှည့် ဈေးရောင်းတယ်။ ဆိုင်ကယ်က ဓာတ်ဆီဖိုး အပိုဆောင်းကုန်ရပေမယ့်၊ ခရီးဝေး သွားလာနိုင်တာဆိုတော့ အရောင်းအ၀ယ် ပိုသွက်လက်တယ်။ အခုဆိုရင် ကလေးမြို့မြောက်ဖက် ၈၃ မိုင်ဝေးတဲ့ တမူးမြို့အထိ ဆိုင်ကယ်နှင့် ဈေးရောင်းသွားကြတယ်။ ကလေးမြို့-ကလေးဝ ၂၄ မိုင် ခရီးဆိုတော့ ဈေးအမီ မနက်စောစော ဈေးသွားရောင်းကြတယ်။ ကလေးမြို့ တောင်ဖက်ပိုင်းက နက်ချောင်း၊ နက်မြောင်း၊ မြောက်စည်းတင်သား၊ ဒိုးနွမ်၊ ရေနံမှော်တွေအထိ ဆိုင်ကယ်နှင့် ဈေးရောင်းတတ်ကြတယ်။
`မုန့်ပဲ သားရေစာ ကွမ်းသီးကွမ်းရွက်နှင့် တမူးလမ်းတစ်လျှောက် ဈေးရောင်းတက်ရင် အသွားအပြန် သုံးလေးရက်ကြာတယ်´ လို့ စက်ဘီးဈေးသည် တစ်ဦးက ပြောပြပါတယ်။
`မနက် မလင်းခင် အိမ်ကနေထ၊ ကလေးမြို့ မြို့မဈေးမှာ မနက်စောစော လိုတာဝယ်၊ လမ်းတစ်လျှောက် ရွာတွေ ၀င်ရောင်းတာပဲ သူတို့ကလည်း မှာတယ်။ တချို့ဈေးဆိုင်တွေဆိုရင် ဘာဝယ်ခဲ့ပါ၊ ညာဝယ်ခဲ့ပါ မှာကြတယ်။ စာအုပ်၊ ဘောပင်နှင့် မှတ်ရတာပေါ့၊ တချို့ ရွာတွေက ကလေးမြို့က အီကြာကွေး၊ ပေါက်စီ၊ စမူဆာ စသဖြင့် မှာတယ်။ မုန့်၊ အ၀တ်အထည်၊ အလှကုန်၊ အသီးအနှံ၊ စက်ပစ္စည်း အစုံပါပဲ။ အဓိကကတော့ ပုံမှန်ဖောက်သည် ရသွားရင် ဆီဖိုးနှုတ်၊ သုံးလေးငါးထောင်တော့ ကျန်ပါတယ်။ မိုးရွာရက်တွေဆိုရင်တော့ တော်တော်ကသီတယ်။ ကျန်တဲ့ရက်ကတော့ ပုံမှန်ပါပဲ´ လို့ ဆိုင်ကယ်ဈေးသည် ကိုဇော်ကြီးက ပြောပြပါတယ်။ ကလေးမြို့ရဲ့ အရှေ့အနောက် တောင်မြောက် မြို့ အထွက်ကနေ မနက်စောစောထပြီး စောင့်ကြည့်မယ်ဆိုရင် နေ့စဉ် သွားလာ ရောင်းဝယ်နေကြတဲ့ ဆိုင်ကယ်ဈေးသည်၊ စက်ဘီးဈေးသည် မနည်းမနောဘဲ။
ကလေးနယ်မှာ မိုဘိုင်းဈေးသည်ရယ်လို့စတင်လာတာ (၁၀)နှစ်ဝန်းကျင်လောက်ရှိပါပြီ။အစပြုချိန်တုန်းက တော့ စက်ဘီးလေးတွေနဲ့ ဖြစ်ပေမယ့် နောက်ပိုင်းများမှာတော့ ဆိုင်ကယ်တွေ တစ်ထုံးထုံးနဲ့ ဖြစ်လာပါတယ်။ မိုဘိုင်းဈေးသည်လေးတွေရဲ့ ဈေကွက်ဖြစ်တည်ရာကတော့ ကလေးမြို့ မြို့မဈေးရှေ့ က မီးခွက်ဈေး လေးက အစ ဖြစ်ပါတယ်။ ဒီဈေးက နေ နေ့ စဉ် ဟင်းရွက်ကန်စွန်းရွက်တွေ ဟာ နယ်တကာစုံအောင်လှည့်လည်ရောင်းချ ပေးနေ ကြောင်း.....။ ။

မလေးရှားကိုသွားမယ်ဆိုရင်ဖြင့် .......................

အထက်ဖော်ပြပါ သတင်းများနဲ့ ပတ်သက်ပြီး အကောင်းဖက်မှနေ ရိုးရှင်းစွာ သုံးသပ်တင်ပြခွင့်ပေးပါ။ အထက်ဖော်ပြပါ အကြောင်းအရာများမှ သတင်းအချို့ မှန်ပါသော်လည်း မပြည့်စုံပါ။ အကြောင်းရင်းမှာ ကိုယ်တွေ့ သေသေချာချာ မလေ့လာမသုံးသပ်ပဲ တစ်ဦးတစ်ယောက်တည်း၏ အဖြေစကားပေါ် မူတည်ထားသောကြောင့်ဖြစ်ပါသည်။ ကျွန်တော်သည် မည့်သည့်အဖွဲ့အစည်း မည်သည့်ခံယူချက် များစသည့်တို့ တွင်ပါဝင်သော သူတစ်ဦးမဟုတ်ပါ။ လူမှုရေးကူညီမှုတစ်ခုအရ အကြောင်းတိုက်ဆိုင်စွာပင် အထက်ဖော်ပြပါ မြန်မာများ ဖမ်းဆီးထိမ်းသိန်းခံကြရသော ကန့်များစွာအနက်မှ အဆိုပါ လန်ကပ်ကန့်၊ ထိုင်းနယ်စပ်နားရှိ ဘလန်တစ်ကန့်၊ ပီနန်းမြို့ အနီးရှိ ဂျူရုကန့်များသို့ မြန်မာများ လွတ်မြောက်ရေးအတွက် သွားရောက်ကူညီ လုပ်ဆောင်ခွင့် ရရှိခဲ့ပါသည်။ ယခု ရေးသားနေသောပို့ ကို ရေးနေချိန်တွင်လည်း ဘလန်တစ်ကန့်မှ ၄၈၄၇ ကို သန်း ...၊ ၆၉၃၉ ကိုစိန် ...၊ ၇၂၅၀ ကိုဖိုး ....၊ ၆၈၀၇ မမိ...၊ ၇၁၅၃ မမာ၊ ၇၀၀၅ မအေး (ကလေးကိုယ်ဝန် ၄ လ) အစရှိသူတို့ ရေးသားဖြည့်စွက်ထားသော (၁၅၊၁၀၊၂၀၀၉) ရက်စွဲရှိသော ကိုယ်ရေးအချက်အလက် လျှောက်လွှာများအား ဓာတ်ပုံကပ်နေသောအချိန်ဖြစ်ပါသည်။
အချိန်မှာ ည ၃ နာရီရှိနေပြီဖြစ်သော်လည်း ဖော်ပြပါ သတင်းအား ဖတ်ရှုရသော ကျွန်တော် ကျွန်တော်သိသလောက် အတွေ့အကြုံများကို စာရေးသားလိုက်ရခြင်းဖြစ်ပါသည်။

ကန့်တွင်းရှိသူများ၏ နံပါတ်များကို ကျွန်တော်သိခွင့်ရခြင်းမှာလည်း သံရုံးတွင် အလုပ်လုပ် သောကြောင့် ကျွန်တော်သိရခြင်းမဟုတ်ပါ။ လူမှုရေး ကူညီမှုအရ သွားရောက်ကူညီရင်း အ၀တ်အစားနွမ်းစုတ်စုတ်၊ ညစ်ညစ်ပေပေနှင့် ခြင်ကိုက် ကြမ်းပိုကိုက်အစရှိသည် ဒုက္ခ များကို ခံစားနေရင်း မျှော်လင့်ခြင်းရောင်ခြည်လေးများဖြင့် ရေးသားပေးကြသော လျှောက်လွှာများကို ဆိုင်ရာသို့ တင်ပို့ပေးနိုင်ရန်အတွက် လုပ်ကိုင်ပေးရခြင်းကြောင့်ဖြစ်ပါသည်။

ကျွန်တော်တင်ပြထားသော ကန့် ၃ ကန့်မှ ရှေးဦးစွာ မြန်မာပြည်သို့ ကျွန်တော်တို့ အမေ့လက်ရာ လူမှုရေးကူညီမှုမှ ပို့ဆောင်ခွင့်ရခဲ့သည်မှာ ဂျူရုကန့်ဖြစ်ပါသည်။ လေယာဉ်တစ်စီး၊ လေကြောင်းခရီးစဉ် တစ်ခေါက်အတွက် အမ်အေအိုင်မှ ၅၀ ဦးခွင့်ပြုချက်ရခဲ့ပါသည်။ ပထမဆုံး အုပ်စု ၉ လပိုင်း လဆန်း ၂၀၀၉ တွင် ပြန်ခွင့်ရခဲ့ကြရာ ကျွန်တော်ကိုယ်တိုင် ကေအလ်လေဆိပ်သို့ လိုက်ပါပို့ဆောင်ခွင့်ရခဲ့ပါသည်။ ကျွန်တော်မိတ်ဆွေ တစ်ဦးမှာမှု အဆိုပါလေယာဉ်ဖြင့်ပင် မြန်မာပြည်သို့ လိုက်ပါသွားပြီး ပြန်လည်ရောက်ရှိသူများကို မည်သို့ ကြိုဆိုဆောင်ရွက်ပေးသည်ကို သိရှိရန် လိုက်ပါသွားပါ သည်။ အကြောင်းမှာ ကျွန်တော်တို့မှ လှုမှုရေးကူညီမှု အဖြစ်ဆောင်ရွက်ပေး နေသော်လည်း ပြန်သွားသူများ မြန်မာပြည်ဖက်တွင် အဆင်မပြေလျှင် ကျွန်တော်တို့ အပြစ်လည်း ကင်းမည် မဟုတ်သောကြောင့် ဖြစ်ပါသည်။ ဖော်ပြပါ ပြန်သွားသူများအား မြန်မာပြည်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ လက်ခံကြိုဆိုကြပြီး နေ့ချင်းပင် လေဆိပ်သို့ လာကြိုကြသော မိဘ ဆွေမျိုးများဖြင့် မိမိတို့အိမ်ယာသို့ ပြန်ခွင့်ရရှိသွားပါ သည်။ အပြန်လမ်းစရိတ်မရှိသူများအားလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှတဆင့် သက်ဆိုင်ရာများနှင့် အိမ်အရောက် လိုက်ပါပို့ဆောင်ပေးသည်ကို သိရှိရပါသည်။ လေဆိပ်တွင်လည်း လူကြီးများရှိသဖြင့် မည်သူမျှ လက်ဖက်ရည်ဖိုး မတောင်းရဲကြပါ။

မြန်မာပြည်သည်လည်း အခြားနိုင်ငံအချို့နည်းသူ လက်ဖက်ရည်ဖိုး ပေးကြသည့် အစဉ်အလာရှိပါသည်။ သို့သော် ယခုကဲ့သို့ အခက်အခဲ များစွာနှင့် ပြန်ရောက်လာသူများကို အခက်အခဲဝန်ပိုစေရန် လက်ဖက်ရည်ဖိုးတောင်းသူများ ကို သိရှိပါက နာမည်၊ ရာထူးနှင့် တကွ သက်ဆိုင်ရာသို့ တိုင်တန်းပါက ချက်ချင်း အရေးယူပေးနေချိန်ဖြစ်ပါသည်။ နောက်ဆုံး သတင်းရရှိချက်အရ မြန်မာ စကား ပြောရင်း ပြောရင်း ကား ကား သွားသဖြင့် စကားသည် ကားသွားကာ မင်္ဂလာဒုံရဲစခန်းတွင် ဖမ်းဆီးပြီး မည်သူက မည်သည့်လမ်းကြောင်းမှ ပိုဆောင်ပေးသည်၊ မည်မျှကြာ အလုပ်လုပ်ခဲ့သည်၊ မလေးအကျဉ်းစခန်းတွင် မည်မျှကြာခဲ့သည်၊ မြန်မာနိုင်ငံတွင် ထပ်မံကျခံရန် မလေးအစိုးရမှ အပ်လိုက်ကြောင်း ခြိမ်းခြောက်ကာ ပိုင်ဆိုင်မှုမည်မျှမှ အခွန်မည်မျှ ပေးဆောင်ရမည် .... အစရှိသည့် အောက်တိုဘာ ၂၀၀၉ ခုနှစ် အတွဲ ၁၊ အမှတ် ၄ ဂျာနယ်တွင် ရေးသားထားသဖြင့် ဟုတ်တာ မဟုတ်တာ အသာထားပြီး မင်္ဂလာဒုံရဲစခန်းတွင် တာဝန်ရှိသူများ အား ချက်ချင်း စစ်ဆေးမေးမြန်းနေသဖြင့် အလုပ်ရှုတ်ရပါသည်။

အမှန်မှာ သတင်း တစ်ခုသည်
မှန်သည် မှားသည် မည်သို့ပင်ဖြစ်စေ
ပထမဦးဆုံး စောစောထွက်သော သတင်းကြောင့် သက်ဆိုင်သူများ အလုပ်ရှုတ်ရသည်မှာ အမှန်ပင်။

အမှန်တကယ်တွင် ၁ မည်သူက မည်သည့်လမ်းကြောင်းမှ ပို့ဆောင်ပေးသည်ကို လ၀ကရုံးအနေဖြင့် မေးကို မေးရမည်ဖြစ်သည်။ သူ့အလုပ်ဖြစ်သည်။ နိုင်ငံတကာတွင် ဒီထက် အတွင်းကျကျမေးသည်။ ၂၊ မည်မျှကြာကြာလုပ်ခဲ့သည်ကိုလည်း မေးရမည်ဖြစ်သည်။ (မကြာသေးပါဘူး လိမ်ဖြေလို့လည်းရသည်)၊ ၃၊ အကျဉ်းစခန်းတွင် မည်မျှကျခဲ့သည် (ခံစားခဲ့ရသော ဒုက္ခများအား ရင်ဖွင့်ပြောပြခွင့်ရမည်)

နောက်ဆုံး ငွေတောင်းသည် ဆိုသည့်အတွက် တောင်းသည်သူအား ချက်ချင်းပင် အရေးယူနိုင်ရန် အတွက် စီစဉ်ပေးထားခြင်းဖြစ်သည်။ တိုင်ကြားနိုင်သည်။
သို့သော် အချိုမှာ တောင်းသည့်သူ ရှိခြင်းကြောင့် နည်းနည်း များများ ပေးလိုက်ရသော်လည်း သက်ဆိုင်ရာသို့ မတိုင်ကြားပဲ ငြိမ်နေကာ ပတ်ဝန်းကျင်မှ မေးမြန်းမှ ချဲ့ကားချဲ့ထွင်း ပြောဆိုနေ သည်ကို သေချာမသိသော သတင်းသမား များက ချဲ့ထွင်းရေးသားလျှင် ထောင်ထဲတွင် ရှိသော သူများ ပိုမိုဒုက္ခ ရောက်ကြရ လိမ့်မည်ဖြစ်သည်။


ကျွန်တော် ဆွေးနွေးတင်ပြချင်သည်က
အဖမ်းခံရသော သူများကို ကျွန်တော်တို့ လှုမှုရေးအရ ပြန်ခွင့်ရရန် လုပ်ဆောင်ပေးနေသော လှုမှုရေးအဖွဲ့အစဉ်းအမြင်ဖြင့် တင်ပြပေးပါမည်။


၁ အဖမ်းခံရသူများသည် မလေးရှားသို့ တရားမ၀င် လာရောက်အလုပ်လုပ်ကိုင်ရသောကြောင့် အောက်လမ်းမှ လာလျှင် ၅ သိန်း နှင့် ၁၀ သိန်းကြား ပေးမှ လာခွင့်ရပါသည်။
ယခု ပြန်ရန်အတွက် လမ်းစရိတ်ကို ကိုင်တိုင်ပေးဆောင်ရပါမည်။
မလေး ၅၅၀ ဆိုလျှင် ယနေ့ငွေပေါက်ဈေးဖြင့် ၂ သိန်း မပြည့်ပါ။ အလာတုန်းက ၅ သိန်းကျော် အကုန်ခံပြီးမှ အပြန်တွင် ၂ သိန်း မတတ်နိုင်သည်မှာ မဖြစ်နိုင်ပါ။ အမှန်မှာမှု သူတို့သည် ထောင်ထဲတွင် အဖမ်းခံနေရသောကြောင့် အိမ်ရှိလူများ၊ သူငယ်ချင်းဖုန်းနံပါတ်များ မမှတ်မိ ဆက်သွယ်မရသောကြောင့်သာ ငွေကြေးချက်ချင်းမရ ခြင်းဖြစ်ပါသည်။ ထိုပြင် အလုပ်ဆက်တိုက် အဆင်မပြေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ အဖမ်းခံရသူ ၁၀၀ တွင် ၉၀ မှာ အဆက်အသွယ်ရပြီး လေယာဉ်လက်မှတ်ဝယ် ပြန်သွားကြသည်ကို ကျွန်တော့်အတွေ့အကြုံ မှတ်တမ်းအရ သိရပါသည်။ အခြားသူများ လေယာဉ်လက်မှတ် ၈၅၀ ကို အမ်အေအိုင်မှ သူတို့ အတွက် ၄၅၀ ဖြင့် လျော့ထားခြင်း၊ စီအိုင် လျှောက်ခြင်း ပုံမှန် ၆၂၀ ကို သံရုံးမှ ၅၀ ဖြင့် ဆောင်ရွက်ပေးခြင်းတို့မှာ လျော့ပေါ့ပေးသော သက်ညှာခွင့်များဖြစ်ပြီး ပြန်ခွင့်ရသူတို့၏ အပြန်ခရီးမှာ ခိုးကြောင်ခိုးဝှက် ဟိုတိုး ဒီထွက် တောလမ်းမှ ပြန်ရသည် မဟုတ်ပဲ လေယာဉ်ကြီးစီးပြီး ပြန်ခွင့်ရသည် ဖြစ်သည်။

ပြင်ပတွင် ပြန်ခွင့်ရသူများ ဘာဖြစ်သည် ညာဖြစ်သည်များကို ဝေဖန်လေကန်နေကြသော်လည်း ကန့်များထဲတွင် အဆိုပါ ပြန်ခွင့်ရရန်အတွက် လျှောက်လွှာတင်ကာ စောင့်ဆိုင်းရသည်က တစ်ဖက်၊ လေယာဉ်လက်မှတ်ဖိုး ၅၅၀ လာသွင်းပေးရန် သူငယ်ချင်းဖြစ်သူ၊ အိမ်သို့ ဖုန်းဆက်ရသည်က တစ်ဖက်၊ သံရုံးမှသူများ လျှောက်လွှာဖြည့်ရန် လာရောက်ရသည်ကို စောင့်နေရသည်က တစ်ဖက်၊ ကန့်ထဲမှ ကူးစက်ရောဂါပိုးကြောင့် ပလပ်စတစ်ဖြင့် ထုတ်ပြီး သေသူများကို သယ်သွားသည်များအတွက် ကြောက်လန့်ရသည်က တစ်ဖက်၊ ပြန်ရန် မျှော်လင့်ချက်နည်းချိန် စိတ်ကရောက်ချောက်ခြားဖြင့် ရူးနေကြသူများကြောင့် စိတ်အနှောက်အယှက် ဖြစ်နေရသည်က တစ်ဖက် တို့ကြောင့် စိတ်ညစ်စရာ များချည်းဖြစ်သည်။သူတို့အတွက် ပြန်ခွင့်ရသည်မှာ ထီပေါက်သကဲ့သို့ ၀မ်းသာကြခြင်းဖြစ်သည်။ အချိုဆိုလျှင် မိမိနိုင်ငံသို့သာ အမြန်ဆုံး ပြန်ရောက်ချင်ကြသည်။


သိုသော်ပြင်ပမှ အခြေမကျ မတိကျ အကောင်းမမြင်သော သတင်းများသည် အဆိုပါ အထဲတွင်ကျန်ရှိသော (ကန့်တွင်းမှ သူများအတွက် ပိုပြီး စိတ်ညစ်ဖွယ်ဖြစ်သည်) အမှန်မှာ အဆိုပါ သတင်းများ သည် ကောင်းကျိုးကို ပေးသလို၊ ဆိုးကျိုးကိုလည်း များစွာပေးနိုင်သည်။

ယခင် ထိုင်းနယ်စပ်သို့ သွားရောက်စွန့်ပစ်စဉ်အချိန်က ထိုင်းပွဲစားများက ငွေမပေးနိုင်သောသူများအား ငါးဖမ်းသင်္ဘောများတွင် ရောင်းစားပြီး ၃ နှစ်မှ အထက် ရောင်းစားပြီး အလုပ်ကြမ်းလုပ်ရင်း ပြန်ရောက်လာသော သူတစ်ဦးနှင့် ကျွန်တော်တွေ့ခဲ့ဖူးသည်။ သူများနိုင်ငံ သူများယဉ်ကျေးမှုတွင်မှ ပိုပြီး ဒုက္ခရောက်ရတာဖြစ်ပြီး ကိုယ့်နိုင်ငံတွင် ဒုက္ခရောက်ရ တာက ကိုယ့်ဆွေမျိုးများနှင့် အဆက်အသွယ် ရသေးသည်။ ပိုကောင်းသည်။

ယခု ပြန်ခွင့်ရသူများကို အမှန်တကယ် ကူညီပေးချင်သည့် လုပ်ငန်းများ အဖွဲ့အစည်းများ ရှိပါက အကောင်းမြင်ပြီး
(၁) ပြန်ရန် လေယဉ်လက်မှတ်အခက်အခဲရှိသူများအား အလှူခံပြီး ကူညီနိုင်သည်။
(၂)ယူအန် သို့လျှောက်ထားသော်လည်း ချင်းလူမျိုး ခရစ်ယာန်များသာကြီးစိုးပြီး မြန်မာဗုဒဘာသာများအား ယူအန်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်မပေးသော မလေးရှား ယူအန် အောက်ခြေမှ အဖွဲ့အစည်းများကိစ္စ ဖြေရှင်းပေးခြင်း
(၃)မိမိတို့ သူငယ်ချင်း များ ကန့်ထဲတွင်ရှိပါက မြန်မာပြည်ကဲ့သို့ ကန့်အတွင်းသို့ အစားအသောက် များ သွားရောက်ပို့ဆောင်ပေးကာ အားပေးစကားပြောခြင်း
(၄)ပြန်ချင်သူများအား အမြန်ဆုံးကူညီဆောင်ရွက်ပေးခြင်း (မပြန်ချင်သော သူများအား မိမိစိတ်တိုင်းကျ နေထိုင်နိုင်သည်။ သို့သေသ်ာအချိုမှ ယူအန်လျှောက်မရစိတ်ညစ်နေကြသည်။
(၅)သတင်းအမှန်အား သိရန်အတွက် မြန်မာပြည်ပြန်သွားသော လူ ၁၀ ဦးခန့်အား သေသေချာချာ စစ်ဆေးမေးမြန်းပြီးမှ ကောက်ချက်ချ လျှင် ပိုအဆင်ပြေနိုင်သည်။

မြန်မာများ အားလုံး ကန့်များအတွင်းမှ အမြန်ဆုံး ပြန်နိုင်ကြပါစေ၊ ခံစားရသော ဒုက္ခ များကို ကျွန်တော် နားလည်ပါသည်။ အကြောင်းမှာ ကျွန်တော်လည်း မလေးရှားကန့်တွင် ပါမစ်လွဲမှုဖြင့် ထောင်ကျခဲ့ဖူးသောကြောင့် နေပူပူမြေပြင်တွင်ထိုင်ကာ သေးငယ်လှသော ငါးကြော်လေးနှင့် အိမ်သာနံဘေး မြေပြင်လေးတွင် စားခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။
Email မှ တဆင့်

ဆက်၍ ဖတ်ကြည့်ပါဦး ..

ကျေးဇူးတင်ပါသည် .. ။ ဤမျှသာ...

ကလေးမြို့ က ကထိန်ကာလရှုခင်း

ကလေးမြို့ရဲ့ ကထိန်ကာလ ဟာ သူ့အဖွဲ့ ကိုယ့်အဖွဲ့ နဲ့ ကထိန်တွေခင်းကြတော့တာပါပဲ။ အရင်က တန်ဆောင်မုန်းလပြည့်နေ့ မှာဆို နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ ကျင်းပခဲ့တာ ချိမ့်ချိမ့်သဲပါ။ အခုတော့ လွမ်းစရာလို ဖြစ်နေပါပြီ။ အရင်က နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲဆို ကလေးမြို့ ကပျိုမေတွေ ဟာ အလှမျိုးစုံ နဲ့ လှသွေးကြွယ်နေတဲ့ အချိန်ပေါ့။ ဘုရားလှည့်ပွဲ ဟာလဲ နေ့လည်၁၂ နာရီလောက်ကနေ လှည့်တာ ညနေ ၆ နာရီလောက်မှ ပြီးတော့တယ်။ ဒါပေမယ့် ဒီနေ့ခေတ် နှစ်ကျိပ်ရှစ်ဆူဟာ လွမ်းစရာတွေနဲ့ ပေါ့။ ဗွီစီဒီစက်ကို ကားပေါ်တင် ပြီးတော့ အလှည့်လိုက်ကြတော့တာပါပဲ။ အိုးစည်ဒိုးပတ် ဆိုတဲ့ အဖွဲ့တွေဟာ တော်တော်ရှားကုန်ပါပြီ။ အရင်က နှစ်ကျိပ်ရှစ်ဆူ ဘုရား ပွဲမျာ လဆန်း၁၄ ရက် ၁၅ ရက်တွေဟာ ညပိုင်းမှာ သူ့ပင့်တဲ့ ဘုရား ကိုယ်ပင့်တဲ့ဘုရား အကျွေးအမွေးတွေများတာ ကြောင့်လှည့်စားလို့မကုန်နိုင်အောင်ပါ။ ဒီလိုဓလေ့တွေ ဟာ သမိုင်းအဖြစ်နဲ့ပဲ ထင်ကျန်ခဲ့တော့မှာပါ။ ကထိန်တွေကိုတော့ သူငယ်ချင်းအပေါင်းအသင်း အုပ်စု တွေဖွဲ့ ပြီး ကထိန်ပွဲဆင်နွဲ နေကြတာတော့ အားရစရာပါ။ ဒါပေမယ့် ဒီကထိန်ပွဲတွေရဲ့ နောက်ကွယ်မှာ လောင်းကစားလေးတွေက အပျင်းပြေပါ သွားကြသေးတာမို့ စိတ်မအေးစရာ အစဉ်အလာတစ်ရပ်လို့ပဲ ဒေသခံတွေက ဆိုပါတယ်။ ဘာပဲပြောပြော ဘာသာရေးလုပ်ငန်းကို လူငယ်တွေတက်ကြွ လာတာကိုတော့ကြိုဆိုပါတယ်။ လူငယ်တွေက အဲဒီဘာသာရေးပွဲတွေကို မကောင်းမှု လုပ်ဖို့ ခုတုံးတစ်ခုလို မဖြစ်ဖို့ ဒေသခံလူကြီးတွေက လဲ သတိပေးမှုတွေရှိနေပါတယ်။ နောက်တစ်ခုက တန်ဆောင်တိုင်ကာလမှာ ညပိုင်းတွေမှာ ဟိုဟာရွေ့ ဒီဟာမ နဲက အရုပ်ဆိုးတဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေရပ်သင့်ပါပြီ။ သူငယ်ချင်းတွေ အချင်းချင်း အဖွဲ့ တွေ ဖွဲ့ ပြီး တစ်အိမ်အိမ်မှာ သောက်စားမူးရစ်တာတွေလဲ ဆင်ခြင်သင့်ကြပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ဆန့် ကျင်တဲ့ အစဉ်အလာတွေကိုလဲ ရပ်သင့်နေပါပြီ။ ဒီလိုပြောလိုက်လို့ မြန်မာနိုင်ငံအတွင်းက မြို့တွေထဲမှာ ကလေးနယ်မှာပဲ ဒါတွေရှိတယ်လို့ စာဖတ်တဲ့သူတွေထင်နေကြမှာပါ။ ဒီလို အဖြစ်အပျက်တွေ၊ ဘာသာရေးကိုဗန်းပြပြီး ရမ်းချင်တိုင်းရမ်းနေတာတွေကို လူငယ်တွေ က ဆိုးမွေကို ဆက်လက်မယူစေချင်ပါဘူး။ လူငယ်သဘာဝပျော်မြူးကြတာကို လက်ခံပေမယ့် ကိုယ့်မြို့ ကိုယ့်ရွာမှာ ဖျက်လို့ဖျက်ဆီး လုပ်နေတာတွေကိုတော့ ဘယ်သူကမှလက်ခံမယ်မထင်ပါဘူးလို့ ကိုမြစ်သာက ပြောလိုက်ချင်ပါတယ်ဗျာ။ ။

Tuesday, October 20, 2009

ပထမရွှေကျင်ဆရာတော်ကြီး၏ သြ၀ါဒ

ပထမရွှေကျင်ဆရာတော်ကြီး၏ သြ၀ါဒ
၁။ ယစ်မသည် ဥအတွက်အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ ကာလကို လူ-မစားလျှင် လူကို ကာလ စားသည်။
၈။ သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီး မလောင်။
၉။ တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။
၁၁။ ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ ရန်မလိုမှ ရန်ပြိုသည်။ ရန်လို ရန်ပိုတတ်လှသည်။
၁၅။ သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။
၁၆။ ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။ သူတစ်ပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂၀။ မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။
၂၁။ တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။ သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။ တရားပွဲကား လူကျဲတဲ၊ ရပ်ရွာပျော်ပွဲ တသဲသဲ။
၂၄။ ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်။
၂၅။ အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။
၂၆။ ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။
၂၇။ မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၂၈။ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၂၉။ ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။
၃၀။ ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။
၃၁။ ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။
၃၂။ ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။
၃၃။ အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။
၃၄။ နွားကျောင်းသားသည် နွား-ခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၃၅။ ဆရာသည် တပည့် ကိလေသာခြင် မကိုက်အောင် တရားမီးခိုးတိုက်သည်။
၃၆။ မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။
၃၇။ ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။
၃၈။ ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ ပီယတ်ပီယတ်မြည်သည်။
၃၉။ ပုထုဇဉ်သည် လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။
၄၀။ ကြာပင်အောက်ကဖား ကြာဝတ်ဆံမစား ရွှံ့စားသည်။
ပိတုံးကား အဝေးမှကြာဝတ်ဆံ လာစားသည်။
၄၁။ သာသနာတွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအား ရှက်သင့်သည်။
၄၂။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။
၄၃။ နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။
၄၄။ သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။
၄၅။ တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်စိုကို မတတ်နိုင်။
၄၆။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၄၇။ ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
၄၈။ အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။
၄၉။ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။
၅၀။ ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။
၅၁။ ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။
၅၂။ ရန်သူကို မီးခဲ ကိုင်ပစ်လျှင် မိမိလက် ရှေးဦးစွာ လောင်ဧ။် ။
၅၃။ ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ရှေးဦးစွာ ပျက်၏ ။
၅၄။ ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏ ။
၅၅။ မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်ဧ။် ။
၅၆။ သမုဒ္ဒရာရေ မီးကြောင့် မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့် မလှုပ်၊ ကျောက်ခဲ ရေကြောင့် မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
၅၇။ မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။
၅၈။ သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
၅၉။ ရန်သူညှင်းဆဲခြင်းသည် မိမိ၏ ရှေးကံ ရှေးဥစ္စာပင်တည်း။
၆၀။ မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။
၆၁။ ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သား၏ ရန်သူလော။
၆၂။ သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူ၏ ရန်သူလော။
၆၃။ စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံး၏ ။
၆၄။ အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်၏ ။
၆၅။ မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်၏ ။
၆၆။ စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်၏ ။
၆၇။ မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်၏ ။
၆၈။ သိကြားမင်း လက်နက်ကား မိုးကြိုး။
၆၈။ ယမမင်း လက်နက်ကား မျက်စောင်း။
၆၉။ ဝေဿ၀ဏ် လက်နက်ကား အစွယ်။
၇၀။ မသူတော်လက်နက်ကား ဒေါသ။
၇၁။ သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း)
၇၂။ ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူ၏ အန္တရာယ်မရှိ။
၇၃။ ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏ ။ အပါယ်မရောက်။
၇၄။ ရေရှိမှ ကြာပွားသည် သီလရှိမှ သမာဓိ များသည်။
၇၅။ ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏ ။
၇၆။ ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏ ။
၇၇။ သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။
၇၈။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၇၉။ ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှ
င် သီလလုံအောင်ဖာ။
၈၀။ လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။
၈၁။ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာဧ။် ။
၈၂။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏ ။ ငြိမ်းလျှင် မှောင်၏ ။ ညှော်နံ့ထွက်၏ ။
၈၃။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏ ။ ပျက်လျှင် မှောက်၏ ။ ညှော်နံ့ထွက်၏ ။
၈၄။ တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်၏ ။
၈၅။ သာသနာ၌ ဩ၀ါဒကင်းသော ရဟန်း မာရ်နတ်အစာဖြစ်၏ ။
၈၆။ ပေါက်ဖက်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက် ရောက်သည်။
၈၇။ မြေခွေးသော်လည်း ခြင်္သေ့မင်းခစား၍ ကျားမကိုက်နိုင်။
၈၈။ သူကန်းသော်လည်း ခြေသံနားထောင်လျှက် လိုရာအရပ် ရောက်သေးသည်။
၈၉။ ခြင်္သေ့သည် ကျားကိုနိုင်၏ ကိုယ်တွင်း ခွေးလေးသန်းကို မနိုင်။
၉၀။ မသူတော်သည် သူတော်ကောင်းကိုနိုင်၏ ။ ကိုယ်တွင်းအကုသိုလ်ကို မနိုင်။
၉၁။ ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၂။ မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၃။ မီးခဲသည် ပူသောအခါ လက်လောင်၏ အေးသောအခါ လက်မဲ၏ ။
၉၄။ မသူတော်သည် ဒေါသအခါ ကြောက်စရာ လောဘအခါ ရွံစရာဖြစ်၏ ။
၉၅။ ခွေးရူးကိုက်လျှင် ထိုသူရူး၏ ။ ထိုသူကိုက်လျှင် နောက်လူ ရူး၏ ။
၉၆။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏ ။
၉၇။ မသူတော်သည် လူကောင်းအဆက်ဆက်ကို ယုတ်မာစေ၏ ။
၉၈။ ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင်မပြတ်။
၉၉။ သူတော်ကောင်းသည် အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
၁၀၀။ အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း။
၁၀၁။ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဘွယ်တည်း။

( ပထမ ရွှေကျင်ဆရာတော်ကြီး )

Monday, October 12, 2009

မြစ်သာလွင်ပြင်မှာ မြစ်သာရေကြီးမှု ကြောင့် ဖြစ်ပေါ်လာသော သတင်းများကို အကုန် အစုံသိရအောင် ပြန်လည်ဝေမျှ ပေးလိုက်ပါတယ် တကယ်တော့ သူများ ရေးထားတာတွေ ကိုပြန်လည် ဝေမျှ ထားတာပါ။။။မြစ်သာလွင်ပြင် ပရိတ်သတ်ကြီး မျှဝေခံစားနိုင်ပါစေ။။
ကလေးမြို့တွင် မိုးသည်းထန်စွာ ရွာပြီး ရေကြီး


စစ်ကိုင်းတိုင်း ကလေးမြို့မှာ မိုးများတာကြောင့် ချောင်းရေလျှံပြီး ပြည်သူတွေ ထောင်နဲ့ချီ ရေလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရသလို လယ်မြေဧက အတော်များများလည်း နစ်မြုပ်နေပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းမကြီးဖြစ်တဲ့ ကလေး-တမူးလမ်းနဲ့ ကလေး-ကလေးဝလမ်းလည်း ရေလွှမ်းတာကြောင့် ကားအသွားအလာတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့မှာ ဒီလ ၁ ရက်နေ့ကနေ ဒီကနေ့ထိ မိုးဆက်တိုက် ရွာသွန်းနေပြီး မြစ်သာမြစ် ရေလျှံတာကြောင့် အခုလို ရေလွှမ်းမိုးတာ ဖြစ်ပါတယ်။ ကလေးမြို့အတွင်း ရေလွှမ်းမိုးတဲ့ အခြေအနေကို မြို့ခံတယောက်က အခုလို ပြောပါတယ်။
“စစချင်းတုန်းက တနာရီကို တတောင်လောက်ကို တက်တာ။ နောက်တော့မှ ဖြည်းဖြည်းချင်း ၆ လက်မလောက် လျော့သွားတာပေါ့နော်။ ဒါပေမယ့် အခုအချိန်ကတော့ တက်တုန်း။ နည်းနည်း ဖြည်းဖြည်းချင်း တက်တာပေါ့နော်၊ အစလောက် မမြန်တော့ဘူး။ တက်တာကတော့ တက်တုန်း။ အရင်တုန်းကဆိုရင် လမ်းမကျန်တယ်၊ တက်တယ်ဆိုရင် ဘေးတွေပဲပေါ့ လယ်တွေပဲ မြုပ်တာ။


ခုက လမ်းမတွေပါမြုပ်တာ။ ကလေး-တမူးလမ်း၊ ကလေးဝလမ်းတွေ အကုန်ပိတ်သွားတာပေါ့။ ကားလမ်းကို ရေကျော်ဆို ကားလမ်းလည်း မမြင်ရတော့ဘူး၊ တပြင်လုံး ရေပြင်ဖြစ်သွားတာပေါ့။”

ကလေး-တမူးလမ်းနဲ့ ကလေး-ကလေးဝလမ်းတွေဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းဖြစ်ပါတယ်။ အခြားမြို့ခံတယောက်က ကလေးမြို့အတွင်း ရေလွှမ်းမိုးတာကြောင့် ထိခိုက်ရတဲ့ အခြေအနေတွေကို အခုလိုပြောပါတယ်။
“ရေဘေးဒုက္ခသည်ကတော့ ၂,၀၀၀၊ ၃,၀၀၀ လောက် ရှိတာပေါ့။ မြို့ပေါ် ရေဘေးဒုက္ခသည်တင် လူ ၂,၀၀၀ လောက်ရှိတယ်။ တချို့က မြင့်တဲ့ ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်။ တချို့ နီးစပ်ရာအိမ်တွေမှာ နေကြတယ်။ ကျွဲတွေ နွားတွေပါ ဆွဲပြီး လမ်းတွေပေါ်မှာ ကတ္တရာလမ်းတွေပေါ်မှာ ချည်ထားကြတာပဲ။ ၀က်တွေရော အစရှိသဖြင့်ပေါ့။ သစ်ထုတ်လုပ်ရေးဝင်းထဲက လူတွေဆို တဦးမှ မနေနိုင်လို့ ကားတွေပေါ်မှာ အိမ်လုပ်ပြီး နေနေကြတာ။ ကလေးနားတ၀ိုက်တင်ဆို လယ်ဧက အနည်းဆုံး ထောင်ဂဏန်း မရှိဘူး ပျက်စီးတာ၊ ကလေးနဲ့ ကလေးဝလမ်းလည်း ပိတ်သွားပြီ။ ကလေး-တမူးလမ်းလည်း ပိတ်သွားပြီ။ သွားလို့မရဘူး၊ ရေကြီးနေတာ။ မနေ့ကစပြီး လုံးဝ မသွားနိုင်တော့ဘူး။”

ဒီကနေ့ တမူးကနေ ကလေးမြို့ကို ပြန်လာသူတချို့ဟာ ကားလမ်း ရေလွှမ်းတာကြောင့် စက်လှေနဲ့ ပြန်လာကြသူတွေလည်း ရှိပါတယ်။ ကလေးမြို့ အနီးအနားဝန်းကျင် ရေလွှမ်းမိုးတဲ့ ကျေးရွာတွေ အခြေအနေကို ကလေးမြို့ခံက အခုလို ဆက်ပြောပါတယ်။
“အဓိက ရေမြုပ်နေတဲ့ ရွာတွေကတော့ ကလေးနားကပ်လျက်က ကန်ပုလဲ အရှေ့ရွာ၊ ပြင်သာ၊ တောင်အူ၊ ဥယျာဉ်၊ အူရူ၊ ကင်မွန်းခြုံ အဲဒီရွာတွေကတော့ မြုပ်နေတယ်။ မနေ့က စမြုပ်တာပဲ။ မနေ့က မနက်က စမြုပ်တာ ပြင်သာတို့ တောင်အူတို့က။ မနေ့က ရွာထဲက သိပ်အခက်အခဲ မရှိသေးဘူး။ ဒီနေ့က စိုးရိမ်တဲ့အတွက် ကလေးမြို့ကို ဖြစ်သလိုနဲ့ မြို့ပေါ်ကို မြင့်တဲ့နေရာတွေ တက်လာတဲ့သူတွေ အများကြီးရှိတယ်။”

ကလေးမြို့ အနီးအနား ကျေးရွာတွေက ရေနစ်မြုပ်တဲ့ လယ်တွေပါဆိုရင် အနည်းဆုံး လယ်ဧက သောင်းဂဏန်းအထိ ရှိနိုင်ပြီး ကျွန်းမြေတွေမှာ စိုက်ပျိုးထားတဲ့ ပဲပုပ်၊ မြေပဲ၊ ပဲနီလေးခြံတွေလည်း ပျက်စီးကုန်တယ်လို့ ပြောပါတယ်။
အခုအခါမှာ ရေဘေးဒုက္ခသည်တွေကို အစိုးရအာဏာပိုင်တွေနဲ့ ကလေးမြို့ခံတွေက ထမင်းထုပ်တွေ ထောက်ပံ့ ပေးဝေနေတယ်လို့ ဆိုပါတယ်။

၁၉၉၇ ခုနှစ်တုန်းက ကလေးမြို့မှာ ရေကြီးတာကြောင့် ကလေး-တမူး ကားလမ်း ပိတ်ခဲ့ရဘူးပါတယ်။
မြစ်သာမြစ်ရေကြီးမှု ကို ဓါတ်ပုံကြည့်ချင်သူများကိုတော့ အောက်ပါလင့်များ ကို သွားလိုက်ပါဗျာ။။
http://kalaykokyaw.multiply.com/photos/album/15
http://kalaykokyaw.multiply.com/photos/album/12/12
http://kalaykokyaw.multiply.com/
အထက်ပါလင့်များမှာ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ကြည့်နိုင်ပါတယ်ဗျာ။။
http://www.first-11.com/bdet.php?id=41 အဆိုပါလင့်မှာလဲ ကလေးမြို့ ရေကြီးသတင်းကို ဖတ်ရှု နိုင်ပါတယ်ဗျာ။

Saturday, October 10, 2009

ကဗျာဆရာ ရွှေလင်းထန် ရဲ့ ကဗျာ များ

ဖူးစာ၏အလွန်


ငါ့မြေရိုင်းပေါ်မှာ
ပန်းတိုင်းမပွင့်ခဲ့ပါ-----

တတိယမျှားနဲ့ခြွေတဲ့သစ်သီး
စားခဲ့ပြီးမှ
ပဒိုင်းင်္သီးမှန်းသိလိုက်ရ------

နာကြင်စွာ ထွေးစွန့်အန်ချ
သစ်စာပန်းကမပွင့်ဘူး
ငါ့မှာတော့အရူးအမူးကိုဖြစ်လို့-
----

ရွှေလင်းထန်
သေတမ်းစာ

ငါဟာ -----
ချယ်ရီလား မက်မွန်လား
အရောင်တွေကို မခွဲခြားတပ်ချိန်
ရင်တခွင်လုံး ပန်းတွေဝေအောင်ပွင့်တယ် -----
မနက် နေ့ ည
သူမအကြောင်းပဲပန်တယ် -----
နွေ မိုး ဆောင်း
ခွန်နှစ်ကြိမ်တိတိပြောင်းတယ် -----
မဟောင်း မပျက်
နေ့သစ်တခုလို မြတ်နိုးတယ် ------
အမြဲထာဝရ အတွက်တဲ့
အချစ်ကိုမျိုးစေ့ချ
အသီးအပွင့်ဝေကာမှတဲ့လား
ပိုးစားနေတဲ့ သက်သေက
ဘ၀ငြမ်းကိုဖြိုဖျက်
စာကျက်ဟောင်းဥယျာဉ်ထဲ
တယောအိုနဲ့ တေးဆိုချော့သိပ်
မင်းအရိပ်ဟာ
ငါ့အတွက် အဆိပ်ဖြစ်စေခဲ့တယ် ------
ရွှေလင်းထန် ( 15-9-09 )
ကမ်းဝေးကြယ်
ရွှေလင်းထန်
ကမ်းခြေမဲ့ ပင်လယ်ပေါ်မှာ
ပြေးလွှားနေတဲ့မင့်စိတ်တွေရှိနေမလား
လေပြေတွေနဲ့အတူ
ကိုယ်သင်းရနံ့ကိုလိုက်ရှာနေမိတယ် ------
စိုက်ပျိုးရှင်သန်ခဲ့ဖူးပါရဲ့
ပန်းတွေပွင့်လိုက်ကြတာများ
ဝတ်ရည်တွေဘယ်မှ မခန်းကြဘူး
ဒီလိုနဲ့----
မဆုံနိုင်တဲ့ဥယျာဉ်ကို ဖန်တီးဖွင့်ဆိုမိကြပြီ
ရဲရဲရင့်ရင့်စွန့်လွတ်လိုက်နိုင်ဖို့
မင်းပေးဆပ်နိုင်တာသိပါရစေကွယ် ------
ပင်လယ်ပြင်လည်း သူအတိုင်း
ပန်းများလည်းဝေနေကြပါစေ
တို့နှစ်ဦးက မှတ်တိုင်ကိုယ်စီနဲ့
မင်းကလေညှင်းခရီးသည်ပေါ့
ငါကိုယ်တိုင်တော့ အတိတ်ရဲ့အနက်ရိုင်းဆုံး
မေ့ခွင့်ရှိတဲ့နံရံတွေထိသွားမယ် ------
ဒီည ----
ကောင်ကင်ကိုမော့ကြည်လိုက်ပါချစ်သူရယ်
နီးနီးလေးမြင်ရပေမဲ့
အလင်းနှစ်ပေါင်းတစ်ရာဝေးတဲ့
မင်းနဲ့ငါက
ကြယ်နှစ်လုံး -------
ရွှေလင်းထန်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အလွမ်းတစ္စေ
ရွှေလင်းထန်
အိပ်စက်ဖို့ မျက်လုံးတွေ မှေးစက်သွားချိန်မှာ
အထက်တန်း ကျောင်းသားဘ၀က
ဒိုင်ယာရီ စာအုပ်လေးကိုလွမ်းတယ်
ပြန်မဆုံနိုင်တော့တဲ့ ငှက်ကလေးတကောင်နဲ့
မြတ်နိုးခဲ့ဘူးတဲ့ပြက္ခဒိန်ရက်စွဲတွေကို လွမ်းတယ်
ငါရေးဖွဲ့ခံစားခဲ့တဲ့ ကဗျာတချို့နဲ့
သူမပေးခဲ့တဲ့ ခဲတံနီလေးတချောင်းကို လွမ်းတယ်
သက်ပြင်းတချက်နဲ့ သတိယခြင်းအဆုံးသပ်မှာ
သူမရဲ့ မေးဖျားကမှဲ့နက်လေးတလုံးကို
ခပ်စင်းစင်း မြင်ယောင်ကျန်ရစ်ခဲ့တယ်
အစိပ်စိပ်ကွဲကြေသွားခဲ့တဲ့ငါ့ရင်ဟာ
နွေပေါင်းများစွာနဲ့
အသားမာတက်ခဲ့ပြီးတာတောင်
ကောက်သင်းရနံတွေရတိုင်း
နင့်ကိုလွမ်းနေနိုင်သေးရဲ့
အဲဒီအချိန်က ကောင်မလေးရေ
ဆောင်းသင်းတဲ့ လပြည့်ညနက်နက်တွေမှာ
နင်ခွင့်မပြုလည်း
ရင်နဲ့ရိုက်ခတ်တဲ့ စကားစုတချို့တလေနဲ့
ငယ်ဘ၀မှာ ပြေးလွှားပျော်ဝင်နေမိတယ်
ငါမတမ်းတသင့်တော့ပေမယ့်လည်း
အလွမ်းရယ် ----
အချိန်အခါမဲ့မိုးလို ရင်ထဲမှာပြိုဆင်းတားမရခဲ့
ဘယ်ကာလတိုင်တော့မလဲ
ငါ့စိတ်ကူးနဲ့ ငါ့မြို့ဟောင်းထဲမှာ
ကိုယ်တိုင်ကျန်နေရစ်ခဲ့ပြီ ---------
ရွှေလင်းထန်
မင်း ဆင့်ခေါ်ခဲ့သော နာဂစ်
အမှားပြင်ဆင်ချက်မကင်းတဲ့သတင်း
နဲ့
နှစ်ခါပြင်ပြောတဲ့စကားလဲကြားခဲ့ရ
ခွင်လွှတ်ဖို့အကြောင်းအရာထက်
ငါမပေါင်းဖက်ချင်တဲ့ မင်းမာန
နောင်တကို မင်းမသိမှတော့
ကျွှဲပါးစောင်တီး
သွားပြီးတဲ့ခရီးဟာအပိုပဲ
သစ္စာထားမူရဲ့ အခြေခံလိုအပ်ချက်ဟာ
BA မဟုပ် ------
B.Sc မဟုပ် -----
international မဟုပ် -----
global မဟုပ် ----
Democracy လဲ မဟုပ် -----
Freedom လဲ မဟုပ် ------
အဲဒါ ----
လူသားဆန်တဲ့ စည်းလေးတခုပါပဲ
မင်းပုံပြင်က
မယ်သီတာခုန်ခဲ့တဲ့ခြံစည်းရိုးမှမဟုပ်တာ
ငါကိုယ်တိုင်လဲ
မြေပုံမရှိတဲ့ဒေသမှာ
ခေါင်းဆောင်မဲ့တိုက်ပွဲနဲ့
စစ်ဆင်နွဲမနေတော့ဘူး
သံယောဇဉ်နဲ့ ဇွဲကြိုးမချမိခင်
အိပ်ယာလိပ်ပြင်တာပဲကောင်တယ် -------
ရွှေလင်းထန်
လမင်းရဲ့ သတ်ကွင်းထဲကငါ ရွှေလင်းထန်

တနေ၀င် တနေထွက်နဲ့
ငါ အသက်ဆက်ရှင်နေရ
ဒီကာလတဆုံးမှာ
ငါမင်းကိုမမုန်းပေမယ့်
ငါ့ဆုံးဖြတ်ချက်က နိဂုံးတိုင်ခဲ့ပြီ
နေပါစေလေ ---
သံသယအတွေးတွေမှ မဟုတ်တာ
သက်သေသာရက ရှိခဲ့တာတောင်
အမှောင်ကိုအလင်းမလုပ်စမ်းပါနဲ့
ဆန္ဒပုဝါကို အခါခါဝတ်ဆင်ခဲ့ပြီးမှ
ညစ်နွမ်းလှတဲ့ မင်းမိုးတိမ်ကို
ငါ့အိမ်အဖြစ်လဲ မိုးမခိုတော့ပါဘူး
တယောက်ရင် တယောက်မှီနွဲ့လို့
အသက်ထက်ဆုံးဆိုတဲ့ ငယ်ငယ်ကစကား
မင်းပြောခဲ့တာမှ ဟုတ်ရဲ့လားကွယ် ---
ဘ၀မှာအခိုက်အတန့်လေးအဖေါ်မဲ့ယုံနဲ့
ခိုလှုံခဲ့တဲ့ရင်ခွင်တွေ
ငါကတော့ရှင်လျှက်နဲ့ သေဆုံးသွားရ
အခုမှတော့ ---
သိက္ခါတွေကြိုးကျစ်မနေပါနဲ့တော့
မင်းပြန်မဲ့လမ်းလဲငါမှန်းလို့
ရတယ်
ကျန်ခဲ့တဲ့လမ်းလဲ ငါလှမ်းရအုံးမယ်
သံယောဇဉ်အကြွင်းအကျန်က
ပျော့ညံ့အောင်အခါခါခြောက်လှန့်လို့
မျက်ရည်လဲဆို့ပါစေတော့ကွယ်
အူတိုင်ကအနာမို့
ပျားစွဲလို့ အပင်ချိုင်တယ်ပြောကြမလား
မင်းကိုချစ်တဲ့ငါ့နှလုံးသားကတော့
ပြိုလဲသွားရပြီ ------
ရွှေလင်းထန်